(မတ်လ ၂၅၊၂၀၁၁)
ဘန်ကောက်မြို့ အနောက်ဖက် ကီလိုမီတာ၁၀၀ ခန့်အကွာရတ်ချဘူရီးပြည်နယ် ဘန့်ခါမြို့နယ် ရှိV&K နာနတ်သီး
စည်သွတ်စက်ရုံတွင် ယနေ့ နံနက်ပိုင်းက ဘန်ကောက်မြို့မှ လ၀ကများ ၀င်ရောက်ဖမ်းဆီးသဖြင့်
အလုပ်ရုံမှာလုံးဝရပ်နားခဲ့ရကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးကပြောသည်။
နံနက်၅နာရီခန့် က၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆယ်ဘီးကားဖြင့်၂စီး၊ခြောက်ဘီးကားဖြင့်၂စီးဟိုင်းလတ်ကား
ဖြင့်၂စီး စုစုပေါင်းအလုပ်သမား ၅၀၀ ထက်မနည်းဖမ်းဆီးသွားသည်။ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်ရှိသည့်
အလုပ်သမား ၁၀၀ ခန့် သာကျန်နေခဲ့သည်ဟု သူကဆိုသည်။
စက်ရုံအလုပ်သမားခေါင်းဆောင် ကိုခိုင်ဇေါ်နိုင်က“ အလုပ်သမားတွေဆီက ၁၅ ရက်တစ်ပတ်ကို ပုလိပ်ကြေး
ဘတ်၂၀၀စီဖြတ်ပါတယ်။တစ်လကို ဘတ်၄၀၀စီဖြတ်ပါတယ်။ ဒီလိုပေးနေတာ အယင်တုန်းကအေးဆေးပါ၊ခု
အာဏာပိုင်တွေနဲ့ အလုပ်ရုံနဲ့ အဆင်ပြေပုံမရဘူး။ပြီးခဲ့တဲ့ ၁၅ ရက်နေ့ က၂၁၆ ယောက်ပုလိပ်ဖမ်းသွားပါတယ်။
ဒီနေ့ လည်း ငါးရာကျော်လောက်ရှိမယ်ထင်တယ်၊အလုပ်သမားတွေကုန်ပြီး၊စက်ရုံပါပိတ်လိုက်ရပြီ ” ဟုပြောသည်။
ပြီးခဲ့သည့် ၁၅ ရက်နေ့ က ပုလိပ်ဝင်ဖမ်းမည်ဟုသတင်းကြားသဖြင့် အလုပ်ရုံမှ ကားကြီးများဖြင့် ဘုန်းကြီး
ကျောင်းတစ်ကျောင်းသို့ ပို့ ဆောင်းထားစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမား
၁၀၀၀ ခန့် လုပ်ကိုင်နေကြသည်။ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၄ ရက်နေ့ က အလုပ်ရုံတွင်
အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများအား အလုပ်သမားများ အလုပ်မဆင်ပဲ ဆောင်းဆိုဆန္ဒပြခဲ့သဖြင့်
အလုပ်သမားများ တောင်းဆိုချက်များအား အလုပ်ရုံမှလိုက်လျှောခဲ့သည်။
သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

1 comment:
မြန်မာအလုပ်သမားများ
အခက်အခဲအကြပ်အတည်းများမှ
အမြန်ဆုံးလွတ်မြောက်အဆင်ပြေကြပါစေ။
Post a Comment