ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 21, 2011

အရောင်တွေနဲ့ ဘဝလမ်း

>
ရှည်လျားလှတဲ့ လူ့ဘဝခရီးလမ်းကို လမ်းသုံးလမ်းနဲ့ ဆက်သွယ်တိုးချဲ့ထားတယ်။ အဲဒီလမ်းတွေက သူငယ်ချင်းလမ်း၊ အချစ်လမ်း၊ မိသားစုလမ်းဆိုတဲ့ လမ်းတွေဖြစ်တယ်။ လမ်းတိုင်းမှာ ရောင်စုံအမှတ်အသားတွေ ကိုယ်စီရှိကြတယ်။ စည်းမျဉ်းတွေ ကိုယ်စီရှိကြတယ်။ ရောင်စုံအမှတ်အသားတွေရဲ့ အဓိပ္ပာယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး စည်းမျဉ်းတွေရဲ့ အရေးပါတဲ့အချက်တွေကို လက်ကိုင်ထားနိုင်ရင် ခရီးလမ်းမှာ အန္တရာယ်မရှိ၊ အခက်အခဲမရှိ အဆုံးထိ လျှောက်လှမ်းနိုင်မှာဖြစ်တယ်။

** အဝါရောင် သူငယ်ချင်း လမ်း**
သူငယ်ချင်းလမ်းမှာ လျှောက်လှမ်းနေသူတွေကို အဝါရောင်က နွေးထွေးစေတယ်။ ငြိမ်သက်အေးချမ်းစေတယ်။ များသောအားဖြင့် ပါးလျလျစောင့်မျှော်ခြင်းတစ်မျိုးကို ဖြစ်စေတယ်။ လမ်းခရီးမှာ ရှေ့ကကား၊ နောက်ကကား၊ ဘယ်ဖက်ညာဖက်က ကားတွေ သင့်ကိုပွတ်တိုက်သွားတာပဲ ဖြစ်ဖြစ်၊ ကျော်တက်ပြီး နောက်ပြန်လှည့်ကြည့်တာပဲဖြစ်ဖြစ် သင့်ရင်ကို ခုန်လှုပ်စေတယ်။ ဒါပေမယ့် အဲဒီကားတွေကို သင်ဂမူးရှုးထိုး လက်ပြလို့မရဘူး၊ မချည်းကပ်ရဘူး။ စေတနာ မပိုရဘူး။ နို့မဟုတ်ရင် သင့်ဟာ ရာဂထန်သူလို့ သတ်မှတ်ခံရလိမ့်မယ်။

သင့်စိတ်ကို ပိုလှုပ်ရှားစေတဲ့ကား ဒါမှမဟုတ် သင်နဲ့လမ်းဆုံးထိ အတူရှိနေမယ့်ကား ဒါမှမဟုတ် သင့်ကိုရှေ့ကနေ တိတ်တဆိတ် ဦးဆောင်လမ်းပြနေတဲ့ကား ဒါမှမဟုတ် သင့်နောက်ကနေပြီး တိတ်တဆိတ် ငြိမ်ငြိမ်သက်သက် အားပေးဖေးမနေတဲ့ကားကိုပဲ သင်ဖြေးဖြေးချင်း ချဉ်းကပ်ရမှာဖြစ်တယ်။ ဒီအဝါရောင် သူငယ်ချင်းမိတ်ဆွေလမ်းပေါ်က အဝါရောင်ကားလေးဟာ တခြားကားနဲ့ တဖြေးဖြေး ရင်းနှီးကျွမ်းဝင်မှုတွေရပြီး အနီရောင်ချစ်သူလမ်းဆီ ကူးရင်လည်း ကူးသွားနိုင်ပါတယ်။

**အနီရောင် ချစ်သူလမ်း**

မီးလျှံလို အနီရောင်ကား၊ မီးရောင်လို လမ်းမ၊ မီးတောင်လို ပေါက်ကွဲပန်းထွက်မယ့် အချစ်လမ်းမှာ ကားတွေဟာ တစ်စီးပြီးတစ်စီး သင့်ဘေးကနေ လေအလျင်လို တဟူးဟူးဖြတ်သွားကြလိမ့်မယ်။ အဲဒီကားတွေရဲ့ ခံစားချက်တွေဟာ ချော်ရည်လိုပူပြင်းမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

အနီရောင်ဟာ သတိပေးတဲ့ အမှတ်အသားဖြစ်သလို သင့်ကို ကယောက်ချောက်ချားဖြစ်စေတဲ့ အမှတ်အသားလည်းဖြစ်တယ်။ ဒီလမ်းပေါ်မှာ သင်ရူးရူးမူးမူး မောင်းနှင်လို့ရတယ်။ နက်နက်နဲနဲ ချစ်ကြိုက်လို့ရတယ်။ ဒါပေမယ့် တစိုက်မတ်မတ်ပဲ မောင်းနှင်ရမယ်။ "ဟိုတစ်ခုက ကောင်းသလိုလို၊ ဒီတောင်ကပဲ ပိုမြင့်သလိုလို"နဲ့ ဟိုယောင်ဒီယောင် မဖြစ်ရဘူး။ တည်တည်သန့်သန့် တစ်ခုဆိုတစ်ခု ပြင်းအားကောင်းကောင်းနဲ့ မောင်းနှင်ရပါမယ်။ တခြားအနီရောင်ကားတွေကို အနီရောင်မီးပွိုင့်အဖြစ် မှတ်ယူပြီး ဝေးဝေးရှောင်ရမယ်။ ဒါမှမဟုတ် ရပ်စောင့်ရပါမယ်။ အနီရောင်မီးပွိုင့်ကို အတင်းကျော်ဖြတ်တဲ့ ကားတချို့က သူတစ်ပါးကို ထိခိုက်နာကျင်အောင်၊ သူတစ်ပါးရဲ့အချစ်ကို ပျက်စီးအောင်လုပ်သလို ကိုယ့်အချစ်၊ ကိုယ့်ပျော်ရွှင်ခြင်းကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

လူ့ဘဝလမ်းတစ်လျှောက်မှာ ဒီလမ်းလေးက လူကို စိတ်အလှုပ်ရှားဆုံး၊ ရင်ကိုအနူးညံ့ဆုံး၊ မျက်ရည်တွေ အဝဲသီဆုံး လမ်းဖြစ်သလို ထိခိုက်၊ နာကျင်မှုလည်း အများစေဆုံးလမ်းဖြစ်တယ်။ အနီရောင် အချစ်လမ်းလေးအတိုင်း ဆက်လက်မောင်းနှင်ပြီး၊ ကွေ့ကောက်တဲ့ လမ်းတံတားတွေကိုဖြတ်ပြီး၊ ထာဝရ တောအုပ်လေးကိုဖြတ်ပြီး၊ ညုတုမြူတု တောင်ကမူလေးကို ဖြတ်ပြီးတဲ့နောက် ရှေ့မှာမြင်ရမယ့်အရာက အစိမ်းရောင် မိသားစုလမ်းလေးပဲဖြစ်ပါတယ်။

**အစိမ်းရောင် မိသားစုလမ်း**

သဘာဝ အစိမ်းရောင်၊ လွတ်လပ်ပေါ့ပါးတဲ့ အစိမ်းရောင်၊ မျှဝေတဲ့ အစိမ်းရောင်... သူငယ်ချင်းလမ်းမှာ ရှိခဲ့ဖူးတဲ့ အထီးကျန်ခြင်းမျိုးတွေ၊ စောင့်မျှော်ခြင်းမျိုးတွေ၊ အချစ်လမ်းမှာ ရှိခဲ့ဖူးတဲ့ စိတ်လှုပ်ရှားခြင်းမျိုးတွေ၊ ခံစားချက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အစိမ်းရောင်အဖြစ် တည်ငြိမ်အနယ်ထိုင် လာခဲ့တယ်။ ခိုင်မြဲတဲ့လက်၊ ဖေးမအားပေးမှုတွေနဲ့ မိသားစုဆိုတဲ့အစိမ်းရောင်ဟာ သင့်နှလုံးသားကို ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ တစ်ဦးကိုတစ်ဦးနားလည်ခြင်းစတဲ့ ဆေးတွေဆိုးပေးနေခဲ့တယ်။ အစိမ်းရောင်ပြည့်နေတဲ့ ကားလေးကို ဖြေးညင်းသာသာမောင်းနှင်ခဲ့ရင် ဖြတ်မောင်းခဲ့တဲ့ လမ်းခရီးတွေမှာ ကျန်ရစ်ခဲ့မှာက ပျော်ရွှင်ခြင်း၊ လှပခြင်းဆိုတဲ့ ကားဘီးရာတွေပဲဖြစ်တယ်။

လွယ်ကူတဲ့ ဒီစည်းမျဉ်းတွေကို သတိလေးနဲ့ သင်လိုက်နာမောင်းနှင်ခဲ့ရင် ခရီးလမ်းဆုံးတဲ့အခါ သင်သိသွားမှာက အချစ်ဆိုတာ သူငယ်ချင်းလမ်းနဲ့ မိသားစုလမ်းရဲ့ ကြားအကူးနေရာလေး ဖြစ်တယ်ဆိုတာကိုပဲဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20080109/1804.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မေမွန်ကျော်
--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)