** Public Health **
** အမျိုးသမီးများ ကော်ဖီသောက်ခြင်းဖြင့် လေသင်တုန်းဖြတ်ခြင်းကို အထိုက်လျောက် ကာကွယ်နိုင် **
အမျိုးသမီးများ တစ်နေ့လျှင် ကော်ဖီတစ်ခွက်(သို့) တစ်ခွက်ထက်ပို၍ သောက်ခြင်းဖြင့် လေသင်တုန်းဖြတ်ခြင်းမှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ဂျာနယ်တစ်စောင်ဖြစ်သည့် Stroke ဂျာနယ်တွင် ပါရှိသော လေ့လာဆန်းစစ်မှုအသစ်တစ်ရပ်က ဆိုသည်။ ကြာပတေးနေ့က ထုတ်ပြန်သည့် အဆိုပါလေ့လာဆန်းစစ်မှုကို စတော့ဟုမ်းမြို့ရှိ ကာရိုလင်ဆကာတက္ကသိုလ်မှ ဆွီဒင်သုတေသီ ဆူဆန်နာလာဆွန် ဦးဆောင်သောအဖွဲ့က အသက် (၄၉)နှစ်မှ (၈၃)နှစ်အတွင်းရှိ နှလုံးရောဂါမဲ့ ဆွီဒင်အမျိုးသမီး ၃၄၀၀၀ ကို အဓိကထား၍ သုတေသနပြုလေ့လာဆန်းစစ်ခဲ့ကြောင်း လေ့လာဆန်းစစ်ချိန် ၁၀ နှစ်တာ ကာလအတွင်း၌ လေသင်တုန်းဖြတ်ခံရသူ အမျိုးသမီး ၁၆၈၀ တွေ့ရှိခဲ့သဖြင့် ယင်းတွေ့ရှိချက်ကို အခြေခံပြီး ထပ်မံ၍ စိစစ်မှုများ ပြုလုပ်ခဲ့ရာ တစ်နေ့လျှင် ကော်ဖီတစ်ခွက်(သို့) တစ်ခွက်ထက်ပို၍ သောက်သုံးသူ အမျိုးသမီးများမှာ ကော်ဖီမသောက်သုံးသူ အမျိုးသမီးများထက် လေသင်တုန်းဖြတ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လျော့နည်းသည်ကို တွေ့ရှိခဲ့ကြောင်းဆိုသည်။
အမေရိကန် လေသင်တုန်းဖြတ်မှု ကာကွယ်ရေးအသင်းမှ သမားတော် ကလောက်ဒက်ဘရု(ခ်)က ကော်ဖီသည် သွေးပေါင်ကို တက်စေပြီး နှလုံးခုန်နှုန်းမြန်စေသည်ဟု သိရှိထားကြကြောင်း အမှန်တကယ်မူ ကော်ဖီမှာ သိရှထားကြသလို ဒုက္ခမပေးပါကြောင်း ကော်ဖီကြောင့် သွေးပေါင်တက်သည်ဆိုသည်မှာ အခြားသောနေထိုင်စားသောက်မှု ပုံစံနှင့်လည်း ဆက်နွှယ်ပတ်သက်နေကြောင်း ဆိုသည်။ ဒတ်(ခ်) တက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာလာရီဘီဂိုးလ်စတင်က လူတို့၏ နေထိုင်စားသောက်မှုပုံစံပေါ် မူတည်ပြီး သောက်သုံးသောကော်ဖီ၏ အကျိုးအာနိသင် ကွဲပြားကောင်း ကွဲပြားနိုင်ကြောင်း သို့သော် ဤသုတေသန တွေ့ရှိချက်မှသည် သတင်းကောင်းတစ်ခုဖြစ်ကြောင်းဆိုသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ၀ရဇိန် **

No comments:
Post a Comment