**Public Health****ညစဉ် ခုနစ်နာရီပြည့်အောင် မအိပ်လျှင်းသွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါများရနိုင်**
ညစဉ် ခုနစ်နာရီထက် လျော့နည်းအောင် အိပ်သူများသည် လုပ်ငန်းခွင်၌ အခတ်အခဲများနှင့်ကြုံတွေ့ရပြီး မော်တော်ယာဉ် မောင်းနှင်းရာတွင်လည်း ဆိုးရွာသောအမှားအယွင်းများနှင့် ရင်ဆိုင်ရတတ်သည့်အပြင် အသက်အန္တရာယ်ရှိသော ရောဂါများလည်းဖြစ်ပွားနိုင်ကြောင်း ဗြိတိန်သုတေသန ပညာရှင်များ၏ လေ့လာချက်၌ ဖော်ပြထားသည်။
ညတိုင်း ၇ နာရီပြည့်ဝအောင် မအိပ်ရသည့် အိပ်ရေးပျက်သူများအားသုတေသနပြုကြည့်ရာ လုပ်ငန်းခွင်၌ စိတ်လတ်ပေါ့ပါးလန်းဆန်းစွာ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ အမှားအယွင်းများ လုပ်တတ်ကြကြောင်း၊၄င်းတို့၏ အမူအကျင့်များနှင့် အလေ့အထများမှာလည်း ကောင်းမွန်မှုမရှိကြောင်းတွေ့ရှိရသည့်ဟုဆို၏။

အိပ်ရေးမ၀ခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများဖြစ်ပွားတတ်သည်ကို တွေ့ရှိရကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။
အနည်းဆုံးညစဉ် ခုနစ်နာရီနှင့်ကိုးနာရီကြာမျှ အိပ်စက်ပါက ယင်းရောဂါများဖြစ်ပွားနိုင်မှု နည်းပါးကြောင်းသိရသည်။
အစားအစာကို ပုံမှန်စားခြင်း၊ လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတို့သည် ကျန်းမာရေးအတွက် နေ့စဉ်လိုက်နာကျင့်သုံးရမည့် အချက်များပင်ဖြစ်သည်။
အိပ်ရေးဝအောင် မအိပ်စက်ပါက လူမှုဆက်ဆံရေးအပိုင်းတွင်လည်း ဒေါသထွက်လွယ်ခြင်း၊ ဆုံးဖြတ်ချက်မှားယွင်းခြင်းနှင့် အပြောအဆိုမှားယွင်းခြင်းတို့အပြင် ရောဂါများလည်း အလွယ်တကူ ၀င်ရောက်နိုင်ကြောင်းသိရှိရသည်။(အင်တာနက်)
**စုစည်းဘာသာပြန်-မောင်ချစ်ကြည်**
ီ
**Public Health**
**ညစဉ် ခုနစ်နာရီပြည့်အောင် မအိပ်လျှင်းသွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါများရနိုင်**

No comments:
Post a Comment