ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 23, 2011

အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ

>
အရေးပေါ်သုံး ကိုယ်ဝန်တားဆေးများအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလာမှုနှင့်အတူ လူငယ်များ၏ လွဲမှားစွာအသုံးပြုမှုကြောင့် ဆေး ယဉ်ပါးမှုဖြစ်ကာ မလိုချင်ဘဲ ကိုယ်ဝန်ရရှိ မှုနှုန်း မြင့်မားလာသည့်နည်းတူ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုနှုန်းမှာလည်း မြင့်မားလာသည်ဟု သားဖွား မီးယပ် အထူးကုဆရာ ဝန်ကြီးတစ်ဦး က ပြောသည်။
၎င်းက ကိုယ်ဝန်တားဆေး ဆိုသည်မှာ မိမိသဘောဖြင့် သောက်သုံးခြင်းသည် အလွန်အန္တရာယ် များပြီး သောက် သုံးသူသည် တားဆေးနှင့်မတည့်ပါကမလိုချင်ဘဲ ကိုယ်ဝန်ရရှိတတ်သည့်အပြင် ရောဂါအခံရှိပါက အသက်သေ ဆုံးနိုင်သည်အထိ အန္တရာယ်ကြီးမား ကြောင်း၊ တားဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးများ ရှိတတ် ပြီး သားသမီးမလိုချင်၍ သောက်သုံးမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ကာ သောက် သုံးရန် လိုအပ်ကြောင်း၊ ပဋိသန္ဓေတားဆေးများကို သားဆက်ခြားလိုသည့် မိခင်လောင်းများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါရှိသည့် အမျိုးသမီးများ၊ ကလေးရယူလိုခြင်း မရှိသေးသည့် အမျိုးသမီးများ အတွက်သာ ရည်ရွယ်၍ ဆေးဝါးကျွမ်းကျင်သူများက ထုတ်လုပ် ရောင်းချခြင်းဖြစ် သော်လည်း လူငယ်ထုအတွင်း အရေးပေါ်သုံးတားဆေးများအား လွဲမှားစွာအသုံးပြုနေခြင်းများကြောင့် ဆေးယဉ်ပါးကာ မလိုချင်ဘဲ ကိုယ်ဝန်ရ ရှိခြင်းနှင့် ကိုယ်ဝန် ရရှိလာသည့်အခါ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံး ရသည့် လူငယ်နှင့် ဆယ်ကျော်သက် အရွယ် အမျိုးသမီး ဦးရေပိုများလာကြောင်းဆိုသည်။.

”အရေးပေါ်သုံးဆိုတဲ့အတိုင်း တကယ်အရေးပေါ်ဖြစ်နေတဲ့အချိန်မှ တစ်ခါတစ်ရံပဲ သုံးလို့ရတယ်ဆို တာကို လူငယ်တွေက နားလည် မှုနည်းနေတယ်။ လူငယ်တွေ တော် တော်များများမသိတဲ့အချက်က ဒီအရေးပေါ်သုံးတားဆေးမှာ Failere rate ဆိုတာရှိတယ်။ သူက ၁ဝခါ သုံးရင် တစ်ခါနှစ်ခါ လောက်မှာ ဆေးက မထိရောက်တတ်ဘူး။ အဲဒီအခါကျရင် မလိုချင်တဲ့ကလေး ရသွားတတ်တယ်။ ဒီဆေးတွေကို ယုံကြည်လို့မရဘူး။ ဒီဆေးတွေ ရှိ နေတာပဲဆိုပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေလို့ မရဘူး။ ဆရာ့ဆီကိုလာတဲ့ လူနာတစ်ယောက်ဆိုရင် ဒီဆေးတွေသောက်ပေမယ့် ကလေး ရလာ တယ်။ ဆေးရဲ့အညွှန်းမှာကတော့ ရာနှုန်းပြည့် ကိုယ်ဝန်မရနိုင်ဘူးဆိုပြီး ရေးထားတယ်။ တကယ်ကတော့ ဒီဆေးတွေက ရာနှုန်း ပြည့် စိတ်မချရဘူး။ နောက်ပြီး တစ်လအတွင်းမှာ ဒီဆေးကို ခဏ ခဏသောက်နေရင်လည်း ဆေး ယဉ်ပါးပြီး တစ်ချိန်မဟုတ်တစ်ချိန်မှာ မလိုချင်ဘဲ ကလေးရမှာပဲ။ ဒီဆေး မျိုးက တစ်ခါတစ်ရံ အရမ်းအရေး ပေါ် ဖြစ်နေတဲ့အချိန်မှာပဲ သုံးရတာ။ ပုံမှန်သုံးရင် သေချာပေါက်ဆိုးကျိုး တွေရမှာပဲ။ တချို့လူငယ်တွေကျ တော့လည်း ဒီဆေးတွေ မကြာခဏ သောက်မိလို့ ဆေးယဉ်ပြီး ကိုယ်ဝန် ရလာတဲ့အခါ လူကြီးမိဘတွေ အသိမပေးဘဲ တိတ်တိတ်လေး တရားမဝင် ကိုယ်ဝန်ဖျက်ချလို့ သေသွားရတာတွေလည်း အများ ကြီးရှိလာတယ်။ အများအားဖြင့် တော့ ဆယ်ကျော်သက်လူငယ် တွေပိုများတယ်။ နောက်ပြီး ဒီ ဆေးက ဘေးထွက် ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ရောဂါ အခံရှိတဲ့ အမျိုးသမီးတွေဆို ရုတ်တရက်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်တယ်။ ပုံမှန်တားဆေး တွေလည်း သူ့ဟာနဲ့သူ ဘေး ထွက်ဆိုးကျိုးတွေရှိကြတာပဲလေ” ဟု ၄င်းကထပ်လောင်းပြောသည်။
ထိုဆေးများမှာ တန်ဖိုးနည်းပြီး အလွယ်တကူဝယ်ယူ ရနိုင်သည့်အတွက် လူငယ်အများစုမှ လာရောက် ဝယ်ယူလေ့ရှိကြောင်း၊ ထိုဆေးမှာ လိင်ဆက် ဆံပြီး ၂၄ နာရီသို့မဟုတ် ၇၂ နာရီအတွင်း သောက်သုံး ပါက ကိုယ်ဝန်မရနိုင်ဟုသာ သိရှိကြပြီး ဆေးယဉ်ပါးမှုနှင့် ဆေးကြောင့်ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပြောပြလိုသော်လည်း အများစုမှာ လက်ခံနားထောင်လိုခြင်း မရှိကြောင်း ဆေးဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရ သည်။

သူရထွန်း

1 comment:

Crystal said...

ထပ်ဆင့်မျှဝေဖို့အတွက် လင့်ယူသွားပါတယ်ရှင်။

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)