ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 15, 2011

အသည်းနှင့် တည့်အောင်နေပါ

>

အသည်းဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ခွဲခန်း (သို့) ဓာတုဗေဒ စက်ရုံကြီးဖြစ်ပါတယ်၊ ဇီဝယန္တာရားကြီး ပုံမှန် လည်ပတ်ဖို့အတွက် အစာအာဟာရကို ကုန်ကြမ်းပြုပြီး လိုအပ်တဲ့ ဇီဝပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်၊ ပြီးတော့ ခန္ဓာကိုယ်အတွင်းကို ရောက်လာသော အဆိပ်အတောက်တွေ (ဥပမာ-အရက်နှင့် ဓာတုပစ္စည်းတွေ) ကိုလည်း ချေဖျက်စွန့်ထုတ်ပေး နေပါတယ်။

ဒီတာဝန်ကို အသည်းဟာ အခြားအင်္ဂါတွေနဲ့ ပူးပေါင်းပြီး (၂၄)နာရီ ထမ်းဆောင်ရာမှာ ဇီဝနာရီရဲ့ အချိန်ဇယားအတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ လူတွေဟာ ဒီအချိန်ဇယားနဲ့ လိုက်လျောညီထွေ နေထိုင်စားသောက် အိပ်စက်တတ်ရင် အသည်းလည်း ကျန်းမာမယ်၊ လူလည်း အသက်ရှည်မယ်လို့ ဆိုကြပါတယ်။

လူတွေရဲ့ အချိန်ဇယားနဲ့ အသည်းရဲ့ အချိန်ဇယားဟာ အံမ၀င်ခွင်မကျ ဖြစ်နေရင်တော့ အသည်းလည်း ပျက်စီးလွယ်ပြီး လူလည်းကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒီတော့ မိမိအသည်းနဲ့ မိမိ ချိန်ကိုက်ညီ သဟဇာတဖြစ်အောင် ဆင်ခြင်တတ်ဖို့ အသည်းရဲ့ အချိန်ဇယားကို ဖေါ်ပြလိုက်ပါတယ်။

* ည (၉)နာရီမှ (၁၁)နာရီ

ဒီအချိန်မှာ အသည်းဟာ လင့်ကျိတ် (Lymph nodes) ကတဆင့် ကိုယ်ခံစွမ်းအားစနစ်နဲ့ အဆိပ်အတောက်တွေကို ချေဖျက်နေတဲ့ အချိန်ဖြစ်ပါတယ်။ လူရဲ့ ခန္ဓာကိုယ်ဟာ အနားယူရမယ့် အချိန်ပါ။ တေးဂီတ၊ တီဗီ၊ ဗီဒီယိုကြည့် အပန်းဖြေရမယ့် အချိန်မျိုး ဖြစ်ပါတယ်၊ အလုပ်ဇောကပ်တဲ့ ယောက်ျားတွေ၊ နေ့မှာ စီးပွားရေးလုပ်ပြီး ညကျမှ အိမ်မှု့ကိစ္စတွေ လုပ်ရတဲ့ အိမ်ရှင်မတွေ ဒီအချိန်အထိ အလုပ်လုပ် နေ ရတယ်ဆိုရင် အသည်းနဲ့ အချိန်ဇယားနဲ့ လွဲချော်နေပြီဆိုတာ သတိထားသင့်ပါတယ်။

* ည (၁၁)နာရီမှ သန်းခေါင်ကျော် (၁)နာရီ

အသည်းဟာ သည်းခြေအိတ်နဲ့အတူ အဆိပ်အတောက်တွေ ဖယ်ရှားနေတဲ့ အချိန်ဖြစ်ပါတယ်၊ ဒီအချိန်မှာ လူဟာလည်း အိပ်စက်အနားယူရမယ့် အချိန်ဖြစ်ပါတယ်၊ ဒီအချိန်ထိ မအိပ်သေးဘဲ ဖျော်ဖြေမှု့တွေနဲ့ ပျော်ပါးနေမယ်၊ စာတွေထိုင်ဖတ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

* သန်းခေါင်ကျော်(၁)နာရီမှ (၃)နာရီ

အသည်းထဲမှာ အဆိပ်အတောက်တွေ ချေဖျက်နေတဲ့ အချိန်ဖြစ်ပါတယ်၊ ခန္ဓာကိုယ်ဟာလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရမယ့် အချိန်ဖြစ်ပါတယ်။

* နံနက်(၃)နာရီမှ (၅)နာရီ
အသည်းဟာ အဆုတ်မှ တဆင့် အဆိပ်အတောက်တွေ ဖယ်ရှားနေတဲ့ အချိန်ဖြစ်ပါတယ်၊ ဒီအချိန်မှာ ချောင်းဆိုးကြတာဟာ သလိပ်နဲ့အတူ အဆိပ်အတောက်တွေကို စွန်ထုတ်နေတာမို့ ချောင်ဆိုးပျောက် ဆေးတွေ မသောက်သင့်ဘူးလို့ ဆိုထားပါတယ်။

* နံနက်(၅)နာရီမှ (၇)နာရီ

အသည်းဟာ အူမကြီးမှတဆင့် အဆိပ်အတောက်တွေကို စွန့်ထုတ်နေပါတယ်၊ ဒါကြောင့် အိမ်သာတက်၊ ဆီး၊ ၀မ်းသွားတာ အကျင့်ဖြစ်နေဖို့ လိုပါတယ်၊ ဒီအချိန်မှာ အိမ်သာမတက်၊ မစွန့်ထုတ်ဖြစ်သေးရင် ခန္ဓာကိုယ်ရဲ့ စွန့်ပစ် ပစ္စည်းတွေ (မြန်မာလို အပုပ်အစပ်တွေ)ကို သိမ်းဆည်း သိုလှောင်ထားသလို ဖြစ်နေပါလိမ့်မယ်။

* နံနက်(၇)နာရီမှ (၉)နာရီ
အူသိမ်ထဲက အစာအာဟာရတွေကို အသည်းက စုပ်ယူနေတဲ့ အချိန်ဖြစ်ပါတယ်၊ ဒီအချိန်မှာ အူသိမ်ထဲမှာ အစာသစ် ရှိနေရမှာဖြစ်လို့ နံနက်ခင်းစာ (breakfast)ကို စားထားပြီး ဖြစ်နေသင့်ပါတယ်၊ မကျန်းမာသူဆိုရင် နံနက် (၆နာရီခွဲ) ကတည်းက စားထားရမယ်လို့ ဆိုပါတယ်။ အိပ်ယာထနောက်ကျလို့ (၉)နာရီကျော်မှ နံနက်ခင်းစာ စားရင်လည်း မိမိအကျင့်နဲ့ ဇီဝနာရီ အချိန်ဇယား လွဲချော်နေပြီလို့ မှတ်ယူရပါတယ်။

* ဒီတော့ အသည်းကို ပျက်စီးစေမယ့် အမူအကျင့်တွေကို ပြောရမယ်ဆိုရင်--
- ညဉ့်နက်မိုးချုပ်တဲ့အထိ အလုပ်လုပ်တာ၊ ညဉ့်နက်သန်းခေါင်အထိ မအိပ်သေးတဲ့ အကျင့်ဟာ မကောင်းပါဘူး။
- သန်းခေါင်ကျော်အချိန်မှ နံနက်(၄)နာရီ အတွင်းမှာ ရိုးတွင်းခြင်ဆီက သွေးအသစ်ထုတ်လုပ်တဲ့ အချိန်မို့ ဒီအချိန်ထိ မအိပ်သေးရင် ပိုဆိုးပါတယ်၊
- နံနက်စောစောမထဘဲ အိပ်ယာထနောက်ကျလို့ အိမ်သာစောစော မတက်ဖြစ်တာ၊ နံနက်စာကို မစားဖြစ်တတ်ကြတာတွေဟာလဲ ကျန်းမာရေးကို ထိခိုက်ပါတယ်။
- အစားကြူးတာ၊ အရက်၊ ဆေးလိပ်နဲ့ မလိုဘဲ ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ၊ ရောင်ခြည်ပစ္စည်း၊ အနံ့ အရသာ အပိုဆောင်း (ဥပမာ-ဟင်းချိုမှုန့်) ပါတဲ့ အစားအစာတွေဟာ အသည်းကို တာဝန်ပိုစေပါတယ်၊
- မသန့်တဲ့ ဆီတွေနဲ့ ကြော်လှော်ထားတဲ့ အစားအစာတွေဟာ အသည်းနဲ့မတည့်ပါဘူး။ (သံလွင်ဆီဟာ အသည်းအတွက် အသင့်တော်ဆုံးလို့ ပြောကြပါတယ်) ဟင်းသီးဟင်းရွက်တွေကို ပဲဆီသန်သန့်လေးနဲ့ ကြော်မယ်ဆိုရင်လဲ အကျက်မလွန်စေပါနဲ့၊ ကြော်ထားတဲ့ အသီးအရွက်တွေကိုလဲ တစ်ခါတည်းနှင့် အပြတ်စား၊ ကျန်တာကို သိမ်းပြီးနောက်မှ တစ်ခါ ပြန်စားတာဟာလဲ ကျန်းမာရေးနှင့် မသင့်တော်ဘူးလို့ မှတ်သားရပါတယ်၊

ကိုယ့်အသည်းနဲ့ ကိုယ်တည့်အောင် နေတတ်ဖို့ လိုပါတယ်၊

ကျန်းမာလိုသူတိုင်း ကိုယ့်အသည်းနှင့်ကိုယ် တည့်အောင်နေနိုင်ကြပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။

(FORWARD MAIL)

လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။
♥_ ♥

( )

(•̪●)(•̪●)░လွမ်းနေ သူ░(•̪●)(•̪●)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)