** ကနေဒါတွင် ရထားတစ်စင်း လမ်းချော်ပြီး မီးလောင်မှုဖြစ်ပွား **
(အော့တ၀ါ၊ မတ်လ ၂၉ ရက်)
ကနေဒါနိုင်ငံ ပို့ခ်ဟုပ်အနီးတွင် မတ်လ ၂၇ ရက်နေ့က ကုန်တင်ရထားတစ်စင်း လမ်းချော်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ရထားလမ်းချော်မှု ဖြစ်ပွားသည့်နေရာတွင် ရထားလမ်းနှင့် အပြိုင်မျဉ်းပြိုင်ရှိနေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုလည်း အကြီးအကျယ် ပျက်စီးခဲ့သည်ကို ကနေဒီယန်ရုပ်သံလွှင့်ဌာနက သတင်းကြေညာသည်။ (အင်တာနက်)

(An earthquake damaged building in Tarlay, Burma, March 25, 2011)
** ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအား အာဆီယံအကူအညီပေးမည် **
(ဂျကာတာ၊ မတ်လ ၂၉ ရက်)
မြန်မာနိုင်ငံ၌ ကြာသပတေးနေ့က လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပတ်သက်၍ ၀မ်းနည်းကြောင်းနှင့် လိုအပ်သော အကူအညီပေးရန် အဆင်သင့်ရှိပါကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက တနင်္လာနေ့တွင် ပြောကြားသည်။ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် အာဆီယံဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးဥာဏ်လင်းတို့ တနင်္လာနေ့ မွန်းလွဲပိုင်းက တွေ့ဆုံရာတွင် ဒေါက်တာဆူရင်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:
Post a Comment