**(ဟာဒယနှလုံး -တခဏပြုံး)**
လူမည်းတို့၏ ဒေသတစ်ခုတွင် နှစ်ပေါင်းများစွာကြာအောင် လာရောက်နေထိုင်ပြီး သာသနာပြုခဲ့သော လူဖြူတရားဟောဆရာ ကွယ်လွန်သွား၏။
ထိုပုဂိုလ်၏ အသုဘအခမ်းအနားတွင် ဒေသခံလူမည်း ခေါင်းဆောင်က မိန့်ခွန်းပြောလေသည်။
“သူ့ခမျာ ကံအကြောင်းမလှလို့ အသားဖြူနေပေမယ့် သူ့ရင်ထဲမှာ မည်းနက်တဲ့နှလုံးသားတစ်စုံ ရှိတယ်ဆိုတာ ခင်ဗျားတို့၊ ကျုပ်တို့ အသိပဲဖြစ်ပါတယ်”
**ကိုကျေးတော**
(၂၀၀၇ ခုနှစ် သုတပဒေသာစာစောင်မှ)

No comments:
Post a Comment