ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 29, 2011

မတ်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> (Nine people were dug out of the snow but four did not survive).............................................
** ဆွစ်ဇာလန်၌ ဆီးနှင်းများပြိုကျ နှင်းလျှောစီးသူလေးဦး သေဆုံး **
(ဘန်း၊ မတ်လ ၂၇ ရက်)
ဆွစ်ဇာလန်နိုင်ငံ အနောက်တောင်ပိုင်း အဲလ်ပ်တောင်တန်းရှိ ဘော့စိန့်ပယ်ရီကျေးရွာအနီး တောင်ပေါ်မှ ဆီးနှင်းထုများ ပြိုကျရာ ပြင်သစ်နှင်းလျှောစီးသူ လေးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ဆီးနှင်းပြိုကျမှုသည် စနေနေ့က ကရိုလ်ဒီတက်ဆောဆီ တောင်ထွတ်အနီးဖြစ်ပွားခဲ့သည်။ (အင်တာနက်)

(Extremely high levels of radiation detected in water leaking from Fukushima nuclear plant were "inaccurate". Picture: AP)
** ဂျပန်ညူဓာတ်အားပေးစက်ရုံမှ အလုပ်သမားများ ရွှေ့ပြောင်းပေး **
(တိုကျို၊ မတ်လ ၂၇ ရက်)
ဂျပန်နိုင်ငံ၏ ဖူကူရှီးမားဒိုင်အိချိ ညူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ ရေဒီယိုဓာတ်သတ္တိကြွမှုအဆင့်မှာ အလွန်များပြားလာသဖြင့် အလုပ်သမားများကို နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း တနင်္ဂနွေနေ့ ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** မိုဂါဒစ်ရှူး၌ တိုက်ပွဲပြင်းထန်၊ အရပ်သား ၁၂ ဦးသေဆုံး **
(မိုဂါဒစ်ရှူး၊ မတ်လ ၂၇ ရက်)
ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ မတ်လ ၂၆ ရက်နေ့က အာဖရိကသမဂ္ဂတပ်ဖွဲ့ နောက်ခံပြုသော ဆိုမာလီအစိုးရအဖွဲ့နှင့် အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားများအကြား တိုက်ပွဲဖြစ်ရာ အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်။ (အင်တာနက်)

** ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ခုနစ်ဦးသေဆုံး ၊
၁၁ ဦးဒဏ်ရာရ **

(ဖနွမ်းပင်၊ မတ်လ ၂၇ ရက်)
ကမ္ဘောဒီးယားနိုင်ငံက ယာဉ်တိုက်မှုတစ်ရပ်ဖြစ်ပွားရာ ခုနစ်ဦးပွဲချင်းပြီးသေဆုံး၍ ၁၁ ဒဏ်ရာရရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ (အင်တာနက်)

** ဂါဇာဒေသကို အစ္စရေးတို့လေကြောင်းမှ တိုက်၊ ပါလက်စတိုင်းတစ်ဦး သေဆုံး **
(ဂါဇာ၊ မတ်လ ၂၇ ရက်)
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၌ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဆေးဘက်ဆိုင်ရာမှလာသော သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** အာဖဂန်နစ္စတန်တွင် စစ်သွေးကြွ ၁၀ ဦးကျော် သေဆုံး **
(ကဘူး၊ မတ်လ ၂၇ ရက်)
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပက်တီကာပြည်နယ်တွင် နေတိုးဦးဆောင်သော နိုင်ငံတကာလုံခြုံရေး အထောက်အကူပြုတပ်ဖွဲ့ (အိုင်အက်စ်အေအက်ဖ်)က တနင်္ဂနွေနေ့တွင် လေကြောင်းမှ တိုက်ခိုက်ရာ စစ်သွေးကြွ ၁၀ ဦးကျော် သေဆုံးကြောင်း စစ်ဘက်ဆိုင်ရာ မဟာမိတ်များက ပြောကြားသည်။ (အင်တာနက်)

** အာဖဂန်ရဲတပ်ဖွဲ့ဝင်မည့်သူများ တာလီဘန် ဖမ်းဆီး **
(ကဘူး၊ မတ်လ ၂၇ ရက်)
အာဖဂန်နစ္စတန်နိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်အမှုထမ်းရန် ကြိုးပမ်းခဲ့ကြသည့် အမျိုးသားဒါဇင်ပေါင်းများစွာကို နိုင်ငံအရှေ့မြောက်ပိုင်းတွင် တာလီဘန်တို့က ပြန်ပေးဆွဲထားကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

(Nine people were dug out of the snow but four did not survive).............................................

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)