**(ဟာဒယနှလုံး -တခဏပြုံး)**
ချီကာဂိုမြို့မှ ရုပ်ရှင်မင်းသမီးတစ်ဦးသည် ရှေ့နေရုံးခန်းသို့ ၀င်လာပြီး ရှေ့နေကို ခပ်ပြတ်ပြတ်ပင်ပြောသည်။
“ကျမ ယောင်္ကျားနဲ့ ကွာရှင်းချင်လို့”
ရှေ့နေကလည်း ခပ်အေးအေးပင်။
“ကျနော် တောင်းဆိုထားတဲ့ အဖိုးအခကိုရရင် ဆောင်ရွက်ပေးပါတယ်”
“ရှင့်ကို ဘယ်လောက်ပေးရမလဲ”
“ဒေါ်လာ ငါးရာ”
မင်းသမီးက နှုတ်ခမ်းမဲ့လိုက်၏။
“မတန်ဘူး။ လူမိုက်ငှားပြီး သတ်ခိုင်းတာကမှ ဒေါ်လာတစ်ရာပဲကုန်မယ်”
**ကိုကျေးတော**
(၂၀၀၇ ခုနှစ် သုတပဒေသာစာစောင်မှ)

No comments:
Post a Comment