(၁)
ဟုတ်တယ်
ဒီရေကိုငါ
အံ့သြမှင်သက်စွာ
လက်ခုတ်ထဲသယ်ယူကြည့်နေမိ။
(၂)
ငါ--ခံစားလိုက်ရတာကတော့
ဒီရေကို-စမ်းသပ်ကိုင်တွယ်ကြည့်တော့
ဘာမှကိုမရှိတဲ့အကောင်အထည်ပါပဲ။
အေးစက်သလိုခံစားမှုတော့ရသား။
(၃)
ဒီရေဟာ-အေးစက်သလောက်
လူပေါင်းမြောက်များစွာကို
တစ်နာရီမိုင်လေးရာနှုန်းနဲ့
အကြမ်းဖက်သတ်ဖြတ်ပစ်ခဲ့တယ်။
(၄)
ကမ္ဘြာ ကီးက
တနေ့တနေ့-ရာသီဥတုကိုကြည့်ကြည့်ပြီး
အကြောက်တရားတွေ၊သံဝေဂတရားတွေ
ဘာမှမတည်မြဲဘူးဆိုတဲ့အသိတွေ။
(၅)
လူလူခြင်းမေတ္တာတရားထားရမယ်၊
ကိုယ်ချင်းစာတရားထားရမယ်၊
ဒီဘေးဆိုးကြီးက-ဘယ်လိုသမ္မတမျိုးကိုမှချန်မှာမဟုတ်ဘူး။
(၆)
ကမ္ဘာကြီးမှာ-သဘာဝဘေးဒါဏ်ကို
ဖြစ်စေမယ်စွမ်းအင်တွေ-ရပ်တန်းကရပ်ပါတော့
သဘာဝပါတ်ဝန်းကျင်မျှတရေးကိုဂရုစိုက်ပါ တော့
ဆူနာမီဒေါသတွေကို ထိန်းချုပ်ကြပါတော့။
**ထူးအံ့**
(၁)
ဟုတ်တယ်
ဒီရေကိုငါ
အံ့သြမှင်သက်စွာ
လက်ခုတ်ထဲသယ်ယူကြည့်နေမိ။
(၂)
ငါ--ခံစားလိုက်ရတာကတော့
ဒီရေကို-စမ်းသပ်ကိုင်တွယ်ကြည့်တော့
ဘာမှကိုမရှိတဲ့အကောင်အထည်ပါပဲ။
အေးစက်သလိုခံစားမှုတော့ရသား။
(၃)
ဒီရေဟာ-အေးစက်သလောက်
လူပေါင်းမြောက်များစွာကို
တစ်နာရီမိုင်လေးရာနှုန်းနဲ့
အကြမ်းဖက်သတ်ဖြတ်ပစ်ခဲ့တယ်။
(၄)
ကမ္ဘြာ ကီးက
တနေ့တနေ့-ရာသီဥတုကိုကြည့်ကြည့်ပြီး
အကြောက်တရားတွေ၊သံဝေဂတရားတွေ
ဘာမှမတည်မြဲဘူးဆိုတဲ့အသိတွေ။
(၅)
လူလူခြင်းမေတ္တာတရားထားရမယ်၊
ကိုယ်ချင်းစာတရားထားရမယ်၊
ဒီဘေးဆိုးကြီးက-ဘယ်လိုသမ္မတမျိုးကိုမှချန်မှာမဟုတ်ဘူး။
(၆)
ကမ္ဘာကြီးမှာ-သဘာဝဘေးဒါဏ်ကို
ဖြစ်စေမယ်စွမ်းအင်တွေ-ရပ်တန်းကရပ်ပါတော့
သဘာဝပါတ်ဝန်းကျင်မျှတရေးကိုဂရုစိုက်ပါ တော့
ဆူနာမီဒေါသတွေကို ထိန်းချုပ်ကြပါတော့။
**ထူးအံ့**
No comments:
Post a Comment