ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 29, 2011

တတိယ မျိုးဆက်သို့ အိပ်ဖွင့်ပေးစာ

>

* ကျွန်တော် ဒီနေ့တော့ တတိယ မျိုးဆက်လူငယ်တွေဆီ တိုက်ရိုက်လိပ်မူပြီးရေးချင်တယ်ဗျာ။ တတိယမျိုးဆက်လို့ အမည်တပ်ရတာကတော့ (၁၉၈၈)ကနေ ယနေ့ တည်ရှိနေတဲ့ လူငယ်မျိုးဆက် အထိကို ရည်ရွယ်ချင်လို့ပါ။(၁၉၈၈)မှာ အသက်(၂၅)နှစ် ပတ်ဝန်းကျင် လူငယ်တွေကိုတော့ ပထမ မျိုးဆက်လို့ ကျွန်တော် ဆိုလိုချင်ပြီး (၁၉၈၈) မှာအသက်(၁၅)နှစ်ဝန်းကျင် လူငယ်တွေကိုတော့ ဒုတိယမျိုးဆက်လို့ ဆိုလိုချင်ပါတယ်။ ဒါကြောင့် (၁၉၈၈)ကာလအတွင်းနဲ့ (၁၉၈၈) ကာလအပြီးမှာ မွေးဖွားတဲ့ လူငယ်တွေကတော့ တတိယမျိုးဆက်ပေါ့။ ဒါကြောင့် ဒီမျိုးဆက်တွေအတွက် ရည်ရွယ်တာပါ။

* ဒီမျိုးဆက်(၃)ခုမှာ ပထမမျိုးဆက်တွေက အခုခေတ်နဲ့ ယှဉ်လိုက်ရင် အလွန်ကောင်းသော ခေတ်တခုကို မှီလိုက်တဲ့သူတွေလို့ ကျွန်တော်ပြောချင်ပါတယ်။ ဘာကြောင့် ကျွန်တော်ဒီလိုပြောရတာလဲဆိုရင် သူတို့ခေတ်မှာ ယ္ခုလက်ရှိကာလလို ခေတ်မှီဆက်သွယ်ရေး ကရီယာတွေ၊ ဖျော်ဖြေရေး တန်ဆာပလာတွေ မရှိသေးမေမယ့် သူတို့ခေတ်မှာ သူတို့ခေတ်အလျှောက် ပျော်ရွင်မှုတွေနဲ့ ဖျော်ဖြေမှုတွေရှိခဲ့တယ်။ ပထမမျိုးဆက်တွေဟာ အခုခေတ် တတိယမျိုးဆက်လူငယ်တွေ ဘယ်လိုမှ ခံစားလို့ မရနိုင်တဲ့ ပီတိ ခံစားချက်တွေကို ရရှိခံစားခဲကြရတယ်။ သူတို့ဟာ မိသားစု စုံစုံညီညီ သိုက်သိုက်ဝန်းဝန်းနဲ့ ထမင်းစားနိုင်သလို ဖခင်ရဲ့ လုပ်စာကို မိခင်အပါအဝင် မိသားစုတခုလုံး မျှော်လင့်တကြီး အားထားနိုင်တယ် ဖခင်တယောက်ရဲ့ လုပ်စာနဲ့ မိသားစုဘဝ နောင်ရေးတွေကို မျှော်လင့် နှိုင်ခဲ့ကြတယ်။ ဒီလိုဘဲ ပထမ မျိုးဆက်မှာ ကျောင်းသားဖြစ်ခဲကြတဲ့သူတွေဟာလည်း ကျောင်းသားတယောက်ရဲ့ အဆင့်အတန်း ဂုဏ်သိက္ခာနဲ့ နေထိုင်နိုင်ခဲ့တယ်။ ကျောင်းသားတယောက်ရဲ့ ဂုဏ်သိက္ခာ ဆိုတာကတော့ ဘယ်နေရာကို သွားသွား ကျွန်တော် ကျောင်းသားလို့ ပြောလိုက်တာနဲ့ အားလုံးက လေးလေးစားစား ဆက်ဆံကြတယ် စာကြိုးစားဖို့ တိုက်တွန်းကြတယ်။ တက္ကသိုလ်ကျောင်းသား ဆိုရင်တော့ ဆိုဖွယ်မရှိပေါ့ ရွေထွက်တဲ့ ကိုယ်လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ ပထမမျိုးဆက်မှာ ရှိတဲ့ တပ်မတော်သားတွေလည်း ဒီလိုပါဘဲ။ တပ်မတော်သားတယောက် အရပ်ထဲဝင်လာပြီဆို အရပ်ထဲမှာရှိတဲ့သူတွေက သိသိမသိသိ ဟေ့ ရဲဘော်လေး ဘယ်သူ့အိမ်ရှာနေတာလဲ လောက်တော့ မေးလိုက်ရမှ သူတို့အနေနဲ့ ကျေနပ်ကြတယ်။ အဲ့ဒီခေတ်က တပ်မတော်သားဆိုတာကလည်း ဒီခေတ်လို ခွေးပြစ်တဲ့ဒုတ်လောက် ကောင်းလေးတွေ မဟုတ်ကြဘူးလေ။ ထောင်ထောင်မောင်းမောင်းနဲ့ တကယ့် အားကိုးလောက်တဲ့ ပုံတွေ။ အရာရှိအဆင့် ဗိုလ်ကြီး ၊ ဗိုလ်မှူး ဆိုရင်တော့ ဆိုဖွယ်မရှိပေါ့။ဆရာဝန်ဆိုတာ ရပ်ကွက်တခုမှာ တယောက်မရှိပေမယ့် ဆေးခန်းပြရတဲ့လူနာဆိုတာလည်း သက်ကြီးရွယ်အိုကလွဲလို့ ရှိတာမဟုတ်ဘူး။ကျောင်းဆရာ/ဆရာမဆိုတာတော့ ဂုဏ်အရှိဆုံးအလုပ်တွေပေါ့။ပထမ မျိုးဆက်မှာ နိုင်ငံခြားအလုပ်သွားလုပ်တဲ့သူဆိုတာ အရပ်ထဲမှာ ခလေးတွေကတောင် စတာနောက်တာ ခံကြရပါတယ်။ လူကြီးတွေကတော့ လမ်းမှာတွေ့ရင် နူတ်ဆက်တဲ့သူတောင် အတော်ရှားပါတယ်။

ဒီလိုပါဘဲ ပထမမျိုးဆက်မှာရှိခဲ့တဲ့ တောင်သူလယ်သမားတွေဆိုလည်း တနှစ်နေလို့ မြို့ပေါ်တခေါက်လာတာမဟုတ်ပါဘူး၊ သူတို့ လယ်ယာအလုပ်နဲ့သူတို့ ပျော်ပိုက်နေကြတာ အဲ့ဒီခေတ်က လယ်သမားငြီးတယ်ဆိုတာ မကြားဖူးပါဘူး။ တောသားတွေ မြို့ကိုလာလည်ကြပြီ ဆိုရင်လည်း အသယ်ကြီး အပိုးကြီးတွေနဲ့လာကြတာ ဆန်ဆိုရင် အိပ်လိုက်သယ်လာပြီး ဆီဆိုရင်လည်း ပဲဆီ၊နှမ်းဆီစစ်စစ်ကို လေးထောင့်သံပုံးနဲ့ အပြည့်သယ်လာကြတာ။ မြို့ပေါ်ရောက်လို့ နေပြန်ရင်လည်း တလ ကိုးသီတင်း အေးအေးဆေးဆေး နေပေမယ့် သက်ဆိုင်ရာ အိမ်ရှင်တွေက ပြန်မှာကြောက်လို့ မပြန်နဲ့အုံးနော် အေးအေးဆေးဆေးမှပြန်ပါလို့ ဆွဲထားကြရပါတယ်။ မြို့ပေါ်က အိမ်တိုင်းလိုလိုမှာလည်း ရှေ့မှီ နောက်မှီ အဖိုးအဖွားတွေရှိတတ်ကြပြီး အရပ်ထဲမှာရှိတဲ့ လူတိုင်းကလည်း သက်ကြီးရွယ်အိုဆိုပြီ လေးစားသမှုနဲ့ ရိုရိုသေသေ ဆက်ဆံကြပါတယ်။။ လူငယ်တိုင်းဟာလည်း သမီးရည်းစား အဖြစ်ချစ်ကြိုက်ကြပြီးရင် တအိုးတအိမ် ထူထောင်ဖို့ ရှည်ရှည်ဝေးဝေး စဉ်းစာမနေကြသလို့ နှစ်ဖက်မိဘတွေကလည်း သူတို့သားသမီးတွေအတွက် သင့်တော်တယ်ထင်ရင် ထိမ်းများပေးလိုက်ကြပါတယ်။ အိမ်ငှားနေတဲ့သူဆိုတာ ရှာမှရှားပါ။အလှူအတန်းဆိုလည်း စီစီကားကား သိုက်သိုက်ဝန်းဝန်းနဲ့ အင်မတန် ပျော်ရွင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ကြတာပေါ့။

* ဒါပေမယ့် အဲ့ဒီပျော်ရွင်ဖွယ် နေ့ရက်တွေဟာ နေဝင်း(မဆလ)အစိုးရလက်ထက်မှာ တစထက်တစ လုံးပါး ပါးလာခဲ့တာကြောင့်(၈၈)လူထု အုံကြွမှုကြီး နိုင်ငံနဲ့ အဝှမ်းမှာပေါ်ပေါက်ခဲ့ပြီး နေဝင်းအစိုးရကို ဖြုတ်ချပြစ်ခဲ့ကြတာပါ။ ပထမ မျိုးဆက်တွေ ယ္ခုလို ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ကြတာဟာ သူတို့ခေတ်မှာ ရှိနေတဲ့ သူတို့ရဲ့ အဖေအမေ အဖိုးအဖွားတွေရဲ့ တိုင်းပြည်အရေးဟာ ဒို့အရေးဘဲဖြစ်တယ် တိုင်ပြည်အနာဂတ်ဟာ ဒို့မိသားစုတွေရဲ့ အနာဂတ်ဖြစ်တယ်ဆိုတဲ့ အသိရှိခဲ့ကြလို့ ဖြစ်ပါတယ်။

* ဒုတိယ မျိုးဆက်တွေခေတ်မှာတော့ (မဆလ)ခေတ်မှာ လုံးပါးပါးခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ စိတ်ချမ်းမြေ့ ပျော်ရွင်မှုတွေဟာ လုံးလုံးပျောက်ခဲ့ရတယ်လို့ ပြောရမလားဘဲ။ မိသားစု စုံစုံညီညီ ထမင်းစားနိုင်ဖို့ဝေးစွ ထမင်းနပ်မှန်အောင် မနဲးရုံးကန်နေကြရတယ်။ ဖခင်လုပ်စာဆိုတာ ငါတို့အဖေမှာ အလုပ်ရှိပါလားဆိုတဲ့ အသိတခုကို ပေးရုံထက်မပိုတော့ဘူး။ မိသားစု နောင်ရေးဆိုတဲ့ ဝေါဟာရက အိမ်ထောင်ဦးစီး ဖခင်ကို ဖြစ်တဲ့နည်းနဲ့ ငွေများများရှာပါလို့ ပြောသလိုဖြစ်နေတယ်။ (၈၈)လူထုအုံကြွမှုကြီးကို ကျောင်းသားတွေကစတင်ခဲ့တာဆိုတဲ့ အဆွဲကြောင့် အစိုးရတွေဟာ ကျောင်းသားတွေကို တရာခံကြည့်နဲ့အမြဲတစေစောင့်ကြည့်နေတာကြောင့် ဒုတိယ မျိုးဆက်က ကျောင်းသားတွေဟာ ကျောင်းသားဂုဏ်သိက္ခာ ဆိုတာ ဘာမှန်းမသိကြရရှာဘူး။ ဒုတိယမျိုးဆက်မှာရှိတဲ့ တပ်မတော်သားတွေကတော့ အစိုးရတွေရဲ့ လက်ကိုင်ဒုတ်သဖွယ် ပြည်သူကို ဖိနိပ်ဖို့ ယန္တရား တခုလိုအသုံးချခံရတာကြောင့် ပြည်သူရဲ့ မလိုမုန်းထားမှု့တွေကို ခံခဲ့ကြရတယ်။ဆရာဝန်တွေ အထိုက်အလျှောက်ရှိလာသလို ဆေးခန်းပြတာကို ဂုဏ်တခုလို ကြွားဝါတဲ့အဆင့်တောင်ရောက်လာတယ်။ဂုဏ်ရှိချင်တဲ့သူတွေက ကျောင်းဆရာ/ဆရာမအလုပ်ကို ရွေးချယ်လာကြတယ်။ တောင်သူလယ်ကမားတွေကတော့ အစိုးရဆီက စိုက်ပျိုးစရိတ် ချေးငွေတွေကို လုံလောက်စွာမရရှိတာကြောင့် မိဘ လက်ငုတ်လက်ရင်း လယ်ယာအလုပ်တွေကို ပြစ်ပြီး ရှိစုမဲစုလေးနဲ့ တဝမ်းဝဖို့ ကုန်သည် ပွဲစား လက်သမား ၊ ပန်းရန် စသဖြင့် ကြုံရာအလုပ်တွေကို လုပ်ကိုင်စားသောက်နေကြရတယ်။ သက်ကြီးရွယ်အို အဖိုးအဖွားဆိုတာ အိမ်မှာ လူပိုတွေလို ဖြစ်လာတယ်။ လူငယ်တွေဆိုတာလည်း အိမ်ထောင်ပြုဖို့ဝေးစွ တဦးနဲ့တဦးချစ်တဲ့ကြိုက်တဲ့ အဆင့်ကို ရောက်ဖိုတောင် မလွယ်ကြတော့ဘူး။ အလှူဆိုတာ လူရွေးပြီး ဖိတ်ရတဲ့အဆင့် ရောက်လာလို့ စီကားတဲ့အလှူဆိုတာ မရှိသလောက်ရှားသွားတယ်။အိမ်ကို ညအိမ်ညနေ ဧည်သည်လာရင်လည်း သိပ်မကြိုက်ချင်ကြတော့ဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်ဆိုတာ ဂုဏ်တခုလို ဖြစ်လာတယ်။

* အခုခေတ် တတိယ မျိုးဆက်လူငယ်တွေကတော့ နည်းပညာတွေ ထွန်းကားတဲ့ခေတ်မှာ အရွယ်ရောက်တဲ့သူတွေဆိုတော့ ခေတ်ကောင်းမှီတယ်လို့ဆိုရပေမယ့် မိသားစုဘဝဆိုတာ ဗီဒီယိုထဲမှာလောက်သာ မြင်ဘူးကြတော့တယ်။ လမ်းဘေးထမင်းဆိုင်နဲ့ ညဖက်အရက်ဆိုင်တွေက လူငယ်အများစုရဲ့ ထမင်းစားခန်းနေရာကို ယူလာကြတယ်။ ဖခင်ရဲ့အလုပ်အကိုင်ကို တိတိကျကျပြောဆိုနိုင်တဲ့သူ မရှိသလောက်ဖြစ်လာတယ်။ အိမ်ရှိ လူကုန်အလုပ်လုပ်တယ်ဆိုတာ အလေ့အထတခုလိုဖြစ်လာနေတယ်။ ရရှိတဲ့ ဝင်ငွေကလည်း အသက်ရှင်ဖို့ ထမင်းစားနေရတာထက် မပိုတော့ဘူး။ ပညာရေးဆိုတာ ဘာလဲလို့ မေးနေတဲ့ လူငယ်တွေက ဒူးနဲ့ဒေး ဖြစ်လာတယ်။ကျမ်းမာရေးအဆင့် နိမ့်ကျချက်က ဆေးဝါးတွေကို လမ်းဘေး ကွမ်းယာဆိုင်တွေမှာ သကြားလုံးဝယ်သလို လူတိုင်း ဝယ်ယူသုံးစွဲနေကြရတယ်။ အသက်(၅၀) ဝန်းကျင်တွေက သက်ကြီးပူဇော်ပွဲတွေမှာ ရှေ့ဆုံးက နေရာယူလာကြတယ်။ တတိယမျိုးဆက်မှာ ရှိတဲ့လူငယ်တွေဟာ ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး နိုင်ငံမဲ့ဘဝတွေ ရောက်နေကြရသလို ဖြစ်ပြီး သူဌေးအိမ်သွားလည်တဲ့ ဆင်းရဲသားတွေလို ဖြစ်နေတယ်။ တိုင်းပြည်ကြီးက ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုပေမယ့် ကိုယ်နဲ့ မဆိုင်သလို ဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ တတိယမျိုးဆက် လူငယ်တွေကို ပျက်ရယ်ပြု စိန်ခေါ်နေသလိုဖြစ်နေတယ်။အစိုးရဆိုသူတွေရဲ့ လက်မှာ မိမိတို့ရဲ့ ဘဝတွေကို ဝကွပ် အပ်ထားကြရသလို ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် မှန်သမျှဟာ အစိုးရဆိုသူတွေနဲ့သာ ဆိုင်သလို ဖြစ်နေပြီး အစိုးရဆိုတာ မျိုးရိုး အမွေဆက်ခံတဲ့ အလုပ်တခုလို ဖြစ်နေတယ်။ မိမိ မိသားစုဘဝ ပျော်ရွင်ချမ်းမြေ့ဖို့ အစိုးရဆိုသူတွေနဲ့ ဖြစ်တဲ့နည်နဲ့ သင့်မြတ်အောင် ပေါင်းရမယ်ဆိုတဲ့ ဘဝပေးအသိကို ရိုက်ထည့်တာ ခံနေကြရတယ်။ တတိယ မျိုးဆက်လူငယ်တွေ နားလည်ထားရမှာက ဒိုဟာ နိုင်ငံတခုကို ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်တယ်။ ဒို့နိုင်ငံရဲ့ သယံဇာတတွေဟာ ဒို့တိုင်းသူပြည်သားတွေ အားလုံ အတွက်ဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ဒုက္ခတွေဟာ လူတစုက ဖန်တီးထားတဲ့ ဒုက္ခတွေသာဖြစ်တယ် ဆိုတာကို နားလည်ထားဖို့ လိုတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ တတိယမျိုးဆက်တွေရဲ့ တိုင်းပြည်အပေါ် ဘယ်လောက် ပေးဆပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာတည်နေတယ်။ တိုင်းပြည်မှာ ယနေ့ဖြစ်ပျက်နေတာတွေကို တတိယမျိုးဆက်တွေက ငါတို့နဲ့ မဆိုင်ဘူး ဆိုပြီး လက်ပိုက်ကြည့်နေမယ်ဆိုရင် တနေ့မှာ အုပ်စိုးသူအာဏာရှင်ရဲ့ အိမ်တခါး လာခေါက်တာကို ခံရမှာဖြစ်တယ်။ အာဏာရှင်တိုင်းဟာ ငါဟာအာဏာရှင်ပါ ဆိုပြီး အာဏာယူလာကြတာ မဟုတ်ဘူဆိုတာကို တတိယမျိုးဆက်တွေ သဘောပေါက်ထားဖို့ လိုတယ်။ဒီလိုဘဲ အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ အာဏာကို စတင်ရယူချိန်မှာ ဘယ်တော့မှ မီးပြင်းတိုက်လေ့ မရှိဘူး သူတို့ဟာ စတင်အာဏာယူချိန်မှာ အလွန်အေးမြတဲ့ ရေရှိတဲ့ ခွက်ထဲက ဖါးသူငယ်တွေလို ပြည်သူကိုထားတယ် ဒါပေမယ့် အဲ့ဒီခွက်ကို အောက်ကနေ တဖြည်းဖြည်းခြင်း အပူပေးသလို တိုင်းပြည်ကို အုပ်ချုပ်လေ့ရှိတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်ဟာ မြန်မာပြည်မှာ လက်သစ် အာဏာရှင်တစုက တိုင်းပြည်ကို ချုပ်ကိုင်ဖို့ အားယူနေသလို ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက် တွေကလည်း တိုင်းပြည်ရဲ့ လူထုခေါင်းဆောင်တွေနဲ့ လက်တွဲပြီး အာဏာရှင် မျိုးဆက် မြန်မာပြည်မှာ အမြစ်တွယ်ခြင်း မရှိအောင် တက်နိုင်တဲ့ဘက်က ဆောင်ရွက်နေကြတာတွေကို တတိယမျိုးဆက်တွေအနေနဲ့လည်း ဝိုင်းဝန်း ပူပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ အမိမြန်မာပြည်ကြီးဟာ ဒို့ပိုင်တဲ့ပြည် ဒို့ပိုင်တဲ့မြေ သေချာပေါက် ဖြစ်လာမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတကြီး ဂျော့ ဝါရှင်တန် ပြောဘူးတဲ့ စကားတခုရှိပါတယ်( ကျုပ်တို့ခေတ်မှာ စစ်ပညာကို စနစ်နကျ တတ်မြောက်ထားမှ ကျုပ်တို့ သားသမီးတွေခေတ်မှာ ရှုပဗေဒဘာသာရပ်နဲ့ သချာင်္ပညာတွေကို အေးအေးဆေးဆေး သင်ကြားနိုင်မှာ ဖြစ်တယ်)ဆိုတဲ့ စကားပါ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်မှာလည်း ကျွန်တော်တို့ခေတ်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြစ်နိုင်မှ ကျွန်တော်တို့ သား/သမီးတွေဟာ ကမ္ဘာအလည်မှာ သိက္ခာရှိရှိ အသက်ရှင်ရပ်တည် နိုင်ကြမှာ ဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

* အတွေးအခေါ်မှား၊ စာလုံးပေါင်း သတ်ပုံမှားလျှင် ကျွန်တော်စာရေးသူရဲ့ တာဝန်သာဖြစ်ပါတယ်။ ကျွန်တော်ရေးတဲ့ စာကို ဖတ်လိုက်လို့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသိတရား တစုံတရာ ရရှိတယ်ဆိုရင် ကျွန်တော် ရေးရကြိုးနပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

**Aung Min**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)