(မတ်လ ၁၄၊၂၀၁၁)
ထိုင်းနိုင်ငံ မဟာချိုင်မြို့အခြေစိုက် စတုဒီသာ သံဃာ မြန်မာအဖွဲ့က ဂျပန်ဆူနာမိဒုက္ခသည် များအား ယနေ့ ဘတ်တစ်သိန်းလှူဒါန်းလိုက်ကြောင်းသိရသည်။
စတုဒီသာ သံဃာ မြန်မာအဖွဲ့ ဒါရိုက်တာ ကိုလှခိုင်က “ကျနော်တို့ CS မြန်မာလို့ ခေါ်တဲ့ ဒီအဖွဲ့ချုပ်က
ဂျပန်မှာအခြေစိုက်ပါတယ်။ နည်းတာများတာပဓါနမထားပဲ ကျနော်တို့တတ်နိုင်သမျှ ဂျပန်ဆူနာမိဒုက္ခသည် တွေအတွက် ဘတ်တစ်သိန်းလှူဒါန်းလိုက်တာပါ။ ကျနော်တို့ အဖွဲ့ ကစတုဒီသာဂျပန်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ မြန်ပြည်တွင်းမှာဖြစ်ဖူးတဲ့
နာဂစ်ဒေ သကိုစက်တွေ၊ကျွဲနွားတွေအများကြီးလှူခဲ့ပါတယ်၊ဂီရိဒေသကိုလည်း ဘတ်တစ်သိန်းလှူခဲ့ပါတယ်။အလားတူ အခြားနိုင်ငံတွေမှာအရေးပေါ်ဘေးဒုက္ခ တွေပေါ်လာရင်လည်း တတ်နိုင်သမျှ ပေးပို့ လှူဒါန်းပါတယ်” ဟု ပြောသည်။
ဂျပန်ဆူနာမိဘေးဒုခက္ခအတွက်ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံက အကူအညီများပေးပို့ နေသည့်အနက် မြန်မာ
နိုင်ငံမည်ပါသွားမည်ကို ၀မ်းမြောက်ကြောင်း ကိုလှခိုင်ကဆက်လက်ပြောပြသည်။
စတုဒီသာသံဃာအဖွဲ့ တွင် နိုင်ငံပေါင်း၁၂နိုင်ငံပါဝင်ပြီး ၂၀၀၇ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ကြသည်။အဖွဲ့ ဝင်နိုင်ငံ
များမှာ(၁)ဂျပန်(၂)လာအို(၃)ကမ္ဘောဒီယား(၄)ဗီယက်နာမ်(၅)ထိုင်း(၆)ဘင်္ဂလားဒေ့ခ်ျ(၇)တိုင်ဝမ်း(၈)မလေးရှား
(၉)ရုရှား(၁၀)တရုတ်(၁၁)သြစတေလျ နှင့် (၁၂)မြန်မာနိုင်ငံတို့ ဖြစ်ကြသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment