**မြွေဆိုတဲ့သတ္တ၀ါ
ရှည်ရှည်တိုတို
အဆိပ်ရှိရှိ မရှိရှိ
သူစားမယ့်အစာ
ဖားဖြစ်ဖြစ် ကြွက်ဖြစ်ဖြစ်
အရှင်ကိုဖမ်း ကိုက်ချစားမြို
သဘာဝပဲသူငယ်ချင်း။
**ဒီမိုကရေစီဆိုတာ
ပြည်သူကရွေးချယ်
ပြည်သူကိုအုပ်ချုပ်
ပြည်သူသာအရှင်
ပြည်သူသာသခင်
ရှေ့နောက်တောင်မြောက်
ဘယ်ဒေသမဆို
အတူတူပဲသူငယ်ချင်း။
**တရိစ္ဆာန်ရုံထဲ
မြွေကိုအစာကျွေး
ပါးစပ်ကိုဟ
အသားတုံးပစ်သွင်း
တုတ်နဲ့ထိုးချ
မြွေဆိုတာအသေမစား
မြင်ဘူးမှာပေါ့သူငယ်ချင်း။
**ဒီမိုကရေစီဆိုတာ
ပြည့်ဝပျော်ရည်
စည်းကမ်းရှိတဲ့ဒီမိုကရေစီ
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီ
စိတ်ကူးနဲ့ရူးကြ
စစ်အုပ်စုရဲ့ဒီမိုကရေစီ
ကြိုက်ကြိုက်မကြိုက်ကြိုက်
ဗိုက်ပြည့်ပြီးရော
တရိစ္ဆာန်ရုံထဲကမြွေ
ဗီဇပျောက်တဲ့မြွေ
အတူတူပဲပေါ့သူငယ်ချင်း။
**နေမင်းထိန်ထိန်**
**မြွေဆိုတဲ့သတ္တ၀ါ
ရှည်ရှည်တိုတို
အဆိပ်ရှိရှိ မရှိရှိ
သူစားမယ့်အစာ
ဖားဖြစ်ဖြစ် ကြွက်ဖြစ်ဖြစ်
အရှင်ကိုဖမ်း ကိုက်ချစားမြို
သဘာဝပဲသူငယ်ချင်း။
**ဒီမိုကရေစီဆိုတာ
ပြည်သူကရွေးချယ်
ပြည်သူကိုအုပ်ချုပ်
ပြည်သူသာအရှင်
ပြည်သူသာသခင်
ရှေ့နောက်တောင်မြောက်
ဘယ်ဒေသမဆို
အတူတူပဲသူငယ်ချင်း။
**တရိစ္ဆာန်ရုံထဲ
မြွေကိုအစာကျွေး
ပါးစပ်ကိုဟ
အသားတုံးပစ်သွင်း
တုတ်နဲ့ထိုးချ
မြွေဆိုတာအသေမစား
မြင်ဘူးမှာပေါ့သူငယ်ချင်း။
**ဒီမိုကရေစီဆိုတာ
ပြည့်ဝပျော်ရည်
စည်းကမ်းရှိတဲ့ဒီမိုကရေစီ
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီ
စိတ်ကူးနဲ့ရူးကြ
စစ်အုပ်စုရဲ့ဒီမိုကရေစီ
ကြိုက်ကြိုက်မကြိုက်ကြိုက်
ဗိုက်ပြည့်ပြီးရော
တရိစ္ဆာန်ရုံထဲကမြွေ
ဗီဇပျောက်တဲ့မြွေ
အတူတူပဲပေါ့သူငယ်ချင်း။
**နေမင်းထိန်ထိန်**
No comments:
Post a Comment