ဘဝအဓိပ္ပာယ်ရှာဖွေခြင်း ထက် ဆက်လက်ရှင်သန်ခြင်းက ရှေးကျသည်ဆိုသည့် စကားရှိခဲ့ ဖူးသည်။လောကကြီးတွင် လူသား တိုင်း ကိုယ်ပြုသမျှ ကိုယ်တာဝန် ယူကြမည်ဆိုလျှင် … မပြောင်း လဲသောကမ္ဘာကြီးတွင် အချိန် တိုင်း ပြောင်းလဲနေကြသည့် လူ သားများ …”ခေတ်တစ်ခေတ်တိုင်း အဲဒီခေတ်ရဲ့ သူရဲကောင်းတွေ မွေးထုတ် ပေးတယ်ဆိုတဲ့စကား သတိရကြပါရဲ့လား”ဟု မေး လိုက်ချင်သူက ကိုယ်ကိုယ်တိုင် ဖြစ်နေမည်ဆိုပါက…
**ပြတိုက်**
ပြတိုက် ဟု ဆိုလိုက်လျှင် အားလုံး၏ မျက်လုံးထဲတွင် ရှေးဟောင်း ပစ္စည်းများ စုပြုံ ထည့်ထားသည့် နေရာတစ်ခုကို ပြေးမြင်လိုက်ကြမည် ဖြစ်၏။ ယခု ပြတိုက်သည် ထိုကဲ့သို့ သော ပြတိုက်မျိုးမဟုတ် …။၁၉၃ဝ ပြည့်နှစ် မြန်မာနိုင်ငံ ၏ မန္တလေးတိုင်းဒေသကြီးရှိ ပင်လယ် ရေမျက်နှာပြင်အထက် ၃၅၃၈ ပေ အမြင့်၌ တည်ရှိသော မေမြို့ (သို့) ပြင်ဦးလွင်မြို့တွင် ‘ဦးဘတူ’ဆိုသူက ကော်ဖီနှင့် မြန်မာလူမျိုးများအား အစပျိုးပေး ခဲ့သည်။”အဲဒီအချိန်က အင်္ဂလိပ် ခေတ်ပေါ့။ အဘတောင် မမွေး သေး ပါဘူး။ အဖေတို့ ပြန်ပြောပြ တာပါ။ ဦးဘတူက ကော်ဖီပင် တွေနဲ့ အိန္ဒိယပညာရှင်တွေ ခေါ် လာပြီး စတင်စိုက်ပျိုးခဲ့တာပေါ့” ဟု ကော်ဖီပင်မြန်မာနိုင်ငံတွင် စတင် စိုက်ပျိုးခဲ့သူအကြောင်း ကို ရှင်းပြနေသူက ကော်ဖီသီး မှည့်ကို အမှိုက်ကင်းစင်အောင် ရွေးထုတ်နေသည့် အသက် ၇ဝ နီးပါးအရွယ်ရှိ အဘိုး ‘ဦးကော်ဖီ’ ဖြစ်သည်။
၁၉၅၇ ခုနှစ်တွင် ဦးဘတူ သည် ဂျာမနီနိုင်ငံ ဏမသဘအေ ကုမ္ပဏီမှ ဝယ်ယူသည့် ကော်ဖီ လှော်စက် ၂ လုံးဖြင့် ပြင်ဦးလွင် မြို့တွင် ကော်ဖီစက်ရုံကို တည် ထောင် ခဲ့လေ သည်။ကော်ဖီမှုန့်ကို B.T Brother Co., Ltd အမှတ်တံဆိပ်ဖြင့် စီးပွားဖြစ်ထုတ်လုပ်ပြီး မြန်မာ ပြည်သူများအကြား ကော်ဖီရနံ့ မွေးပျံ့စေခဲ့သည်မှာ ယနေ့ အချိန် ဆိုလျှင် နှစ်ပေါင်း ၈ဝ ကျော် ခဲ့ပြီ။”အဘကို ဒီကော်ဖီခြံမှာ မွေးလို့၊ ပြီးတော့ အခုချိန်ထိ ကော်ဖီသီးခူး၊ ကော်ဖီသီးရွေး၊ ကော်ဖီခင်းထဲမှာ ကြီးပြင်းလာလို့ ဦးကော်ဖီလို့ခေါ်ကြတယ်” ဟု အဘက ဆိုသည်။၁၉၆၅ ခုနှစ်တွင် ကော်ဖီ ခြံနှင့် ကော်ဖီစက်ရုံကို ပြည်သူ ပိုင်သိမ်းခဲ့ပြီး ဆွမ်းအုပ်တံဆိပ်ဖြင့် ကော်ဖီမှုန့် ထုတ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ရွှေခြင်္သေ့ (Golden Lion) အမှတ် တံဆိပ်ဖြင့် ထုတ်လုပ် ခဲ့သည်။”ဒီကော်ဖီခြံက နှစ်ပေါင်းများ စွာ ကြာပြီဆိုတော့ ဒီခြံမှာက ကော်ဖီ ထုတ်လုပ်တာ နဲ့ပတ်သက်ပြီး အဆောက်အအုံတွေကလည်း ရှိ တော့ နိုင်ငံခြားသားတွေ လာလာ ကြည့်ကြတယ်။ ကော်ဖီပြတိုက်ပေါ့။ ဒီမှာရှိတဲ့ ကော်ဖီပင်နဲ့အတူ တွဲ စိုက်ရတဲ့ အပင် တွေပဲကြည့်။ ဘယ် လောက် သက်တမ်းရှိပြီလဲ ဆိုတာ ပြတဲ့သဘောနဲ့ အပင်ကြီးတွေ ဖြစ်နေတာလေ” ဟု အတိတ်လမ်း ဟောင်း ပြန်ပြောင်း လွမ်းဆွတ် ပြောပြသူက အဘဦးကော်ဖီ ဖြစ် သည်။
**ကုန်းမြင့်ကော်ဖီ၊ မြေနိမ့်ကော်ဖီ**
ကော်ဖီပင်ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃ဝဝဝ ကျော်တွင် စိုက်ပျိုးလျှင် ကုန်းမြင့် ကော်ဖီ၊ အမြင့်ပေ ၂ဝဝဝ အောက် ဒေသများတွင် စိုက်ပျိုးလျှင် မြေနိမ့် ကော်ဖီဟု သတ်မှတ်ကြသည်။ကော်ဖီနှင့်ပတ်သက်၍ ဒဏ္ဍာရီ တစ်ပုဒ်တွင် နာမကျန်းဖြစ်နေသူ တစ်ယောက်ကို ဘုရားသခင်က မည်းနက်သောအရည်ကို သောက် သုံးခြင်းဖြင့် သင့်ရောဂါဘယများ ပျောက်ကင်းစေမည်ဟု ပြောပြီး မည်းနက်သော အရည်တစ်ခွက်ပေး တော်မူသည်။ ထိုမည်းနက်သော အရည်ကို သောက်သုံးပြီး နေ ကောင်းလာရုံမက လန်းဆန်းမှုများ ပြန်လည်ရရှိလာကြောင်း၊ ထိုအချိန် မှစ၍ ကမ္ဘာ့ကော်ဖီ စတင်လာ ကြောင်း အဘက ကြားဖူးသမျှ ကော်ဖီအကြောင်း ပြောပြသည်။
”ကော်ဖီသီးမှည့်က နီရဲနေ တော့ ချယ်ရီသီးလို့ ခေါ်ကြတယ်။ အဲဒီအသီးကိုခူး၊ ပြီးတော့ အမှိုက် ကင်းအောင် ရွေးထုတ်ရတယ်။ နောက်ကော်ဖီသီးကို ရေစိမ်ပြီး ရေ ပေါ်သီးတွေဖယ်ရတယ်။ ရေမြုပ်သီး တွေကိုပဲ အခွံချွတ်ပြီး ၄၈ နာရီ ကြာအချဉ်ဖောက်ရတယ်။ အချဉ် ဖောက်ပြီးရင် ကော်ဖီဆန်တွေကို အကျိအချွဲကုန်အောင် ရေနဲ့ဆေး ရတယ်။ ရေဆေးပြီး ကော်ဖီဆန် တွေကို သံဆန်ခါမှာ ပြန်ထည့်ပြီး အခြောက်လှန်းရတယ်။ အဲဒါတွေ က အဘတို့လုပ်ငန်းစဉ်ပေါ့” ဟု ကော်ဖီပင်မှ ကော်ဖီစေ့ရအောင် ပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းပြ သည်။
**တောင်ကတုံး သျှောင်ထုံးမည်**
ကော်ဖီပင်စိုက်ပျိုးရာတွင် မိုး ရေချိန် ၅ဝ လက်မအထက်ရရှိရန်လို အပ်ပြီး မြေနီအမျိုးအစားဖြစ်ရန် လည်း လိုအပ်လှသည်။ ကော်ဖီပင် နှင့်အတူ အရိပ်ရအပင် တွဲဖက် စိုက် ပျိုးရခြင်းကြောင့် တောင်ကတုံးများ ပြန်လည် သျှောင်ထုံးနိုင်စေမည့် သစ်တောများ ပြန်လည်ဖြစ်ထွန်း ခြင်း၊ ကော်ဖီစေ့မှ နိုင်ငံခြားဝင်ငွေ ရရှိစေနိုင် ခြင်းစသည့် အကျိုးတရား များစွာဖြင့် အကျိုးဖြစ်စေသည့် နှစ် ရှည်ပင် ဖြစ်သည်။”အဘတို့ရဲ့ ‘ချောင်းကွေ့’ ကော်ဖီခြံဆို လူတိုင်းသိကြတယ်။ အဘတို့ အဖေခေတ်က ဒီကော်ဖီ ခြံမှာ လုပ်လာကြတာဆိုတော့ မျိုး ဆက်အလိုက် လုပ်ဖြစ်ကြတာ။ ကော်ဖီခြံမှာပဲ အိမ်သဘောမျိုး နေ ကြတယ်။ ဒီခြံမှာပဲ ပြေးလွှားကစား ကြီးပြင်းလာတာပေါ့။ ဝင်ငွေ က တော့ စားလောက်တယ်ပေါ့။ ကော် ဖီပင်တွေကြားမှာ ကြီးပြင်းလာတော့ ဝင်ငွေက အရေးမကြီးပါဘူး။ ကော် ဖီသီး နီရဲရဲလေးတွေ မြင်နေရရင် နေရောင်မတွေ့ ရလည်း အရေး မကြီးပါဘူး။ ပျော်နေတာပဲ။ ကော်ဖီ ပင် စိုက်တတ်တဲ့ ပညာရှင်ဆိုတာ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ ရ တယ်။ မလွယ်ဘူး။ အဘကတော့ ‘ကော်ဖီ အရသာသည် လူကို လန်း စေရုံမက နှလုံးသားပါ လန်းစေ တယ်’လို့ ပြောခဲ့သူကို အရမ်း လေးစားတယ်ကွာ” ဟု အဘက ကော်ဖီခြံ၌ ငယ်စဉ်ကတည်းက ယခုအချိန် ထိ အလုပ်လုပ် ဖြစ်နေပုံ ကို ပြောပြသည်။
**ကော်ဖီအနုပညာ**
ကော်ဖီဖျော်ခြင်းသည် အနု ပညာတစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ ကော်ဖီပညာရှင်များက ဆိုသည်။ ကော်ဖီဖျော်ရာတွင် ပထမဦးစွာ ရေနွေး ပူပူဖြင့် နှပ်ခြင်း (Brewing)မှာ အရေးကြီးဆုံး ဖြစ်၍ ၇ မိနစ်ခန့် နှပ်ရမည်။ ကော်ဖီမှုန့်သည် အမှုန့်ကြိတ်ပြီး ၃ ရက်အတွင်း၊ လှော်ပြီး ၁ ပတ်အတွင်းဖြစ်ရမည်။ ကော်ဖီ ဖျော်မည့်ရေသည် အလွန်စေး သော ရေ၊ အလွန်သွက်သော ရေ မဖြစ်ရ။ ရေနွေးအပူချိန်သည် ၈ဝ ဒီဂရီစင်တီ ဂရိတ်နှင့် ၉၅ ဒီဂရီစင်တီဂရိတ် ရှိရမည်။ကော်ဖီပန်းကန်သည် ဖန် (သို့) ကြွေပန်းကန် ဖြစ်ရမည်။ ပလတ်စတစ် မဖြစ်ရ။ကဲ… ဘယ်လောက် အနု ပညာဆန်လိုက်သလဲ …။
**ဆက်လက်ရှင်သန်ဖို့ လိုအပ်သူ**
ဘဝအဓိပ္ပာယ်ရှာဖို့ ဆက် လက်ရှင်သန်ဖို့ လိုအပ်ကြောင်း သိရှိသူ အဘဦးကော်ဖီ ‘မြန်မာ့ ကော်ဖီ သမိုင်းအစ ဦးဘတူက’ဟု လာရောက်လေ့လာသူများကို ရှင်းပြရင်း ဘဝနေဝင်ချိန်ကို ချယ်ရီရောင် ကော်ဖီစေ့များ ရွေးချယ်ရင်း ဖြတ်သန်းနေဦးမည် ဆိုလျှင် …အတိတ်၊ ပစ္စုပ္ပန်ပြတိုက်ထဲ မှာ လူသားတစ်ယောက် မည် သည့် အချိန်ထိ ကော်ဖီသမိုင်းကို ကမ္ဗည်း မှတ်တမ်း ထုဆစ် ဖန်ဆင်း အသက်သွင်း နိုင် မလဲ…။(၂ဝ၁၁ ခုနှစ် ဇန်နဝါရီ အတွင်း မြန်မာ့နှစ်ရှည်ပင်နှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ကော်ဖီခြံများမှ ဖိတ်ကြားသော ပြင်ဦးလွင်ခရီးစဉ် အမှတ်တရ ရေးဖွဲ့ပါသည်။)
**ကိုသက်နိုင်**
(Popular News)
http://popularmyanmar.com/mpaper/?p=1465

No comments:
Post a Comment