ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 14, 2011

အမေရိကံပြည်ထောင်စုရဲ့ကျန်းမာရေးစောင့်ရှောက်မူ့ပုံသဏ္ဍန်

>

ကျနော့်ဆီကို အီးမေးလ်များပို့လာပြီး မေးခွန်းမေးထားသူများအတွက် ဒီမေးခွန်းကိုဖြေပေးလိုက်ပါတယ်၊ မေးခွန်းများကို ခြုံငုံသုံးသပ်ရမည်ဆိုလျှင် တိုးတက်သောနိုင်ငံများ၏ လူထုအပေါ်ကျန်းမာရေးစောင့်ရှောက်မူ့ပုံသဏ္ဍန်ကို သိခြင်ပါသည်တဲ့ ၊ ကျနော် အောက်မှဖြေကြားပေးထားပါသည်။ မပြည့်စုံသော်လည်း အကြမ်းဖျင်းအားဖြင့် သဘောပေါက်နိုင်ပါသည်။

အမေရိကံမှာ အစိုးရပိုင် ဆေးရုံ ၊ ဆေးခန်းဆိုတာမရှိပါ ၊ အားလုံးသည် ပုဂ္ဂိလိကပိုင်များပဲဖြစ်သည်။ ဆေးကုသစရိတ် အလကားမရပါ ၊ သို့သော် အခြေခံလူတန်းစားများအတွက် ဆေးကုသစရိတ်ကို အစိုးရမှတာဝန်ယူဖြေရှင်းပေးပါသည်။ ယင်းကို ( Medicaid ) လို့ခေါ်ပါတယ်။ အဲဒီ Medicaid ကို မိသားစုဝင်ငွေ အပေါ်တည်မှီပြီး သတ်မှတ်ပေးပါသည်။ အစိုးရမှ ဥပဒေဖြင့်သတ်မှတ်ထားသော အခြေခံဝင်ငွေထက်နည်းသော မိသားစုများအတွက် အခမဲ့ ဆေးကုသခွင့်ကို အပြည့်အ၀ရရှိပါသည်။ ကုန်ကုန်ပြောရလျှင် ဒေါ်လာ သန်းချီပြီး ကုန်ကျမည့် ခွဲစိတ်ကုသမူ့များကိုတောင်မှ အစိုးရမှ အကုန်ထဲ့ဝင်ပေးပါသည်။ ဥပမာ မိသားစုတစ်စု၏ အခြေခံဝင်ငွေကို သတ်မှတ်ရာတွင် တပြည်နယ်နဲ့ တပြည်နယ် မတူပါ ၊ ကျနော်တို့နေထိုင်ရာ နယူးရောက်ပြည်နယ်တွင် တလ ၀င်ငွေ ၁၅၀၀ ထက်နည်းသောမိသားစုများအတွက် တမိသားစုလုံး အခမဲ့ ဆေးကုသခွင့်ရရှိပါသည်။ လူလတ်တန်းစားများနဲ့ လူချမ်းသားများအတွက် ကျန်းမာရေး အာမခံ ကုမဏ္ဍီများရှိပါသည်။ ယင်းကုမဏ္ဍီများမှ ( Medical insurance ) များကို ရောင်းချပေးသည်။

ယင်းသို့ရောင်းချပေးရာတွင် တစ်မိသားစုနဲ့ တမိသားစု မတူညီနိုင်ပါ ၊ လူဦးရေ အနည်းအများအပေါ်တွင်တည်မှီပါသည်။ သို့သော်ပေးရမည့်တလ အတွက် အာမခံကြေးမှာ သိပ်များများမရှိပါ ၊ ဥပမာ လူလတ်တန်းစား အလုပ်သမားများအတွက် သက်ဆိုင်ရာ အလုပ်ရှင် ကုမဏ္ဍီများမှ ( Medical insurance ) များကို စီစဉ်ဆောင်ရွက်ပေးပြီး အပတ်စဉ်ပေးသည့် လုပ်ခလစာများမှ ဖြတ်တောက်ယူပါသည်၊ ဥပမာ တပတ် ၁၀ ဒေါ်လာ ( တယောက်ချင်းအတွက် ) ၊ မိသားစုနှင့်ဆိုလျှင် ၃၀ ၀န်းကျင်ခန့်ပေးရသည်။ ယင်းအာမခံ ကြေးများဖြင့် ကျန်းမာရေးချို့တဲ့လာသည့် အခါဆေးဝါးကုသရပါသည်။ ယင်းကုန်ကျငွေများကို မိမိအာမခံကြေးဝယ်ယူထားသည့် ကုမဏ္ဍီများမှ အကုန်ကျခံရပါသည်။ အကယ်လို့ အာမခံကုမဏ္ဍီများမှ မတတ်နိုင်လောက်အောင် ကုန်ကျစရိတ်များပြားလျှင် အစိုးရထံလျှောက်ရပါသည်။ အစိုးရမှတာဝန်ယူပေးပါသည်။

အမေရိကံပြည်ထောင်စုတွင် နေထိုင်သူ မည်သူမဆို အရေးပေါ်အခြေနေအတွက် ကျန်းမာရေးချို့ယွင်းမူ့များဖြစ်ပေါ်လာပါက အစိုးရမှ ပေးထားသော ( Medicaid ) ၊ ကျန်းမာရေးအာမခံ ကုမဏ္ဍီများမှ ရောင်းချပေးထားသော ( Medical insurance ) ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ဆေးဝါးကုသမူ့အတွက် သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများမှ ငြင်းဆန်မူ့ တစုံတရာမှမရှိပါ၊ အချိန်တန်လျှင် မိမိထံသို့ ဆေးဝါးကုသမူ့အတွက် ကုန်ကျစရိတ်များကို ဆေးရုံဆေးခန်းများမှ ပေးပို့လိုက်ပါသည်။ တကယ်လို့ပေးနိုင်သော ကုန်ကျစရိတ်ဖြစ်လျှင် အရစ်ကျပြန်ပေးရပါသည်။ မပေးနိုင်သော ကုန်ကျစရိတ်ဖြစ်လျှင် အစိုးရထံသို့လျှောက်ရပါသည်။ အစိုးရမှပဲ ယင်းအကြွေးများကိုတာဝန်ယူဖြေရှင်းပေးပါသည်။

ကျန်းမာရေးအရ ၀ယ်ယူရန်လိုအပ်သော ဆေးဝါးများအတွက် ၀ယ်ယူရာတွင် လွတ်လပ်စွာဝယ်ယူနိုင်သောဆေးဝါးများနှင့် သက်ဆိုင်ရာ ဆရာဝန်များ၏ထောက်ခံချက်ဖြင့်သာဝယ်ယူနိုင်သောဆေးဝါးဆိုပြီးရှိပါသည်။ ယင်းဆေးဝါးများကိုလည်း အစိုးရမှပေးထားသော ( Medicaid ) ။ ကျန်းမာရေး ကုမဏ္ဍီများမှ ရောင်းချပေးထားသော ( Medical insurance ) များဖြင့်ဝယ်ယူရပါသည်။ ယင်းကုန်ကျစရိတ်များကိုလည်း အထက်ဖော်ပြပါအတိုင်း အစိုးရနှင့် သက်ဆိုင်ရာ ကျန်းမာရေးအာမခံ ကုမဏ္ဍီများမှ ကျခံပေးပါသည်။

အထူးပြောလိုသည်မှာ အမေရိကံပြည်ထောင်စုတွင် မည်သူမဆို ကျန်းမာရေးပြသနာရပ်များအတွက် ဆေးဝါးကုသခွင့်ကို မည်သည့်ဆေးရုံ ၊ ဆေးခန်းများကမှ- ပိုက်ဆံမပေးနိုင်လို့ဆိုသော အကြောင်းပြချက်ဖြင့် ငြင်းဆန်ခြင်းမရှိပါ ၊ ယင်းအတွက် ကုန်ကျစရိတ်များကို နောက်မှ အဆင့်ဆင့်လျှောက်ထားခြင်းဖြင့်ဖြေရှင်းရပါသည်။အစိုးရမှလည်းဖြေရှင်းမပေးနိုင်သော ကျန်းမာရေးနဲ့ပတ်သက်သောကုန်ကျစရိတ်ပြသနာဆိုတာမရှိပါ နည်းလမ်းပေါင်းစုံဖြင့်ဖြေရှင်းပေးပါသည်၊ ( နည်းလမ်းပေါင်းစုံဆိုရာ- ကုန်ကျစရိတ် သိပ်များပြားလွန်းလျှင် ငွေကြေးချမ်းသာသော ကုမဏ္ဍီများ ၊ လူပုဂ္ဂိုများထံ အလှုခံပေးခြင်း စသည်တို့ဖြစ်ပါသည် )
လူတစ်ဦးတစ်ယောက်၏ အသက် ကို ကျန်သောကိစ္စများထက် အထူးတန်ဘိုးထားသည်ဆိုတာကိုတော့ လေးလေးနက်နက်တင်ပြလိုပါသည်။

မေးခွန်း- အစိုးရက ကုန်ကျစရိတ်များအတွက် ငွေကြေးတတ်နိုင်သော ကုမဏ္ဍီများ လူပုဂ္ဂိုများထံ အလှုခံရာတွင် သူတို့ကရော လှိုက်လှိုက်လှဲလှဲ လှုဒါန်းပါ့မလား
ဖြေ-------- လှိုက်လှိုက်လှဲလှဲကို လှုဒါန်းကြပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကုန်ကျစရိတ်လှုဒါန်းငွေများအတွက် အခွန်သက်သာခွင့်ကို အစိုးရက ဥပဒေဖြင့်ပြဌာန်းထားသောကြောင့်ဖြစ်သည်။

** မောင်မောင်ဝမ်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)