ဂျပန်နိုင်ငံရှိတိုကျိုခရိုင်နှင့်ထိစပ်နေသော အိဘာရာခိခရိုင်နှင့်ချီးဘားခရိုင်တို့ အန္တရာယ်ဇုံထဲတွင်ပါဝင်ကြောင်း။ထို့ ကြောင့် ထိုခရိုင်နှစ်ခုတွင်ပြင်းထန်သောငလျင်ထပ်လှုပ်ခဲ့ပါက တိုကျိုခရိုင်ကိုပါရိုက်ခတ်နိုင်ကြောင်း။တိုကျိုအချို့နေရာများတွင်
လျှပ်စစ်မီးမျာပြတ်တောက်နေပီး တချို့ နေရာများတွင်ဂက်စ်များမလာတော့ကြောင်း။
ကျနော်တို့ နေထိုင်၇ာ ၀ါဆဲဒါးတက္ကသိုလ်ဘက်တွင် ဂက်စ်မရသောကြောင့် ချက်ပြုတ်စားသောက်ရန်အခက်အခဲတွေ့ ရပီး
ကွန်ဗီးနီးယန့် တ် စတိုးဆိုင်များတွင် မည်သည့်ပစ္စည်းမှဝယ်ယူမ၇နိုင်တော့ကြောင်း။ လမ်းမျာပေါ်တွင် လူများပြည့်ကျပ်လျက်
သွားလာနေကြကြောင်း ရထားများလုံးဝရပ်ဆိုင်းသွားသည့်အတွက် တက္ကစီဂိတ်များတွင်
လူများရာနှင့်ချီပီး တက္ကစီစောင့်ဆိုင်းနေကြကြောင်း။ လူအများမှာ ထိတ်လန့်တုန်လှုပ်နေဆဲ
ရှိကြပီး အိပ်မက်တခုလိုဖြစ်နေကြကြောင်း။ငလျင်ဒဏ်ကိုပြင်ထန်စွာခံလိုက်၇သော ဒေသများ
ရှိလူအသေအပျောက်စာရင်းမှာယခုအချိန်အထိ မခန့်မှန်းနိုင်သေးကြောင်း။ကယ်ဆယ်ရေးအဖွဲ့ များမှလည်း
အလျင်အမြန် ကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်နေကြောင်း၊ ဂက်စ်မ
ရှိသောကြောင့် ထမင်းချက်မစားရရှာသော ပေါင်မုန့် ကိုသာစားနေရရှာသော ၈ နှစ်သားလေး
ဇွဲဝေယံသက်လင်းက စကိုက်ပ်မှနေပီး ခေတ္တ ဥရောပရောက် ဖခင်ဖြစ်သူအားရှင်းပြခဲ့ကြောင်း။
သတင်းရေးပီးချိန်ထိသေဆုံးသူ ၇၁ဦး ရှိ။ တိုကျိုတွင်ရေလဲမရ ပြတ်နေပါကြောင်း။
**Thet Linn**

No comments:
Post a Comment