ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 21, 2011

လူမှုဆက်ဆံရေး လုပ်ငန်းများ အတွက် နေ့စဉ် မဖြစ်မနေ သုံးစွဲ လာရတဲ့ Facebook

>
နည်းပညာ တိုးတက် နေသော ယနေ့ ခေတ်ကြီး တွင် အင်တာနက် သုံးစွဲ နေသော လူငယ်များ နှင့် လူကြီးများပါ မကျန်သုံးစွဲသူ ထက်ဝက် ကျော် သည် facebook ကို တွဲဖက် သုံးစွဲလာ ကြ သည်။ ထို့ပြင် Facebook ပေါ်တွင် မိမိအ ကောင့် အတွင်းမှ သူငယ်ချင်း များပေါင်း စု၍ လူမှုရေး ကွန်ရက် တစ်ခုပြု လုပ်ကာ ပြောင်းလဲ ချိတ်ဆက် လုပ်ကိုင် လာကြ သည်ကို တွေ့ မြင်လာ ကြသည်။ G-mail Account အတွင်းမှ ခင်မင် သော သူငယ်ချင်း များကို ရွေး ချယ်၍ Facebook တွင် အုပ်စုဖွဲ့ လာကြသည်။ တချို့ လူငယ်များမှ ယင်း Facebook ပေါ်တွင် ပရဟိ တလုပ်ဆောင်ရန် အတွက် Comment များရေးသား ကာကြော်ငြာ များရေးသားခြင်း ဖြင့် လူမှုရေးကွန်ရက် သဖွယ် ပြောင်းလဲ လုပ်ကိုင် နေကြပေ သည်။

Facebook ပေါ်တွင် အနယ် နယ်အရပ်ရပ်မှ သူငယ်ချင်းများပေါင်း စုကာ အမှန် တကယ် အကူအညီ လို အပ်နေသော နေရာများ၊ မိဘမဲ့ဂေ ဟာများ၊ ဘုန်ကြီးကျောင်းအစရှိသော နေရာ များတွင် အလှူအဒါန်းများပြု လုပ်ရန်အတွက် အသုံးပြုလုပ်ကိုင်နေ ကြသည်။ "Facebook ကသိတဲ့ သူငယ် ချင်းတွေစုပြီးတော့ မိဘမဲ့ဂေဟာမှာ အလှူလုပ်မယ်ဆိုပြီး ရည်ရွယ်ထား တာကြာပါပြီ။ ခေါင်းဆောင်တစ်ဦး ရွေးပြီး ဒီခေါင်းဆောင်က ပိုက်ဆံ လိုက်ကောက် တာတို့၊ လူစုတာတို့ကို သူကစီစဉ်ပေးပါတယ်။ တစ်ယောက် နဲ့တစ်ယောက် Facebook ပေါ်မှာ ရင်းနှီးနေကြပေမယ့် အပြင်မှာ တစ် ခါမှမတွေ့ဘူး၊ မဆုံဖူးပါဘူး။ ဒီလိုလူ မှုရေးကိစ္စတွေလုပ်ဖို့အတွက် Facebook ကို ကြားခံအနေနဲ့ အသုံးပြု တာကြောင့် တစ်ဖက်က ကြည့်ရင် ကောင်းတဲ့လုပ်ရပ်တစ်ခုပါ" ဟု မတ် လ(၁၀)ရက်နေ့က မိဘမဲ့ဂေဟာတွင် Facebook သူငယ်ချင်းများ သွား ရောက်လှူဒါန်းမှုကို ခေါင်းဆောင်ဖြစ် သူ ကိုမျိုးမင်းက ဆိုသည်။ ထို့ပြင် တက်သစ်စ Hip Hop အဆိုတော်ကလေးများရှိရာ Underground အဖွဲ့ကလည်း ပရဟိတပြု လုပ်ရန်အတွက် Facebook ပေါ် တွင် Underground အဆိုတော် များကို နှိုးဆော်စည်းရုံးခြင်းဖြင့် Facebook ကို အသုံးပြုလာပါသည်။ ၎င်းတို့အဖွဲ့ကို Hip Hop Generaation ဟု အမည်ပေးထာကြောင်း သိ ရသည်။

'ကျွန်တော်တို့အဖွဲ့က Underground ကို တက်သစ်စလူငယ် အဆိုတော်များနှင့်စုပေါင်းပြီး ရန်ပုံငွေ ရှိုးပွဲတစ်ခုပြုလုပ်ကာ ရလာတဲ့ပိုက်ဆံ ကို အမှန်တကယ်လိုအပ်နေတဲ့ နေ ရာတွေမှာလှူဒါန်းသွားမယ်လို့ ရည် ရွယ်ပြီးသည်အဖွဲ့ကို ဖွဲ့စည်းထားတာ ပါ။ Facebook ပေါ်မှာလည်း နှိုး ဆော်ကမ်းလှမ်းစာတွေ ရေးထားပါ တယ်။ တချို့အဆိုတော်မဟုတ်တဲ့သူ တွေကလည်း အလှူမှာပါဝင်ချင်တယ် ဆိုပြီး ဆက်သွယ်လာကြတယ်။ သူ တို့က Facebook ပေါ်မှာ တင်ထား တဲ့ မေးလ်ကိုဖတ်လိုက်မိပြီး စိတ် ဝင်စားကာ ဆက်သွယ်လာကြတယ်။ G-mail ကနေပြီးတော့ မိမိအကောင့် ထဲမှာရှိတဲ့ သူငယ်ချင်းတွေကို mail ပို့ပြီး လူစုလို့ရတယ်ဆိုပေမယ့် အ လုပ်နည်းနည်းရှုပ်တယ်။ Facebook ပေါ်မှာဆိုရင် Comment ရေးထား လိုက်ရုံနဲ့ဖတ်မိတဲ့သူတွေက ဆက် သွယ်လာကြတယ်။ ဒါကြောင့် Facebok ကို လူမှုရေးကွန်ရက်တစ်ခု အနေနဲ့ အသုံးပြုတယ်ထင်တယ်" ဟု Hip Hop Generation အဖွဲ့ခေါင်း ဆောင် Underground မှ ကိုနော် လေးက ပြောသည်။

တချို့ လူကြီးပိုင်းတွေအနေနဲ့ ရပ်ဝေးမှာရောက်ရှိနေသော သားသ မီးများနှင့်စကားပြောရန်အတွက်နှင့် ဓာတ်ပုံများကိုကြည့်ရှုရန်အတွက် Facebook ကို G-mail အစားအသုံး ပြုလာကြသည်။ Junior Donation ပရဟိတ အဖွဲ့ကလည်း ၎င်းတို့အဖွဲ့အကြောင်း ကို Facebook ပေါ်မှာ ရေးသား ထားတာကို တွေ့ရပါတယ်။ ၎င်းတို့ အဖွဲ့လူစုပုံမှာ အဖွဲ့ဝင်ချင်သူများ သိ သာရန်အတွက် ၎င်းတို့ရင်ဘတ်ပေါ် တွင် ၎င်းတို့အဖွဲ့နာမည်တံဆိပ်ကို ထိုးထားကာ ဒဂုံတက္ကသိုလ်နှင့် GTC ကျောင်း လက်ဖက်ရည်ဆိုင် များတွင် စုစည်းထားသည်။ ၎င်း Junior Donation ပရဟိတအဖွဲ့သည် ယခု နှစ်ဖေဖော်ဝါရီလတွင် လူငယ်များစု ပေါင်း၍ မြောက်ဥက္ကလာပမြို့နယ် ရှိ ဘုန်းကြီး ကျောင်း တစ်ကျောင်းတွင် သန့်ရှင်းရေးများကိုပြုလုပ်၍ ကု သိုလ်ယူကာ လှူဒါန်းခဲ့ကြောင်း သိ ရသည်။ ၎င်းလူငယ်များ၏ လုပ်ရပ် များကို ကြည့်ခြင်း အားဖြင့် မြန်မာလူ မျိုးများအတွက် ဂုဏ်ယူဝံ ကြွားဖွယ် ရာတစ်ရပ်ဖြစ်ပါသည်။

"ကျွန်တော် Facebook ကို သုံးစွဲနေတာ (၁)နှစ်ခွဲလောက်ရှိပြီ။ အင်္ဂလိပ်စာ ကျွမ်းကျင်တယ်ဆိုရင်သုံး ရတာလွယ်ကူပါတယ်။ ကျွန်တော့် Account မှာ သူငယ်ချင်းလေး ထောင်ကျော်နေပြီ။ သတင်းထောက် တွေ၊အနုပညာရှင်တွေနဲ့စာရေးဆရာ တွေလည်းပါဝင်တယ်။ ကျွန်တော်က တော့ ကိုယ့်စိတ်ကူးစိတ်သန်းလေး တွေကို သူငယ်ချင်းတွေဆီပို့ဖြစ်တာ များတယ်။ စိတ်ကူးစိတ်သန်းဆိုတာ စိတ်ဝင်စားစရာ အကြောင်း အရာ၊ သ တင်းများ၊ ဟာသများနှင့် အခက်အ ခဲတွေကိုရေးသားပြီး Mail ပို့လေ့ရှိ တယ်။ ကျွန်တော့်ရဲ့ အတွေ့ အကြုံတစ် ခုအနေနဲ့ ကျွန်တော့် ကွန်ပျူတာမှာ Virus တစ်မျိုးဝင်နေတာရှိတဲ့ Anti Virus software တွေနဲ့ သတ်တာ လည်းမရဘူး။ နောက်ဆုံး ကျွန်တော့် နီးစပ်ရာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေ ဆီကို မေးလ်ပို့ပြီး အကူအညီတောင်း ခဲ့တယ်။ (၂)ရက်အကြာ Mail တစ် ခုဝင်နေပြီး Virus အား မည်သို့ဖြေ ရှင်းရမည်ကို မေးလ်ဖြင့် စင်ကာပူနိုင် ငံတွင် ကွန်ပျူတာ(ITCS )ကျောင်း တက်နေသော သူငယ်ချင်း ကိုနေမျိုး က ကူညီဖြေရှင်း ပေးခဲ့တယ်" ဟု GTC တက်နေပြီး Facebook သုံး စွဲသူ ကိုသားထက်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအ ကြိမ် အပျက်အစီးများခဲ့သော နာဂစ် မုန်တိုင်းတိုက်ခတ်သွားသော အချိန် တွင်လည်းကောင်း၊ ဂီရိမုန်တိုင်းတိုက် ခတ်ရာတွင်လည်းကောင်း၊ ယခုလတ် တလော ထိုင်း-မြန်မာ နယ်စပ်တွင် အင်အားပြင်း ငလျင်တိုက်ခိုက်မှုစသည့် ရှောင်လွဲ၍မရသော သဘာဝ ဘေး အန္တရာယ်များကြောင့် ရပ်ရွာများပျက် စီးဆုံးရှုံးမှုများ တွင်လည်းပြန်လည် ထူ ထောင်ရန် မြန်မာလူမျိုးများအနေဖြင့် သဒ္ဓါတရား ထက်သန်စွာဖြင့် Facebook သုံးစွဲသူ မြန်မာလူမျိုးများက နီးစပ်ရာ သူငယ်ချင်းများ ထံမှတစ်ဆင့် ကမ်းလှမ်းစာ အဖြစ် မေးလ်များပို့ကာ ပျက်စီး သွားသော ရပ်ကွက်များပြန်လည် ထူထောင်ရာတွင် ငွေအား (သို့မဟုတ်) လူအားဖြင့် ပါဝင်ကူညီနိုင်ရန်အတွက် ဆက်သွယ်ရန် လိပ်စာများနှင့် ဖုန်းနံပါတ် ပါ Mail များကို ပေးပို့ခြင်းများကို လည်း ပြုလုပ်ကြ သည်ကို Facebook ပေါ်တွင် တွေ့ရသည်။

Facebook ကို မြန်မာနိုင်ငံမှ အနုပညာရှင်များဖြစ်ကြသော စာရေး ဆရာ၊ သတင်း ထောက်များ၊ အဆို တော်များနှင့်ရုပ်ရှင်သရုပ်ဆောင်များ အကုန်လုံးနီးပါးအသုံးပြုကြသည်။ သတင်းထောက်များကလည်း Facebook ပေါ်တွင် သတင်းများဖလှယ် ခြင်း၊ ဝေဖန်ခြင်းများကို ပြုလုပ်ကြ သည်။ အဆိုတော်များကလည်း မိမိ ၏သီချင်းအသစ်များကို အရင်ကလို G-mail နှင့် Website များတွင် မ တင်တော့ဘဲ Facebook မှတစ်ဆင့် နီးစပ်ရာသူငယ်များထံသို့ ပေးပို့ဖြန့် ဝေလာကြသည်။ ရုပ်ရှင်သရုပ်ဆောင် များသည်လည်း Facebook ပေါ် တွင် ပရိသတ်များနှင့်ရင်းရင်းနှီးနှီး ဆက်ဆံပြီး Comment များကို လည်း လက်ခံကာ ပြန်လည် ဖြေကြား ပေးသည်။

ယခုနောက်ပိုင်းတွင် ရုပ်ရှင် သရုပ်ဆောင်များနှင့် အဆိုတော် များသည် မိမိနှင့်ပတ်သက်၍ ပရိသတ် အတွင်းသို့ ထွက်ရှိလာသော မဟုတ်တရမ်း သတင်းများကို Facebook တွင် mail များ၊ ဓာတ်ပုံများ နှင့်အတူ video များဖြင့်ပါ ဖြေရှင်း မှုများပြု လုပ်လာကြ သည်ကို တွေ့ရ သည်။ စာရေး ဆရာကြီး များသည် လည်း မိမိတို့နောက်ထွက်ရှိမည့် စာအုပ်၏ စာအမြည်းကို နီးစပ်ရာသူငယ် ချင်းထံသို့ဖတ်ရှုနိုင်ရန် ပေးပို့ခြင်းများ ရှိလာကြောင်း သိရသည်။ Facebook သည် လူငယ်အများစု၏ ဖျော် ဖြေရေးကဏ္ဍတွင် အစိတ်အပိုင်းတစ် ခုအဖြစ်ပါဝင်နေသည်။ Facebook တွင် သူငယ်ချင်း အချင်းချင်းမိမိ ဆော့နေသောဂိမ်းများကို ဝင်ရောက် ဆော့ကစားရန်အတွက် inbite လုပ် မှုများရှိသည်ကိုလည်း သုံးစွဲသူများ ထံမှ သိရသည်။

Facebook ဝက်ဘ်ဆိုက်အပေါ် တွင် ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်သော ကို သက်နိုင်၏ အမြင်

"အင်တာနက် ခေတ်စားနေ သော ယနေ့ခေတ်ကြီးတွင် လူငယ် တိုင်းလိုလို Facebook ကို အသုံး ပြုတာ ကောင်းပါတယ်။ ယနေ့ခေတ် လူငယ်တွေက အွန်လိုင်း သုံးပြီဆိုတာ နဲ့ G-mail နဲ့ Website အစရှိ တာတွေကို အများဆုံးသုံးကြတယ်။ Facebook ကို အသုံးပြုတာဟာ ပေါင်းသင်း ဆက်ဆံရေးမှာ အဆင်ပြေ ပြီး နှစ်ပေါင်းများစွာကွဲကွာနေတဲ့ သူ ငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရသော်လည်း အဲဒီကွန်ရက်ပေါ်မှာပဲ အမြဲတမ်း အချိန် ကုန်နေမယ်ဆိုရင် မိမိရဲ့ နေ့စဉ် ဘဝကို ထိခိုက်မှုတွေ ဖြစ်လာတတ်တယ်။ ယခုခေတ်လူငယ်တွေက အင်တာ နက်ကို Chat ရုံလောက်ပဲ အများ ဆုံး အသုံးပြုနေကြတယ်။ အကျိုးရှိရှိ အသုံးမချကြဘူး။ ဒီ Facebook အ ကောင့်ကိုတီထွင်ခဲ့တဲ့လူကလည်း ဟားဗတ် တက္ကသိုလ် ကျောင်းသား လူငယ် တစ်ယောက်ဖြစ်တယ်။ လူငယ် များအနေနဲ့ အတုယူသင့်တယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အတွက် တစ်ချိန်မှာ Web Portal ကလည်း ခေတ်စားလာဦးမှာ ပဲ။ လူငယ်များအနေဖြင့် အင်တာနက် ကို ကျွမ်းကျွမ်း ကျင်ကျင် သုံးနိုင်ရန် သင်ယူပြီး Web နဲ့ပတ်သက်တဲ့ သင် တန်းတွေတက်ထားသင့်တယ်ဟု ဆို သည်။

Facebook သုံးစွဲသူ Web Desinger တစ်ဦး၏ ပြောကြား ချက်

Facebook ကို အခုလူတော် တော်များများ သုံးလာကြတယ်။ Facebook ဝက်ဘ်ဆိုက်နည်းတူ Twitter,hi5 နှင့် Zopia အစရှိ သည်ဖြင့် လူမှုရေးဝက်ဘ်ဆိုက်တွေ အများကြီးရှိတဲ့အထဲမှာ သုံးစွဲသူ အများစုက Facebook ကို အများဆုံး အသုံးပြုကြတယ်။ Facebook Account ရဲ့ Nickname မှာလည်း G-mail Account Username နဲ့ ဝင်ရပြီး G-talk မှာ မိမိသူငယ်ချင်း များကို Facebook ပေါ်တွင် ရှာချင် ရင်လည်း အလွယ်တကူ G-mail Account နဲ့ရှာလို့ရတဲ့အတွက် သုံး စွဲသူတွေက ပိုပြီးလက်ခံလာကြတယ်။ Hacker များကလည်း Facebook မှာ Virus File တွေပြုလုပ်ပြီး mail များ ပြန့်နေသည်ကိုလည်း တစ်ခါတစ် ရံတွေ့ရတယ်။

အရင်တလောတုန်းက Facebook အကောင့်မှာ Unknow နဲ့ Link တစ်ခုဝင်လာတယ်။ အဲဒီ Link ကို နှိပ်လိုက်တော့ ကိုယ့်ကို Comment ပေးထားတဲ့ လူတွေရဲ့ ဓာတ်ပုံပေါ်မှာ ကိုယ့်နာမည်တွေ လျှောက်ပေါ်ကုန်တယ်။ အဲဒီလို ကိစ္စ တွေကို သုံးစွဲသူတွေကို စိတ်အနှောင့် အယှက်ဖြစ်စေတယ်။ နောက်သူငယ် ချင်းတွေထံကသိရတာ Facebook အတုပေါ်နေပြီ ကြားတယ်။ အဲဒီ Facebook အတုတွေထဲကို User name နဲ့ Password ဖြည့်လိုက်တာနဲ့ မိမိရဲ့ Account Password များကို သိသွားပြီး Privacy များပါပေါက်ကြား နိုင်တယ်လို့ဆိုတယ်။ ကျွန်တော်က တော့ မကြုံသေးဘူး" ဟု ဆိုသည်။ Facebook ကွန်ရက်ကြီးကို ကမ္ဘာ ပေါ်ရှိလူ(၁၄)ဦးလျှင် တစ်ဦးနှုန်းသုံး စွဲနေကြောင်း ယခင်နှစ်စစ်တမ်းအရ သိရသည်။

သားဗိုလ်
http://www.yoyarlay.com/technology/st-news/internet/5353--facebook
Friday, 08 April 2011 11:56
itWEEKLY Journal

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)