ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 21, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
**နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည် ပါကစ္စတန် စမ်းသပ်ပစ်လွှတ်**
(အစ္စလမ္မာဘတ် ၊ ဧပြီ ၁၉ )
ပါကစ္စတန်နိုင်ငံက နျူကလီးယား ထိပ်ဖူးတပ် တာတိုပစ်ဒုံးကျည်တစ်စင်းကို ဧပြီ၁၉ရက် နံနက်ပိုင်းက အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောကြားသည်။
ဟက်ဖ်-၉ (ယာပုံ) ဟု အမည်ပေးထားသော မြေပြင်မှ မြေပြင်ပစ် ၄င်းဒုံးကျည်ကို ပါကစ္စတန်နိုင်ငံစစ်လက်နက်များ စွမ်းအားမြင့်ရေးအတွက် နည်းပညာသစ်များဖြင့် ထပ်မံဖြည့်ဆည်း ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယင်းဒုံးကျည်သည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်ကာ ပစ်မှတ်ကို တိကျမှန်ကန်စွာ ပစ်ခတ်နိုင်ခံကြောင်း၊ ခြိမ်းခြောက်မှုအသစ်များ ဟန့်တားနိုင်ရန်အတွက် လျင်မြန်စွာ တုံ့ပြန်နိုင်သည့်နည်းသနစ်များကို ၄င်းဒုံးကျည်၌
ထည့်သွင်းထားကြောင်း ပါကစ္စတန်စစ်ဘက်က ဖြည့်စွက်ပြောကြားသည်။ (အင်တာနက်)

(Chinese graduates at a job fair in Kunming on 10 March 2011 More and more Chinese parents are paying for their children to study overseas 0
**ပြည်ပသို့ သွားရောက်ပညာဆည်းပူးသည့် တရုတ်ကျောင်းသားဦးရေကမ္ဘာပေါ်တွင်အများဆုံးဖြစ်**
(ပေကျင်း၊ဧပြီ ၁၉)
တရုတ်နိုင်ငံမှ ပြည်နိုင်ငံများသို့ ပညာသွားရောက်လေ့လာဆည်းပူးနေသော ကျောင်းသားကျောင်းသူဦးရေမှာ
၂၀၁၀ ခုနစ်ကုန်၌ ၁ ဒသမ ၂၇ သန်းထိရှိခဲ့ရာ ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း၊ ၂၀၀၉ ခုနစ်ကထက်
ပိုမိုများပြားလာခဲ့ကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်ထုတ်ပြန်သော စာရင်းဇယားများ၌ ဖော်ပြသည်။ပြည်ပသို့ ပညာသင်သွားရောက်ရာတွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ဗြိတိန်၊ တောင်ကိုးရီးယား၊ ကနေဒါ၊ စင်ကာပူ၊ ပြင်သစ်၊ ဂျာမနီနှင့်ရုရှားနိုင်ငံများသို့ အများဆုံးဦးစားပေး ရွေးချယ်သွားရောက်ကြကြောင်၊ အ၊ခြားနိုင်ငံများသို့
၁၀ ရာခိုင်နှုန်းခန့်သာ သွားရောက်ကြကြောင်း ယင်းစာရင်းဇယားများတွင် ဆက်လတ်ဖော်ပြသည်။
အဆိုပါ ကျောင်းသားကျောင်းသူဦးရေသည် ၂၀၀၉ ခုနစ်ကထက် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပြည်ပသို့ပညာသင်သွားရောက်သည့် ကျောင်းသားသစ်ဦးရေမှာ ၂၈၅၀၀၀ အထိတိုးမြင့်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံရှိဒါဇင်ပေါင်းများစွာသောကောလိပ်နိုင်ငံတကာတက္ကသိုလ်များသို့တရုတ်ကျောင်းသား
ကျောင်းသူများဦးစားပေးရွေးချယ်၍ သွားရောက်ပညာဆည်းကြကြောင်း သိရသည်။ (အင်တာနက်)

**အမေရိကန်ရှိ ကနေဒီလေဆိပ်၌ ခရီးသည်တင်လေယာဉ်နှစ်စင်းတိုက် မိ**
(နယူးယောက်၊ ဧပြီ ၁၉)
အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်တွင် ဧပြီ ၁၈ ရက်ညပိုင်းက ပြင်သစ်နိုင်ငံသို့ ပျံသန်းထွက်ခွာမည့် အဲဘတ်အေး-၃၈၀အမျိုးအစားခရီးသည်တင် လေယာဉ်ကြီးသည် လေဆိပ်မှ ပျံတက်ရန် လေယာဉ်ပြေးလမ်းသို့ မောင်းနှင်လာစဉ်အရှိန်အထိန်းနိုင်ဘဲ အရာရှိများက ဧပြီ ၁၉ ရက်၌ ပြောကြားသည်။
အတိုက်ခံရသည့်လေယာဉ်မှာ ဘော်စတွန်မြို့မှ ပျံသန်းလာပြီး ဂျန်အက်ဖ်ကနေဒီလေဆိပ်သို့ဆင်းသက်ကာ ရပ်နားရန်
ပြင်ဆင်နေသော ကိုမိုင်ရာ လေကြောင်းမှ ခရီးသည်တင်အမှတ် ၆၂၉၃ လေယာဉ်ဖြစ်သည်။ထိုသို့ လေယာဉ်နှစ်စင်းတိုက
်မိမှုကြောင့် နှစ်စင်းစလုံးထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ သို့သော်ခရီးသည်များ ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ (အင်တာနက်)

**မူးယစ်ဆေးသယ်ဆောင်သည့်ရေယာဉ် ပနားမားရေပိုင်နက်၌ ဖမ်းမိ**
(ပနားမားစီးတီး ၊ ဧပြီ ၁၉)
ပနားမားနိုင်ငံ ကိုလုန်ပြည်နယ်ရှိ နာရန်ဂျိုကျွန်းကမ်းလွန်းတွင် ဧပြီ ၁၈ ရက်က မှုးယစ်ဆေးဝါး ၃၉၅ ကီလိုဂရမ် သယ်ဆောင်လာသော အမြန်ရေယာဉ်ကို ပနားမားလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ပနားမားအရာရှိများက
ဧပြီ ၁၉ ရက်၌ ပြောကြားသည်။
ပနားမားရေတပ် လုံခြုံရေးကင်လှည့်ရေယာဉ်က သိမ်ဆည်းရမိခဲ့သော ယင်းအမြန်ရေယာဉ်သည် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်နေကြောင်း ၄င်းတို့ကသတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။
ယင်းအမြန်ရေယာဉ်ကို စစ်ဆေးရန်ချဉ်ကပ်သွားသည့်အခါ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ၄င်းအမြန်
ရေယာဉ်ပေါ်မှ ကိုလံဘီယာနိုင်ငံသားတစ်ဦးနှင့် ပနားမားနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ (အင်တာနက်)

**တူရကီ၌ သိုလှောင်ရုံမီးလောင်ငါးဦးသေဆုံး၊ အချို့ဒဏ်ရာရ**
(အစ္စတန်ဘူလ်၊ ဧပြီ ၁၉)
တူရကီနိုင်ငံ အီဇမီရာမြို့တွင် ဧပြီ ၁၈ ရက်က ကုန်ပစ္စည်းသိုလှောင်ရုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးပြီ အချို့ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးလည်းပါဝင်ကြောင်း တူရကီရဲတပ်ဖွဲ့ဝင်များက
ပြောကြားသည်။
ယင်းသိုလှောင်ရုံး မီးလောင်မှုဖြစ်ပွားပြီးနောက် သိုလှောင်ရုံး အနောက်ဘက်တွင်ထားရှိသော ဓာတ်ငွေ့အိုးများလည်း
ပေါက်ကွဲခဲ့ရာမှ မီးလောင်မှုပြင်းထန်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုပြင်းထန်သဖြင့် အနီးဝန်းကျင်ရှိ နေအိမ်အဆောက်အအုံများနှင့် မော်တော်ယာဉ်များပါ ကူးစက်မီးလောင်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှာ မီးငြှိမ်းသတ်ရေးကြိုးစားစဉ် သိုလှောင်ရုံးခေါင်မိုးပေါ်မှ ပြုတ်ကျခဲ့သဖြင့် သေဆုံးခဲ့ရသည်။
အခြားသေဆုံးသူလေးဦးမှာ ၄င်းသိုလှောင်ရုံးမှ အလုပ်သမားများဖြစ်သည်။ မီးလောင်မှုနှင့်ပတ်သက်ပြီး မည်သို့မည်ပုံ
ဖြစ်ပွားခဲ့သည်ကို တူရကီအရာရှိများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ (အင်တာနက်)

**စုစည်းဘာသာပြန်-မြင့်မောင်စိုး၊ မောင်ချစ်ကြည်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)