ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 15, 2011

ပဲခူးနှင့် ခရမ်းသုံးခွတွင် အချိန်မရွေး ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိ၊ ထိုငလျင်ဂယက် ရန်ကုန်အထိ သက်ရောက်နိုင်

>
...(Bago Township)

r- ပဲခူးငလျင်ပြတ်ရွေ့သည် အချိန်မရွေး ၇ ဒဿမ ၂ ရစ်ခ်ျစတာ စကေးအထိ ရှိသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိနေသည်ဟု ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ အဆိုပါ ငလျင်ကြောကို တစ်ကျော့ပြန် ငလျင်လှုပ်နိုင်ခြေ ရှိ၊ မရှိ လေ့လာခဲ့ရာ အပြီးသတ် မသုံးသပ်ရသေးသော်လည်း ငလျင်ကြီး ပြန်လှုပ်နိုင်ခြေ ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် အသေးစိတ် ဆက်လက် လေ့လာနေကြောင်း၊ ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး၏ ဗဟိုချက်သည် သုံးခွမြို့နယ်တွင် ရှိသည်ဟု အင်္ဂလိပ် ပညာရှင်များက သတ်မှတ်ထားသဖြင့် အသေးစိတ် လေ့လာမှုကို ၂၀၀၂ - ၂၀၀၃ နှင့် ၂၀၀၈ - ၂၀၀၉ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ကြောင်း သုံးခွမြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများနှင့် စကားပြောဆိုသည့်အခါ ၎င်းတို့က သုံးခွမြို့နယ်အတွင်း ငလျင်ကြောင့် ဖြစ်သော ငလျင်ခွဲချောင်းနှင့် ရေကန်များစွာ ရှိသည်ဟု ဆိုသဖြင့် ဟုတ်မဟုတ် လေ့လာခဲ့ရာ ဟုတ်သည့်ရာခိုင်နှုန်း များသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

“အခုချိန်မှာ အန္တရာယ် ရှိနေပြီလို့ ပြောလို့ရတယ်။ ပမာဏကြီးတဲ့ ငလျင်ကြီး မလှုပ်ရင်တောင် ပမာဏတစ်ခုခုနဲ့ ငလျင်လှုပ်နိုင်ခြေ ရှိတယ်။ အမြဲ သတိထားသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။ ယင်းပြတ်ရွေ့တွင် ငလျင်ကြီး ဖြစ်ပေါ်ပါက ၎င်း၏ ဂယက်ကို ရန်ကုန်မြို့ပါ ခံစားရနိုင်မည် ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ဆိုသည်။ ရန်ကုန်မြို့၏ ငလျင်သဘာဝမှာ စိတ်မချရ၊ အသင့်အတင့် သွက်သည့် ငလျင်ရပ်ဝန်း အတွင်းတွင် တည်ရှိနေသဖြင့် မကြာခဏ ခံရမည် ဖြစ်သော်လည်း အင်အား မပြင်းထန်ကြောင်း ရန်ကုန် ဝန်းကျင်ကို ဗဟိုပြု၍ မကြာခဏ လှုပ်နေခြင်းကြောင့် ရန်ကုန်မြို့နံဘေး (ဝါ) မြို့အောက်တွင် အားနည်းသော မြေကြောတစ်ခု ရှိနေသည်ဟု ယူဆနိုင်ကြောင်း၊ ပဲခူးမြို့မှာမူ အလွန်သွက်သည့် ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေသည် ဖြစ်၍ ခံရလျှင် ရန်ကုန်ထက် ပိုနာတတ်ကြောင်း ပဲခူးတွင် ငလျင် ခပ်ပြင်းပြင်း ခံရသည်မှာ ၃၂ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေသော ဦးမင်းထွေးနောင် (ပညာရေး) ရေးသည့် မြန်မာ့ငလျင် စာအုပ်တွင် ဖော်ပြထားသည်။

ယင်းပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့၏ သဘောမှာ အကြမ်းဖျင်း နှစ် ၁၆၀ အတွင်း တစ်ကျော့ပြန် ငလျင် ပြန်လှုပ်တက်သည့် ရာခိုင်နှုန်း များသည်ဟု ဆိုသည်။ သုံးခွမြို့ ၉ ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ငယ်စဉ်မှစ၍ ယခု ၃၅ နှစ်အထိ သုံးခွတွင် ငလျင်ပြတ်ရွေ့ ရှိသည်ကို လူကြီးသူမများ ပြောသည်ကိုလည်း မကြားမိကြောင်း လွန်ခဲ့သော ၁၅ နှစ်ခန့်က ငလျင်အနည်းငယ် လှုပ်သောကြောင့် သုံးခွမြို့နယ် ဘုရားကြီးကျေးရွာမှ ဘုရားကြီး ဘုရားထီးတော် ဆောင်းသွားသည်ကိုသာ သိရှိကြောင်း သုံးခွ မြို့သူမြို့သားတို့၏ စကားထဲတွင် ငလျင်ဆိုသည့် ဝေါဟာရကို ပြောလေ့ပြောထ မရှိသည်မှာ သေချာကြောင်း ပြောသည်။ သုံးခွမြို့ပေါ်မှ အသက် ၆၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက လွန်ခဲ့သော ၃၅ နှစ်ခန့်က အတန်အသင့်ပြင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသော်လည်း ပျက်စီးသေဆုံးမှု မရှိဟု ဆိုသည်။

“မနှစ်က ရန်ကုန်နဲ့ ပဲခူးမှာ ငလျင်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ဝပ်ရှော့တွေ လုပ်ခဲ့တယ်။ သုံးခွတို့လို မြို့တွေအထိတော့ မလုပ်နိုင်သေးဘူး။ အန္တရာယ်ဇုန် အတွင်းက မြို့နယ်တွေမှာ အသိပညာပေးဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ငလျင်ကော်မတီ အနေနဲ့ အကုန်လုံး လိုက်မလုပ်နိုင်ဘူး။ မြို့နယ်တွေက အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေကို လူမှုဝန်ထမ်းနဲ့ပေါင်းပြီး သင်တန်းပေးတာမျိုး ရှိပေမယ့် သူတို့ကနေ လူထုဆီ အဆင့်ဆင့် ပညာပေးတာမျိုး မရှိသလောက် ဖြစ်နေတယ်” ဟု ငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခရမ်းသုံးခွမြို့ပေါ်တွင် ယခင်က သစ်သားအိမ်များသာ အဓိက ဆောက်လုပ်ကြသော်လည်း ၂၀၀၀ ခုနှစ်ကျော် ကာလမှ စတင်ကာ တိုက်အိမ်ဆောက်လုပ်မှု များလာသည်ဟု သိရသည်။ သုံးခွမြို့ပေါ်မှ အိမ်ဆောက်ပေးရသူ တစ်ဦးက “ခရမ်းသုံးခွက အိမ်တွေကို အခုနောက်ပိုင်း ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီတွေက လာဆောက်တာ ရှိပေမယ့် နည်းတယ်။ ကျွန်တော်တို့ မြို့ပေါ်ကပဲ အဓိက ဆောက်ပေးတာ။ ကျွန်တော်တို့က အတွေ့အကြုံအရ ကျွမ်းကျင်လာတာဆိုတော့ ငလျင်ဒဏ်ခံ အဆောက်အအုံမျိုး ဘယ်လိုဆောက်ရမယ် ဆိုတာတော့ မသိဘူး” ဟု ဆိုသည်။

သုံးခွမြို့နယ် စစ်ပင်ကန်ရွာနှင့် ဖရုံရွာမှ ရွာသား ၅ ဦးအား ငလျင်အန္တရာယ် ရှိသည်ကို သိ၊ မသိ မေးမြန်းခဲ့ရာ မသိပါဟု တညီတညွတ်တည်း ပြောကြားခဲ့သလို ခရမ်းမြို့ပေါ်မှ ကုန်သည်တစ်ဦးကလည်း မသိရှိပါဟု ပြောသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝ ဘေးအန္တရာယ် တည်မြဲမိန့်ကို ပြဋ္ဌာန်းထားပြီး ထိုအမိန့်တွင် ပြည်သူများအား သဘာဝ ဘေးအန္တရာယ် အသိပညာပေးမှုကို ဆင့်ကဲပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ပေါ်လစီသဘောသာ ရှိနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြင်းထန်အား အများဆုံးဟု သတ်မှတ်ထားသော ငလျင်ဇုန်များမှာ ပဲခူး၊ ဖြူး၊ မန္တလေး - စစ်ကိုင်း၊ တကောင်း၊ ပူတာအို တနိုင်းနှင့် ကလေးမြို့ - ဟုမ္မလင်း ဒေသတို့ ဖြစ်သည်။

-မှ/ရတနာပုံ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)