ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 7, 2011

သက်သတ်လွတ်နှင့်လူ့ကျင့်ဝတ်

>
သက်သတ်လွတ်ကိစ္စကို ဘာသာရေးရှုထောင့်က မကြည့်ဘဲ လူသားကျင့်ဝတ်ကနေကြည့်ပြီး ရေးချင်စရာတွေ ရင်ထဲမမျှအောင်ရှိနေခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အတိုင်းအတာနဲ့ရေးမှာ မဟုတ်ဘဲ မြန်မာပြည်အတိုင်းအတာကိုသာ ရေးမှာပါ။
အဓိက ခံစားရတဲ့အပိုင်းက တိရစ္ဆာန်ကို သတ်ပုံသတ်နည်းပါ။

လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ၀က်သတ်နည်းဟာ ၀က်ရဲ့နံကြားထဲကို ဓားမြှောင်နဲ့ တစ်ချက်တည်းထိုးချပြီး သတ်တဲ့နည်းပါ။ နှစ်ချက်ထိုးစရာတောင် မလိုဘူး။ တကယ့်ကို တစ်ချက်တည်းမှ တစ်ချက်တည်း။ ၀က်က အိခနဲအော်ပြီး လဲသွားတာပဲတဲ့။ ဒါက ကျွန်တော် မမြင်ဖူးဘူး။ ၀က်သတ်တဲ့လူ ပြောပြလို့သိရတာပါ။ အဲဒီလို သတ်နည်းနဲ့ သတ်ပေးရတာ ၀က်တစ်ကောင်သတ်ခ ၅၀ကျပ်ပဲ ရပါတယ်တဲ့။

အခုခေတ် ၀က်သတ်နည်းကတော့ ၀က်ကို သေအောင်သတ်တာမဟုတ်ဘဲ မသေအောင် သတ်တဲ့နည်းပါတဲ့။
ဝက်သတ်ရုံထဲမှာ ပတ်ပြေးနေတဲ့ဝက်ရဲ့ ဦးခေါင်းကို တင်းပုတ်နဲ့ အားကုန် ရိုက်ထည့်၊ ၀က်က ဆန့်ငင်ဆန့်ငင်နဲ့ လဲကျတဲ့အခါမှာ လူသုံးလေးယောက်က ၀က်ကိုတက်ချုပ်ပြီး တစ်ယောက်က ၀က်လည်ပင်းကို ဓားနဲ့လှီးတယ်။ ဓားနဲ့လှီးတာကို သေချာပြောပြပါမယ်။ ဓားကြီးရဲ့ဗြက်က တစ်ထွာလောက်ရှိပါတယ်။ အဲဒီဓားနဲ့ ၀က်လည်ပင်းကို အပေါ်ကလှီးတာမဟုတ်ဘဲ ဓားကြီးကို အောက်ကခံပြီး အပေါ်ကနေ ၀က်ခေါင်းကို လှည့်ကြိတ်တာပါ။ ၀က်လည်ပင်းက သွေးကြောကို ဖြတ်တာပါ။ ၀က်ဟာ ဝေဒနာဘယ်လောက်ခံရမလဲ တွေးကြည့်ပါ။

တစ်ယောက်က ၀က်လည်ပင်းသွေးကြော ဖြတ်နေချိန်မှာ ကျန်လူတွေက ၀က်ဗိုက်ကို အရှင်လတ်လတ်ခွဲပြီး အူတွေကို သင်အူကြိုးနဲ့လိုက်ချည်ပါတယ်။ အဲဒီလို ၀က်မသေခင် ၀က်ရဲ့အူတွေကို သင်အူကြိုးနဲ့ချည်လိုက်နိုင်မှ အဲဒီဝက်အူဟာ စားလို့အင်မတန်ချိုပါတယ်။ ၀က်သေပြီးမှ အူကိုထုတ်ရင် အူက အရမ်းခါးသတဲ့။ ဒါဘာကြောင့်လဲတော့ ဆေးပညာပိုင်းကို ကျွန်တော်မသိပါ။ မကြာခင် ၀က်သေသွားတော့မှ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးထဲ ၀က်ကို အကောင်လိုက်ထည့်ပြီး အမွေးရိတ်၊ ၀က်ဖျက်ပါတယ်။

ဝက်သတ်တာ အင်မတန်ရက်စက်တဲ့မြင်ကွင်းပါ။ ဒီနေရာမှာ လူ့စိတ် အောက်တန်းကျပုံကို ပြောပြချင်ပါတယ်။
လူတွေစားဖို့ လူတွေငွေရဖို့ ၀က်ကသေပေးရတဲ့ သတ္တ၀ါပါ။ ဒါကို ကိုယ်ချင်းစာနာစိတ် တစိုးတစိမှမရှိဘဲ၊
သြော် … သတ္တ၀ါတစ်ခုကံတစ်ခုပဲ ဆိုတဲ့ ဥပေက္ခာတရားလေးမျိုးတောင် မရှိဘဲ အလုပ်သဘောအရ ပုံမှန်သတ်ဖြတ်မှုမျိုးလည်း မဟုတ်ဘဲ၊ ၀က်သတ်တဲ့လူတွေဟာ ၀က်ကို အနှစ်နှစ်အလလက သူတို့ရဲ့ ရန်သူတော်ကြီးလို သဘောထားပြီး သရဲမရဲစီးသလို အညှိုးတကြီး ရက်ရက်စက်စက် သတ်ကြတဲ့ကိစ္စပါ။ ဗုဒ်ဓဘာသာ တိုင်းပြည်မို့သာပဲ။ ဒါကျွန်တော်ကိုယ်တိုင်မျက်မြင်။

ကျွန်တော့်အမျိုးတစ်ယောက် ရွာမှာ မင်္ဂလာဆောင်တော့ ရွာလုံးကျွတ်ကျွေးတဲ့ပွဲမှာ ၀က်သတ်တဲ့မြင်ကွင်းကို မြင်ခဲ့ရတာပါ။
မြို့ပြန်ရောက်တော့ ၀က်သတ်နည်းကို ကျွန်တော်လိုက်မေးတော့ မြို့မှာလည်း ဒီပုံအတိုင်းသတ်ကြတယ်။ (အူချိုဖို့အတွက် မသေအောင်သတ်ကြတယ်)
နောက်တစ်ခါ ကျွဲတွေနွားတွေ သတ်တာမှာလည်း လက်ကုန်ဇက်ကုန်ပါပဲ။ အလုပ်သဘောအရ သတ်တာမျိုးထက် ရန်သူတော်ကြီးကို သတ်သလိုမျိုး အရက်သောက်၊ ရဲဆေးတင်ပြီး ပျော်ပျော်ကြီးကို သတ်ကြတယ်။ ကျွန်တော် သွေးမကောင်းလို့ သွားမကြည့်ဘူး။ တဆင့်ပြောပဲ သိတာပါ။

အရှင်ဇ၀န ဟောတဲ့ စာရိတ္တသတ္တိ ဆိုတဲ့တရားခွေထဲမှာ ၀က်တွေကျွဲတွေသတ်နည်း ပါပါတယ်။ ရက်စက်မှုကမ်းကုန်ပါတယ်။
မယုံရင် အဲဒီတရားခွေရှာပြီး ကြည့်ကြပါ။ အခွေထွက်တာ မကြာသေးပါဘူး။ အဲဒီခွေထဲမှာ တရုတ်ပြည်မှာ နွားသတ်တဲ့ဗီဒီယို ပါပါတယ်။ နွားသတ်ရုံထဲမှာ နွားကြီးကို ခြေထောက်တစ်ချောင်းထဲကနေ ကြိုးနဲ့ဇောက်ထိုးချည်ထားပါတယ်။ ခြေထောက် နှစ်ချောင်းစလုံးကိုချည်တာ မဟုတ်ပါ။ နွားရဲ့ body တည်ဆောက်ပုံအရ ၀မ်းခေါင်းဖောင်းဖောင်းကြီးကို ခြေထောက်တစ်ချောင်းထဲရဲ့ အားနဲ့ ဇောက်ထိုးကြီးဆွဲထားတော့ နွားခမျာ ဘယ်လောက်ခံရလိမ့်မလဲ။ အဲဒီလို ဇောက်ထိုးဆွဲထားတဲ့နွားရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး သွေးခံပါတယ်။ နွားကြီးရဲ့ နောက်ခြေထောက်တစ်ချောင်းက ရုန်းနေပါတယ်။ ပြီးရင် နွားရဲ့မျက်နှာ (နွားဦးခေါင်း) အရေပြားကို ဓားနဲ့လှီးပြီး ခွာချပါတယ်။ အရှင်လတ်လတ်လုပ်တာပါ။

ကျွန်တော် ငယ်ငယ်တုန်းက စာအုပ်ထဲဖတ်ပြီး သိထားတဲ့နည်းက နွားတွေကို တစ်ကောင်ချင်းစီ သတ်တဲ့အခန်းထဲသွင်းပြီး သံဦးခေါင်းစွပ်အုပ်ပါတယ်။ ပြီးရင် နွားနဖူးကို သံတည်ပြီး တူကြီးနဲ့ရိုက်ချတဲ့နည်းပါ။ တစ်ချက်တည်းပြီးတဲ့နည်းပါ။ ခုများဖြင့် အဲဒီလို မဟုတ်ဘူး။ မတော်မတရား မဟားဒရားကြီးကို လုပ်ကြတာပါ။

ကြက်သတ်နည်းကိုလည်း ကျွန်တော်သိသမျှပြောပြပါမယ်။ ဈေးထဲမှာ ၇၈၆ အရောင်းဆိုင်ဟာ လုံးဝနီးပါး ရောင်းမကောင်းဘူး။ အကြောင်းက ကြက်ကို ဟာလာ လုပ်ထားလို့ပါတဲ့။ ဟာလာလုပ်တယ်ဆိုတာ သတ္တ၀ါကို ဝေဒနာမခံစားရအောင် လည်ပင်းကို တစ်ချက်တည်းလှီးပြီး သတ်တဲ့နည်းပါ။ သတ္တ၀ါကို နှိပ်စက်ညှင်းပန်းခွင့် မရှိဘူးပေါ့ဗျာ။ အဲဒီတော့ ကြက်လည်ပင်းကနေ သွေးထွက်လွန်ပြီး မျောရင်းသေသွားတယ်။ ကြက်သားကတော့ သိပ်မချိုဘူးတဲ့။

ကျွန်တော်တို့ ဗုဒ်ဓဘာသာဝင်များရဲ့ ကြက်သတ်ပုံသတ်နည်းလေးကတော့ ကျိုက်ကျိုက်ဆူနေတဲံ ရေနွေးအိုးထဲ ကြက်ကို အရှင်လတ်လတ် ခြေထောက်နှစ်ချောင်းကနေကိုင်ပြီး နှစ်သတ်တဲ့နည်းပါ။ အဲဒီလိုမှ ကြက်သားက ချိုတယ်တဲ့။
တိရစ္ဆာန်တွေ အချင်းချင်းတောင် ဒီလောက်ရက်ရက်စက်စက် သတ်ပြီးမစားကြပါဘူး။ Discovery မှာ ခြင်္သေ့တွေ ကျားတွေက သူတို့ရဲ့သားကောင်ကို သတ်ပြီးစားကြပုံ အားလုံး ကြည့်ဖူးကြမယ် ထင်ပါတယ်။ လူကတော့ တိရစ္ဆာန်အပေါ်တောင် တိရစ္ဆာန်တစ်ကောင်လို သဘောမထားနိုင်ဘဲ ရက်ရက်စက်စက် ယုတ်ယုတ်မာမာ သတ်ကြတယ်။ ဒီကိစ္စကို ဆိုင်ရာက အရေးယူပေးရင်ကောင်းမယ် ထင်မိပေမယ့် မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့လုပ်ဖို့က တကယ်မလွယ်ပါဘူး။

သူများက ကျွန်တော့်ကိုမေးတယ်။ ဘာဖြစ်လို့ သက်သတ်လွတ်စားသလဲ။ တိရစ္ဆာန်တွေကို သနားလို့ပါလို့ ကျွန်တော် အလွယ်ဖြေတယ်။
တကယ်က တိရစ္ဆာန်ကို သနားမိတာထက် ဒီလောက် ယုတ်ယုတ်မာမာ သတ်ကြတာကို လက်သင့်ခံနိုင်စွမ်းမရှိပါဘူး။ စားတဲ့လူရှိလို့ ရောင်းတဲ့လူရှိတာပါ။ ရောင်းတဲ့လူရှိလို့ သတ်တဲ့လူရှိတာပါ။ လူဆိုတာကလည်း အခြားသတ္တ၀ါ အခြားသက်ရှိတွေထက် အာဟာရပိုလိုအပ်တယ်။ အသားစားမှဖြစ်မယ်။ အာဟာရမပြည့်ဝရင် လူညွန့်တုံးမယ်။ မြတ်စွာဘုရားကိုယ်တိုင် အသားမစားရလို့ မပညတ်ထားပါဘူး။
ဘုရားဟောတွေရယ် ခေတ်စံနစ်ရယ်ကြားမှာ အစွန်းနှစ်ဖက်မထွက်အောင် လုပ်ဖို့တကယ် မလွယ်ပါ။ ကျွန်တော့်နည်းကို မျှဝေချင်ပါတယ်။

ဆရာလုပ်တာမဟုတ်ပါ။ ကျွန်တော် သက်သတ်လွတ်စားတာ တစ်လလောက်မှာ မခံနိုင်ပါဘူး။ အလုပ်လုပ်နေတဲ့လူအတွက် အာဟာရလိုပါတယ်။ ဒါကြောင့် ကျွန်တော် ခြေလေးချောင်းသားနဲ့ ခြေနှစ်ချောင်းသား မစားဘူး။ ခြေရှစ်ချောင်းသားပဲစားပါတယ်။ (ပုဇွန်နဲ့ ကင်းမွန်၊ ပြည်ကြီးငါး၊ ပုဇွန်လုံး၊ လက်ညှိုးလောက်ရှိတဲ့ငါးလေးတွေ) ခြေရှစ်ချောင်းသားကို နှိပ်စက်ပြီးသတ်လို့ မရဘူးလေ။

တိရစ္ဆာန်ဘ၀နဲ့ လူသားဖြစ်အင် ဘယ်ဟာ ပိုအရေးကြီးပါသလဲ။ လူသားဖြစ်အင်က ပိုအရေးကြီးတယ်ဆိုရင် ဘာကြောင့် အဟိတ်တိရစ္ဆာန်ကိုတောင် အလွတ်မပေးနိုင်ရမှာလဲ၊ အာဟာရပြည့်ဖို့ စားသင့်တယ်ဆိုရင် ဒီလောက်ရက်ရက်စက်စက် သတ်စရာလိုသလား။
သေချာတာကတော့ ကျွန်တော် မြန်မာပြည်မှာ နေနေသရွေ့ သားကြီးငါးကြီးစားဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး။

Credit to:
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။ mandalaygazette
-**မိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)