**သူ နှုတ်မှာမဟုတ်လို့**
**(ဟာဒယနှလုံး -တခဏပြုံး)**
“ကျွန်တော်တို့ အလျင်လိုနေလို့ …မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”
**အဲဗားသေမင်း**
**ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ်**
**(ဟာဒယနှလုံး -တခဏပြုံး)**
“ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ”
“သိပါတယ်၊ နောက်နှစ်ချောင်း သုံးချောင်းနှုတ်ပြီးရင် ကိုက်တဲ့သွားဆီကို ရောက်ပါပြီ”

No comments:
Post a Comment