ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 21, 2011

သော့

>
သူဟာ မိသားစုအပေါ် သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပါ။ လက်ထပ်ပြီးနောက် သူကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်စေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး ညည့်နက်မှ ပြန်လာတာကိုလည်း ကျွန်မ ခွင့်လွတ်ခဲ့တယ်။ အားလပ်ချိန်မှာ အိမ်အလုပ် ကူမလုပ်ခဲ့တာ ကိုလည်း သည်းခံခဲ့တယ်။

သော့တစ်ချောင်း အစပြုလို့ သူ့ကို ကျွန်မစပြီး သံသယ၀င်မိတယ်။ ကျွန်မဟာ အိမ်ထောင့်တာဝန် ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူ့အပြုအမှု၊ သူ့အရိပ်အကဲကို ကြည့်ပြီး သူ့စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မ ခန့်မှန်းလို့ရပါတယ်။ သူမှာ နဂိုသော့(၄)ချောင်းရှိတယ်။ အိမ်တံခါးမကြီးသော့၊ အိပ်ခန်းနှစ်ခန်းသော့၊ နောက်သူ့ရုံးခန်းသော့... ဘယ်တုန်းကများ သူ့အိတ်ထဲ သော့တစ်ချောင်း ပိုလာတာလဲ... ကျွန်မ အလေးမထားသလိုနဲ့ မေးကြည့်ဖူးသေးတယ်။ ဒါပေမဲ့ သူဘာမှ မသိသလိုနဲ့ စကားလမ်းကြောင်းလွဲလိုက်တယ်။ ဒါကြောင့် အဲဒီသော့ကို ကျွန်မပို သံသယဖြစ်မိတယ်။

သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မ ဖုန်းဆက်တတ်လာတယ်။ လမ်းကြုံသလိုနဲ့ သူ့ရုံးခန်းကို သွားတတ်လာတယ်။ ရုံးဆင်းရင်လည်း သူ့ကိုသွားကြိုသလိုနဲ့ ကျွန်မ အဲဒီသော့အကြောင်းကို စုံစမ်းတတ်လာခဲ့တယ်။ အရင်ကလို အလုပ်ကို ကျွန်မ ဦးစားမပေးတော့ဘဲ သူ့ကို ပိုဂရုစိုက်၊ ပိုပြုစုတတ်လာတယ်။ ရုံးပိတ်ရက်တွေဆိုရင်လည်း အပြင်ထွက်မလည်တော့ဘဲ အစားကောင်းတွေ ချက်ပြုတ်ရင်း သူ့အတွက် အိမ်ထောင်ရှင်မကောင်း တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ နှောင်းသွားခဲ့ပြီလား...

သူအရင်ကထက် စကားနည်းလာတယ်။ အရင်ကလို သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်မကို အသိမပေးတော့ဘူး။ သန်းခေါင်ယံ နိုးလာရင်လည်း လေသာဆောင်မှာ မိုးလင်းပေါက် ထိုင်နေခဲ့တတ်တယ်။ အမြဲစိတ်လှုပ်ရှားနေတတ်ပြီး အရင်လို မသွက်လက်တော့ဘူး။ ဟိုမေ့ဒီမေ့နဲ့ အလုပ်မှာလည်း စိတ်ပါဝင်မှု လျှော့လာခဲ့တယ်။ သူပြောင်းလဲသွားပြီလား.. ဒါပေမဲ့ ကျွန်မအပေါ် ချစ်တဲ့စိတ်၊ ယုယတဲ့စိတ်တော့ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ သံသယ၀င်နေဆဲပါပဲ။

နေ့ညမပြတ် အဲဒီသော့ရဲ့ သဲလွန်စကို ကျွန်မရှာခဲ့တယ်။ နောက်ဆုံး အဲဒီသော့ဟာ ဘဏ်တစ်ခုရဲ့ မီးခံသေတ္တာသော့ဆိုတာကို ကျွန်မ စုံစမ်းခဲ့ရတယ်။ သော့ကို သူမသိအောင် ကျွန်မတိတ်တိတ်လေး ယူပြီး ဘဏ်ကို သွားလိုက်မိတယ်။

ကျွန်မ တုန်လှုပ်စွာနဲ့ သော့ကို ဖွင့်ရင်း သိချင်စိတ်က အရမ်းပြင်းပြနေခဲ့တယ်။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ အတွင်းမှာ ရတနာသေတ္တာ ဘူးလေးတစ်ခု... ကျွန်မ အသက်ကို ပြင်းပြင်းရှုရင်း သေတ္တာကို ဖွင့်လိုက်မိတယ်။ “တော်တော်ရိုးအတဲ့လူ” လို့ ရေရွတ်ပြီး ကျွန်မ ပြုံးလိုက်မိတယ်။

ဘူးထဲမှာ ဓာတ်ပုံတစ်ပုံ... ပုံက ကျွန်မနဲ့သူ ပထမဆုံး တွဲရိုက်ထားတဲ့ပုံ... နောက် သူ့ကို ရေးပေးခဲ့ဖူးတဲ့ ကျွန်မရဲ့ စာတွေ စုစုပေါင်း(၂၈)စောင် ကျွန်မ အချိုမြိန်ဆုံး ပြုံးလိုက်မိတယ်။

စာတွေရဲ့ အောက်မှာတော့ ချက်လက်မှတ်နဲ့ သေတမ်းစာ “အခုမှ အသက်၃၀ကျော်ပဲ ရှိသေးတယ်။ ဘာသေတမ်းစာ ရေးထားတာလဲ.. အိမ်ရောက်မှ ကောင်းကောင်းဆူလိုက်ဦးမယ်” ကျွန်မ ရေရွတ်နေပေမဲ့လည်း ဘာသေတမ်းစာလဲဆိုတာကို အရမ်း စိတ်ဝင်စားသွားမိတယ်။ စာအိတ်ကို ကျွန်မ ဖောက်ကြည့်လိုက်မိတယ်။ သေတမ်းစာထဲမှာတော့ xxxx အိမ်နဲ့ စုငွေ ၂၀%ကို မိဘအတွက်၊ ၁၀% အစ်ကိုအတွက်၊ ၃၀% ကို ဘိုးဘွားရိပ်သာအတွက်၊ ကျန်တဲ့ငွေနဲ့ ရင်းနှီးမြုပ်နှံငွေတွေမှာတော့ ကျွန်မနာမည်ရေးထားတယ်။ ကျွန်မ ငိုမိတယ်။

ကျွန်မသာ သူ့ကို သံသယ၀င်နေခဲ့တာ၊ မယုံခဲ့တာ။ တကယ်တော့ သူဟာ ကျွန်မကိုပဲ ချစ်ခဲ့တယ်။ သစ္စာရှိခဲ့တယ်။ စာရွက်တွေကို ဘူးထဲ ပြန်ထည့်မယ်လုပ်တော့ ကျွန်မလက်ထဲကနေ စာရွက်လေးတစ်ရွက် ပြုတ်ကျသွားတယ်။ ကျွန်မ ကောက်ယူကြည့်မိတော့ ဆေးစာတစ်စောင်... လူနာနေရာမှာ သူ့နာမည် ရေးထားတယ်။ ဆေးစာရဲ့ အောက်တစ်နေရာမှာ ရှင်းလင်းထင်ရှားတဲ့ စာလုံးလေးလုံး “အရိုးကင်ဆာ” တဲ့။

လူတိုင်းရဲ့ စိတ်မှာ သော့တစ်ချောင်းကိုယ်စီရှိတယ်။ အဲဒီသော့ရဲ့ နာမည်က “သံသယ” တဲ့။ ကျွန်မကတော့ ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ စိတ်တံခါးပေါက် တစ်ပေါက်ရှိတယ်။ အဲဒီတံခါးပေါက်ကို “သံသယ တံခါးပေါက်” လို့ခေါ်တယ်။ “အချစ်”ဆိုတဲ့ သော့သာ အဲဒီတံခါးပေါက်ကို ဖွင့်နိုင်မှာပါ။

(သော့ဆိုတာ တံခါးဖွင့်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ တံခါးခေါက်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံဟာ သုံးတဲ့လူရဲ့ သုံးတတ်တဲ့ အပေါ်မှုတည်ပါတယ်)

**နိုင်းနိုင်းစနေ**
သွားဖတ်နေကျ youthwant.com.tw ထဲက စာလေးတစ်ပုဒ်အား ဘာသာပြန် ခံစားသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)