** စီးပွားရေးပြုပြင်ပြောင်းလဲရန် အိန္ဒိယ၀န်ကြီးချုပ် ကတိပြု **
(နယူးဒေလီ၊ မတ်လ ၂၆ ရက်)
အိန္ဒိယအစိုးရအဖွဲ့သည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက မတ်လ ၂၅ ရက်နေ့တွင် ကတိပြုပြောကြားလိုက်သည်။ (အင်တာနက်)
** အမေရိကန်ရှိ ဟန်းဖို့ဒ်ပလူတိုနီယမ်စက်ရုံဟောင်းသည် ကမ္ဘာပေါ်၌ ဓာတ်ရောင်ခြည်ညစ်ညမ်းမှု အဆိုးဆုံးနေရာဖြစ် **
(၀ါရှင်တန်၊ မတ်လ ၂၆ ရက်)
ဂျပန်နိုင်ငံ၌ မြေငလျင်ကြောင့် ပျက်စီးခဲ့ရသော ဖူတူရှီးမားညူကလီးယားဓာတ်အားပေးစက်ရုံတွင် ဓာတ်ရောင်ခြည်ဖြာထွက်မှုဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက ညူကလီးယားစွမ်းအင်၏ လုံခြုံစိတ်ချရမှုအပေါ် ကမ္ဘာပေါ်တွင် အမေရိကန်ရှိ ဟန်းဖို့ဒ်ပလူတိုနီယမ်စက်ရုံဟောင်းသည် ဓာတ်ရောင်ခြည်ညစ်ညမ်းမှု အဆိုးရွာဆုံးနေရာတစ်နေရာအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း ဒါးစ၀ီးဂဲလ် သတင်းမဂ္ဂဇင်းက ဖော်ပြသည်။ (အင်တာနက်)
** ဂျပန်စားသောက်ကုန်အချို့တင်သွင်းမှု တရုတ်ပိတ်ပင် **
(ပေကျင်း၊ မတ်လ ၂၆ ရက်)
ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်နေ့က မြေငလျင်လှုပ်မှုကြောင့် ညူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံပျက်စီးခဲ့ရာ စားသောက်ကုန်စည်များအပေါ် ယင်းစက်ရုံမှ ယိုစိမ့်လာသော ဓာတ်ရောင်ခြည်များသင့်မည်ကို စိုးရိမ်သည့်အတွက် ဂျပန်စားသောက်ကုန်အချို့နှင့် စိုက်ပျိုးရေးထွက်ကုန်အချို့ တင်သွင်းခြင်းအား ပိတ်ပင်ကြောင်း တရုတ်အာဏာပိုင်များက ကြေညာသည်။ (အင်တာနက်)
** ငါးနိုင်ငံ ရေတပ်ပူးပေါင်းစစ်ဆင်ရေးအတွင်း ကိုလံဘီယာကမ်းလွန်၌ ကိုကင်း
၂ ဒသမ ၇ တန် ဖမ်းမိ **
(ဘိုဂိုတာ၊ မတ်လ ၂၆ ရက်)
မြောက်အမေရိကဒေသသို့ ပို့ဆောင်မည်ဟု ယူဆရသော ကိုကင်း ၂ ဒသမ ၇ တန်ကို ကိုလံဘီယာ၊ ပြင်သစ်၊ ဟွန်ဒူးရပ်၊ နီကာရာဂွါနှင့် အမေရိကန်နိုင်ငံတို့မှ ရေတပ်တပ်ဖွဲ့ဝင်များက နိုင်ငံတကာရေပိုင်နက်တွင် ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ နိုင်ငံတကာလေဆိပ်၌ စပါးကြီးမြွေများအား မှောင်ခိုထုတ်မှုကို ဖြိုခွင်းနိုင် **
(ဂျကာတာ၊ မတ်လ ၂၆ ရက်)
အင်ဒိုနီးရှားလေဆိပ် တာဝန်ရှိသူများသည် စပါးကြီးမြွေအကောင် ၄၀ ကို ပြည်ပသို့ ခိုးထုတ်ရန် ကြိုးပမ်းသော ကူဝိတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက မတ်လ ၂၆ ရက်နေ့တွင် ရေးသားဖော်ပြသည်။ (အင်တာနက်)
** အာဖဂန်နစ္စတန်တောင်ပိုင်း၌ နေတိုးတပ်ဖွဲ့ဝင်သေဆုံး **
(ကဘူး၊ မတ်လ ၂၆ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် မတ်လ ၂၆ ရက်နေ့က စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် နေတိုးဦးဆောင်သော နိုင်ငံတကာလုံခြုံရေးအထောက်အကူပြုတပ်ဖွဲ့ (အိုင်အက်စ်အေအက်ဖ်)မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံစုံတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ပါကစ္စတန်ုနိုင်ငံအနောက်မြောက်ပိုင်းတွင် ခရီးသည်ဘတ်စ်ကားကို ပစ်ခတ် **
(အစ္စလာမ္မဘတ်၊ မတ်လ ၂၆ ရက်)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မျိုးနွယ်စုများနေထိုင်ရာ ဒေသတွင် ခရီးသည်တင် အဝေးပြေးဇိမ်ခံဘတ်စ်ကားနှစ်စီးကို သေနတ်သမားများက ပစ်ခတ်ရာ ခရီးသည် ၁၃ ဦးသေဆုံး၍ ရှစ်ဦးဒဏ်ရာရှိကြောင်း ခရီးသည် ၁၆ ဦးကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသဆိုင်ရာသတင်းက စနေနေ့တွင် ဖော်ပြသည်။ (အင်တာနက်)
** အာဖဂန်နစ္စတန်နိုင်ငံတွင် လမ်းဘေးဗုံးပေါက်ကွဲ **
(ကဘူး၊ မတ်လ ၂၆ ရက်)
စစ်ကြောင့် ဘေးဒုက္ခရောက်နေသော အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲရာ ကလေး နှစ်ဦးထက်မနည်း သေဆုံးပြီး အချို့ဒဏ်ရာရရှိသွားကြောင်း စနေနေ့သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment