ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 15, 2011

မတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

>

** ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူဂျပန်နိုင်ငံသား ၁၀၀၀၀ကျော်ရှိ ၊ သန်းနှင့်ချီပြီး ရေ၊စားနပ်ရိက္ခာနှင့် လျှပ်စစ်ဓါတ်အားပြတ်လပ်**
(တိုကျို မတ် ၁၃)
မတ် ၁၁ ရက်က ဂျပန်နိုင်ငံအရှေ့မြောက်ကမ်းရိုးတန်းတွင် လှုပ်ခတ်ခဲ့သောငလျင်ဒဏ်နှင့် တပါတည်းပေါ်ပေါက်လာသော ဆူနာမီ ရေလှိုင်းဒဏ်များကြောင့် ဒေသတခုတည်းတွင်ပင် သေဆုံးသူ ၁၀၀၀ကျော်ရှိနိုင်ကြောင်း ၁၃ရက်နေ့သတင်းများတွင် ဖေါ်ပြသည်။ မီယာဂီစီရင်စု ရဲတပ်ဖွဲ့အကြီးအကဲ ပြောကြားချက်အရ ယင်းစီရင်စုတခုတည်းတွင်ပင် သေဆုံးသူ၁၀၀၀၀ကျော်ရှိပြီး အသက်ရှင်ကျန်ရစ် သူ သန်းနှင့်ချီ် သောက်သုံးရေ၊ လျှပ်စစ်ဓါတ်အားနှင့် စားနပ်ရိက္ခာများပြတ်လပ်နေကြောင်း သိရသည်။
ငလျင်နှင့်ဆူနာမီသင့်ဒေသများအား ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀၀၀၀ အထိ ဂျပန်အစိုးရက စေလွှတ်ထားသော်လည်း ကပ်ဘေးနှစ်ခုအပြင် ယင်းတို့၏ရိုက်ခတ်မှုကြောင့် နျူကလီးယားကပ်ဘေးတစ်ခုပါ ထပ်ဆောင်းဖြစ်ပေါ်လာနိုင်ဖွယ် ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများ ကြာညောင်းလာနိုင်ဖွယ်ရှိသည်။ ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသရှိ နျူကလီးယားဓါတ်အားပေးစက်ရုံ ဓါတ်ပေါင်းဖိုနှစ်ခုပျက်စီးခဲ့ရာ တစ်ခုမှာ ဓါတ်ပေါင်းဖိုအတွင်းပိုင်း အပူချိန်လွန်ကဲမှုကြောင့် နျူကလီးယားကပ်ဘေးတစ်ခု ပေါ်ပေါက်မည့် အလားအလာများ မြင်တွေ့နေရသည်။ မီယာဂီစီရင်စုသည် လူဦးရေ ၂.၃သန်း မှီတင်းနေထိုင်သောဒေသတခုဖြစ်ပြီး ငလျင်နှင့်ဆူနာမီဒဏ်ကို အပြင်းထန်ဆုံးခံစား ခဲ့ရသည့် စီရင်စုဒေသ သုံးခုအနက် တခုအပါအ၀င်ဖြစ်သည်။
(အင်တာနက်)

(Japanese Self Defense Forces doctors check local residents for radiation exposure in Otama village, Fukushima prefecture, Japan, 13 March 2011. EPA/BGNES)

**ဂျပန်နျူကလီးယားစက်ရုံ ဒုတိယမြောက်ဓါတ်ပေါင်းဖို အအေးပေးစနစ်ပျက်စီး၊ နျူကလီးယားကပ်ဘေး ရှောင်ရှားနိုင်ရေး ဂျပန်အစိုးရ အပြင်းအထန်ကြိုးပမ်းးနေ**
(တိုကျို မတ် ၁၃)
မတ် ၁၁ ရက်မြေငလျင်နှင့် ဆူနာမီရေလှိုင်းဒဏ်ကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓါတ်အားပေးစက်ရုံ၏ ဒုတိယမြောက် နျူကလီးယားဓါတ်ပေါင်းဖိုတစ်လုံး မတ် ၁၃ ရက်က အအေးပေးစနစ်ပျက်စီးခဲ့ပြန်ရာ ရုရှားနိုင်ငံ ချာနိုဘိုင်းနျူကလီးယားဓါတ် ပေါင်းဖို ပေါက်ကွဲမှုနောက်ပိုင်း ကမ္ဘာပေါ်၌ အဆိုးရွားဆုံး နျူကလီးယားကပ်ဘေး မပေါ်ပေါက်စေရန် ဂျပန်အစိုးရက အပြင်းအထန်ကြိုးပန်း လျက်ရှိသည်။
မတ် ၁၂ ရက်က ဖြစ်ပွားသော အမှတ်(၁) ဓါတ်ပေါင်းဖိုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲအဖြစ် အမှတ်(၃)ဓါတ်ပေါင်းဖို အအေးပေးစနစ်ပျက်စီးခဲ့ခြင်းဖြစ်သည်။ အတွင်းပိုင်းအပူချိန်လွန်ကဲစွာမြင့်တက်နေမှုကြောင်း ယင်းဓါတ်ပေါင်းဖို၏ ၁၂ မိုင်ဝန်းကျင်၌ နေထိုင် သူ ဒေသခံ ထောင်ပေါင်းများစွာကို အာဏာပိုင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အမှတ်(၃) ဓါတ်ပေါင်းဖို၌ ပေါက်ကွဲမှုမဖြစ် ပွားစေရေးအတွက် ယင်းဓါတ်ပေါင်းဖိုကို လေ၀င်လေထွက်ပေးခဲ့ပြီး ရေများထည့်သွင်းကာ အပူချိန်မြင့်တက်မှုကို ထိန်းထားရန် ကြိုးပန်းနေ သည်ဟုဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အမှတ်(၁) နျူကလီးယားဓါတ်ပေါင်းဖို၌ ယူရေနီယံလောင်စာတောင့်များ တစိတ်တပိုင်း အရည် ပျော်မှု ဖြစ်နိုင်သော်လည်း ဓါတ်ပေါင်းဖိုအတွင်း၌ ဖြစ်နေခြင်းကြောင့် အမှန်ကို အတည်မပြုနိုင်သေးကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယူကီအိုအီဒါနိုက သတင်းစာရှင်းလင်းပွဲတရပ်တွင်ပြောကြားသည်။ အမှတ်(၃) ဓါတ်ပေါင်းဖိုတည်ရှိရာ အဆောက်အုံ၌ ပေါက်ကွဲမှုဖြစ်ပွားနိုင် သည့် အနေအထားရှိသော်လည်း ဓါတ်ပေါင်းဖိုကိုထိခိုက်နိုင်ဖွယ်မရှိကြောင်း အီဒါနိုက ဆိုသည်။ ဖူကူရှီးမားအိုင်အိချိ နျူကလီးယားဓါတ်အား ပေးစက်ရုံကို စီမံခန့်ခွဲသော တိုကျို လျှပ်စစ်စွမ်းအားcompany၏ ထုတ်ပြန်ချက်အရ အမှတ်(၁) ဓါတ်ပေါင်းဖိုမှ ထွက်ပေါ်သော ရေဒီယိုသတ္တိ ကြွမှုအဆင့်သည် လုံခြုံမှုသတ်မှတ်ချက်ထက် ကျော်လွန်မြင့်တက်နေသော်လည်း လူတို့၏ကျန်းမာရေးကို ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုမ ပြုနိုင်ကြောင်း ဖေါ်ပြထားသည်။
သို့ရာတွင် အမှတ်(၁) ဓါတ်ပေါင်းဖို ပေါက်ကွဲမှုမဖြစ်ပွားမီ စုံစမ်းထောက်လှမ်းမှုများအရ ဒိုင်အိချိ နျူကလီးယားဓါတ်ပေါင်းဖို စက်ရုံပြင်ပ၌ ရေဒီ ယိုသတ္တိကြွမှုဖြစ်စဉ်သည် ပုံမှန်သတ်မှတ်ချက်ထက် ရှစ်ဆ ပိုမိုမြင့်မားပြီး ထိန်းချုပ်ခန်းအတွင်း၌ အဆ၁၀၀၀ ပိုမိုမြင့်မားကြောင်းသိရသည်။
(အင်တာနက်)

**စုစည်းဘာသာပြန် - မြင့်မောင်စိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)