
(၁)
**အသေကောင်ကြီးတကောင်
လိုချင်တက်မက်မှုတွေနောက်
လိုချင်အောင်တမင်ဖန်တီးထားတဲ့
ပဉ္စလက်သရုပ်မှန်တွေ
လိုက်လေ-ဝေးလေနဲ့။
(၂)
**အသေကောင်ကြီးတကောင်
အတိတ်တွေကိုပြန်အန်ချဖို့
အခွင့်အရေးမရ
ကိုယ့်ဘ၀တခုလုံး
ငွေဝယ်ကျွန်အဖြစ်
ပြန်လည်ပေါင်နှံထားကြရင်း။
(၃)
**အသေကောင်ကြီးတကောင်
အရိုးပြိုင်းပြိုင်း
သစ်ရွက်ဝါ အပင်ကြီးတပင်လို
မကြာခင်-ရွက်ဝါ ရိုးဆစ်
ကြွေကျ-မြေခ
ပြီးတော့
ဖန်ဆင်းလာမယ့်
နေ့တနေ့ကို-ကျေနပ်အားရရင်း
အပြန်လမ်းအလာကောင်းဘို့
အတောင်အရွက်အသစ်တွေတပ်ဆင်ရင်းပေါ့။
**ကျည်ဝေဖြိုး**
(၂၀၀၀၅)

(၁)
**အသေကောင်ကြီးတကောင်
လိုချင်တက်မက်မှုတွေနောက်
လိုချင်အောင်တမင်ဖန်တီးထားတဲ့
ပဉ္စလက်သရုပ်မှန်တွေ
လိုက်လေ-ဝေးလေနဲ့။
(၂)
**အသေကောင်ကြီးတကောင်
အတိတ်တွေကိုပြန်အန်ချဖို့
အခွင့်အရေးမရ
ကိုယ့်ဘ၀တခုလုံး
ငွေဝယ်ကျွန်အဖြစ်
ပြန်လည်ပေါင်နှံထားကြရင်း။
(၃)
**အသေကောင်ကြီးတကောင်
အရိုးပြိုင်းပြိုင်း
သစ်ရွက်ဝါ အပင်ကြီးတပင်လို
မကြာခင်-ရွက်ဝါ ရိုးဆစ်
ကြွေကျ-မြေခ
ပြီးတော့
ဖန်ဆင်းလာမယ့်
နေ့တနေ့ကို-ကျေနပ်အားရရင်း
အပြန်လမ်းအလာကောင်းဘို့
အတောင်အရွက်အသစ်တွေတပ်ဆင်ရင်းပေါ့။
**ကျည်ဝေဖြိုး**
(၂၀၀၀၅)


No comments:
Post a Comment