(လန်ဒန်၊ မတ်လ ၁၇ ရက်)
မန်ယူနည်းပြဖာဂူဆန်သည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) လက်ကျန်ပွဲအဖြစ် ချဲလ်ဆီးနှင့် ကစားခဲ့သည့်ပွဲတွင် ကွင်းလယ်ဒိုင်လူကြီး မာတင်အက်ကင်ဆန်ကို ပြင်းထန်စွာဝေဖန်ခဲ့မှုနှင့် ပတ်သက်၍ စွဲချက်တင်ခံခဲ့ရသည်။ ယင်းပြစ်မှုနှင့်ပတ်သက်၍ အက်ဖ်အေက ဖာဂူဆန်ကို သုံးပွဲပ ယ်ပြစ်ဒဏ်နှင့် ပေါင်သုံးသောင်း ဒဏ်ရိုက်လိုက်သည်။ (အင်တာနက်)
** ရီးရဲမက်ဒရစ်နှင့် ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ပြီ **
(မက်ဒရစ်၊ မတ်လ ၁၇ ရက်)
ချန်ပီယံလိဂ်ပွဲစဉ်များကို မတ်လ ၁၇ ရက်နေ့ နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ရီးရဲမက်ဒရစ်က လိုင်ယွန်အသင်းကို သုံးဂိုးပြတ်နှင့် အနိုင်ရရှိပြီး ချဲလ်ဆီးနှင့် ကိုပင်ဟေဂင်အသင်းတို့ပွဲတွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့သော်လည်း ချဲလ်ဆီးတို့ နှစ်ကျော့ပွဲရလဒ်ဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည်။ (အင်တာနက်)
** ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များပြီးဆုံး ၊ချဲလ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်တို့
ကွာတားတက် **
(လန်ဒန်၊ မတ်လ ၁၇ ရက်)
၂၀၁၀- ၂၀၁၁ ဘောလုံးရာသီ၏ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့နောက်ဆုံးပွဲစဉ်များကို ကြာသပတေးနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ချဲလ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်တို့ ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့ပြီဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို ပထမအကျော့က နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရထား၍ ယခုပွဲတွင် လူစုံထုတ်လာခဲ့သော်လည်း သရေကိုသာထိန်း၍ သက်သောင့်သက်သာ ကစားကာ ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
** ဒိုင်ကိုလေလုံးထွားထွားဖြင့် ဝေဖန်ခဲ့သည့် ဖာဂူဆန် ငါးပွဲပယ်ပြစ်ဒဏ်နှင့် ပေါင်သုံးသောင်းဒဏ်ရိုက်ခံရ **

No comments:
Post a Comment