ယမန်နေ့ ကအတင်းအဓမ္မ စစ်သားအဖြစ်စုဆောင်းခံခဲ့ရသည့် ၁၄နှစ်အရွယ် မောင်ဝေယံဖြိုး မိခင်လာရောက်
တိုင်ကြားစဉ် ပဲခူးမြို့အခြေစိုက် လမ်းပြကြယ် ဦး အေး မြင့်ကယခုကဲ့သို့ မြန်မာမိဘများအားသတိပေးပြောကြား
လိုက်ခြင်းဖြစ်သည်။
လမ်ပြကြယ်အဖွဲ့ခေါင်းဆောင် ဦး အေး မြင့်က“ မနေ့ ကILO ကိုတိုင်လိုက်ပြီးဖြစ်ပါတယ်။လာမယ့်သင်္ကြန်မှာ
ကလေးတွေ လမ်းပေါ်ထွက်ပြီးပျော်ကြမယ်၊ရေကစားကြမယ် အိမ်ပြန်တာအချိန်လွန်ကောင်းလွန်မယ်ပေါ့။
ဒီအခါမှာ မိဘတွေက ကိုယ့်သားသမီးတွေ စစ်သားစုဆောင်းတဲ့လူတွေလက်ထဲကိုမရောက်အောင် အထူး
သတိထားကြပါလို့ ကြိုတင်သတိပေးချင်ပါတယ်”
ဟု ပြောဆိုသွားသည်။
ပဲခူးတိုင်းဥက္ကံမြို့ ဦစိုးမြင့် နှင့်ဒေါ်ခင်မာလွင် တို့ ၏အသက်၁၄နှစ်အရွယ် မောင်ဝေယံဖြိုး ဆိုသည့်ကလေးငယ်
မိခင်နှင့်အတူ မွန်ပြည်နယ် ကျိက်ထိုမြို့အနီးရာဘာခြံတစ်ခုတွင်အလုပ်လုပ်နေကြသူများဖြစ်သည်။ပြီးခဲ့သည့် မတ်လ
၁၄ ရက်နေ့က မိဘများ မရှိစဉ် ကျိက်ထိုအခြေစိုက် ခလရ(၂)မှတပ်သားတင်ဇေါ်လင်း ကိုယ်ပိုင်အမှတ် တ/၄၃၉၄၈၉ ဆိုသူ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ ဒေါ်ခင်မာလွင်က“ကျမတို့ တပ်ထဲကိုသွား
ရှာတဲ့အခါ မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒီ တပ်သားတင်ဇေါ်လင်းလည်းထွက်ပြေးသွားပြီးလို့ ပြောတယ်။
ဒီသားလေးနဲ့ အတူလုပ်စားနေကြတာပါ” ဟု ပြောသည်။
၂၀၁၁ ခုနှစ်အတွင်း ယခု ရောက်ရှိလာသည့် ကလေးစစ်သားစုဆောင်းခံရမှုမှာ ၇ဦးမြောက်ဖြစ်ကြောင်း၊
တစ်ဦးကိုILO ကူညီပေးမှုကြောင့် မိဘ ရင်ခွင်သို့ ပြန်ပို့ နိုင်ခဲ့ပြီးဖြစ်ကြောင်းလမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦး အေး မြင့် က ပြောသည်။
သတင်း- ဦးကျော်သောင်း (ဘန်ကောက်)
(မတ် ၂၅၊၂၀၁၁)

No comments:
Post a Comment