**(ဟာဒယနှလုံး -တခဏပြုံး)**
လူတစ်ယောက်သည် သူ့ခွေးကို ဆွဲခေါ်လာပြီး တိရစ္ဆာန်ဆရာဝန်အား ပြသည်။
“ကျနော့်ခွေးကို အမြီးဖြတ်ပေးနိုင်မလား… ဆရာ”
“ဘာဖြစ်လို့လဲဗျ။ သူ့ဟာနဲ့သူ အကောင်းကြီးဥစ္စာ”
“ဒီလိုပါဆရာ၊ မနက်ဖြန်ခါ ကျနော့်ယောက္ခမကြီး ကျနော်တို့ဆီကို ရောက်လာမယ်။ အဲဒါ သူ့ကို ကြိုဆိုတဲ့ လက္ခဏာလုံးလုံး မပြချင်လို့ပါ ဆရာ”
“အဲဒါ ဒီခွေးအမြီးဖြတ်မှာနဲ့ ဘာဆိုင်လို့လဲ ဗျ”
“ဆိုင်ပြီလားဆရာရယ်၊ ဒီကောင်က ဟိုအဘွားကြီးကို အမြီးနှံ့ပြတော့မယ်လေ”
**ကိုကျေးတော**
(၂၀၀၇ ခုနှစ် သုတပဒေသာစာစောင်မှ)
Rest of your post

No comments:
Post a Comment