ချစ်ကြိုးနွယ်ခဲ့ရသူရယ်။
မင်းကိုပြောမယ့် စကားလေးတွေ စောင့်ခဲ့ရ ရှည်ညောင်းခဲ့ပေါ့။
ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ ချစ်သူသိပါလေစ..။
ဒီခံစားချက်အချစ်တွေဟာ အစစ်အမှန်ဖြစ်ကြောင်းလည်း သိပါလေစ။
တစ်ခါတစ်ရံတော့ ချစ်သူ.မင်းတွေးသလို ကိုယ်တွေးခဲ့ဖူးပါရဲ့။
ကိုယ့်နာမည်မင်းကြားတဲ့အခါ မင်းပါးပြင်နုလေး ပန်းနုသွေးရောင်သန်းသွားလား။
မင်းအိပ်မက်ထဲ ညစဉ် ကိုယ်ခိုလှုံခွင့်ရခဲ့ဖူးလား။
ကိုယ့်ကို ထွေးပွေ့ဖက်ထားဖို့ ဆန္ဒရှိရဲ့လား။
ကိုယ့်တို့နှစ်ယောက်နီးစပ်ဖို့ တွေးမိခဲ့ဖူးလား။
မင်းနဲ့ကိုယ်နှစ်ယောက်တည်း ထာဝရတစ်ကမ္ဘာတည်ချင်ရဲ့လား။
ဒီအတွေးတွေ ကိုယ့်အသည်းအိမ်ထဲ တ၀ဲလည်လည်ဖြစ်နေမိတယ်.အချစ်ရယ်။
မင်းအတွက် ဖွင့်ထားတဲ့ ကိုယ့်အသည်းတံခါး
မင်းလေး သေချာပေါက် ရှာတွေ့နိုင်ပါတယ်ကွာ။
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ အရူးကြီးကိုယ့်တစ်ယောက်
သူငယ်ချင်းစည်းကျော်လို့ နုလုံးသားဖြောင့်ချက်ပဲ ပေးရမလား။
တိတ်တိတ်ပုန်း ခံစားချက်လေးကို ပြန်လည်လို့ပဲ မြုံထားလိုက်ရမလား။
သော့ပဲခေတ်လိုက်ရမလား၊ဖုံးပဲဖုံးထားလိုက်ရမလား။
ကိုယ်တကယ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ရပြီ။
ကိုယ်သည်းနုဟာလည်း ယောင်ရမ်းလို့ တဆစ်ဆစ်ကိုက်ခဲလာခဲ့ရပေါ့။
ကိုယ့်အချစ်တွေဟာ မင်းမြင်နိုင်သိနိုင်တာထက် ပိုလွန်ပါတယ်။
ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး။
သူငယ်ချင်းအဖြစ်နဲ့ ရပ်တည်ခွင့်ရရင်တောင်
အသက်တစ်ချောင်းနဲ့ အချစ်မပြောင်းဘဲ ဘ၀ပြောင်းတဲ့အထိ ချစ်သွားမယ်။
သီဟပျံချီ
တစ်နေ့ထက်တစ်နေ့ တစ်ရစ်ထက်တစ်ရစ်

No comments:
Post a Comment