**(ဟာဒယနှလုံး -တခဏပြုံး)**
ဂျာမန်ဘာသာစကားသင်ယူနေသော လူငယ်တစ်ယောက်ကို သူ့ဆရာဂျာမန်ကြီးက ညစာဖိတ်ခေါ်ကျွေးမွေးလေသည်။
ဂျာမန်ကြီးသည် စားရင်းသောက်ရင်း ဂျာမန်ဘာသာစကားနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်၊ မှတ်သင့်မှတ်ထိုက်သည်တို့ကို ပြောပြသည်။ တစ်ချက်တစ်ချက် သူသင်ကြားထားခဲ့သမျှထဲက ခဲရခဲဆစ်စကားလုံးအချို့ကို မေးခွန်းထုတ်သဖြင့် လူငယ်ကဖြေနေရသည်။
တစ်ချိန်တွင် ဂျာမန်ကြီးထံမှ ထူးခြားသောအသံ တစ်သံထွက်လာ၏။ လူငယ်မှာ ထိုစကားသံ၏ အဓိပ္ပါယ်ကို မသိ။ စဉ်းစား၍လည်းအဖြေမပေါ်။ ထို့ကြောင့် ၀န်ခံစကားပြောလိုက်သည်။
‘ဆရာ အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ကျနော် မသိပါဘူးခင်ဗျာ။ ဆရာ ဘာပြောလိုက်တာလဲဟင်”
ဂျာမန်ကြီးက တိုတိုပြတ်ပြတ် ပြန်ပြောသည်။
‘ဘာမှမဟုတ်ဘူး။ အာခေါင်ကို ငါးရိုးစူးလို့ ထွက်သွားတဲ့အသံပါ”
**ကိုကျေးတော**
(၂၀၀၇ ခုနှစ် သုတပဒေသာစာစောင်မှ)

No comments:
Post a Comment