(Residents walk past destroyed houses after a fire gutted settlers' homes in Manila.PHOTO: AFP)
**မနီလာမြို့၌ မီးလောင်မှုဖြစ်ပွား၊ လူ ၁၀၀၀ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့**
မနီလာမြို့၌ ဧပြီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၁၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်သွားခဲ့ကြောင်း ဖိလစ်ပိုင်အရာများကဧ ပြီ ၂၀ ရက်၌ ပြောသည်။မီးလောင်မှုဖြစ်ပွားခြင်းမှာ မာကာတီအရပ်ရှိအိမ်တစ်အိမ်၌လျှပ်စစ်ထမင်းအိုးပေါင်းအိုးမှတစ်ဆင့်ဝိုင်ယာကြိုးများ ရှော့ခ်ဖြစ်ပြီး ကူးစက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုနှစ်ထောင်ခန့် မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း၊ မနီလာမြို့တော်ဝန်က ဆက်လက်ပြောကြားသည်။(အင်တာနက်)
(MIG-29)**စစ်ရေးလေ့ကျင့်မှု ရုရှားလေတပ်ပြုလုပ်**
(မော်စကို၊ ဧပြီ ၂၀)
ရုရှားလေတပ်သည် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဧပြ၁၉ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရာတွင် စစ်ရေးမဟာဗျူဟာကျကျ လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားစစ်ဘက်က ဧပြီ ၂၀ရက်၌ သတင်းထုတ်ပြန်သည်။ထိုလေတပ်စစ်ရေးလေ့ကျင့်မှုတွင် တီယူ-၁၆၀၊တီယူ-၉၅ အမ်-စီ၊ တီယူ၂၂ အမ်၃နှင့် ဝေဟင်၌ လောင်စာဆီထောက်ပံ့ဖြည့်ဆည်းရေးလေယာဉ်များ၊မစ်၂၉၊မစ်-၃၁၊အက်စ်ယူ-၂၇တိုက်လေယာဉ်များအပါအ၀င် စစ်ဘက်ဆိုင်ရာ လေယာဉ်များအပါအ၀င်စုစုပေါင်း လေယာဉ် ၄၅ စင်းပါဝင်ကြောင်းသိရသည်။ (အင်တာနက်)
**ဂြိုဟ်တုသုံးလုံး အိန္ဒိယနိုင်ငံ လွှတ်တင်**
(နယူးဒေလီ၊ ဧပြီ ၂၀)
အိန္ဒိယနိုင်ငံက ဂြိုဟ်တုသုံးလုံးကို ဧပြီ ၂၀ ရက်က လွှတ်တင်လိုက်ကြောင်း အိန္ဒိယအာကာသရေးရာအရာရှိများက ပြောကြားလိုက်သည်။
ယင်းဂြိုဟ်တုကို ပီအက်စ်အယ်လ်ဗွီစီ-၁၆ ဒုံးပျံယာဉ်ဖြင့် စရီဟာရီကိုတာမြို့တောင်ဘကါ ဒုံးပျံလွှတ်တင်ရေးစနစ်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းဆက်သွယ်လုပ်ငန်းများ၊ ပိုမိုကောင်းမွန်လျင်မြန်စေရန်အတွက် လွှတ်တင်ခြင်းဖြစ်ကြောင်း ၄င်းတို့က ဆက်လတ်ေဲပြာကြားသည်။ (အင်တာနက်)
**အိန္ဒိယအရှေ့မြောက်ပိုင်း၌ ရဟတ်ယာဉ်ပျက်ကျ ၁၇ ဦးသေဆုံး**
(နယူးဒေလီ၊ ဧပြီ ၂၀)
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းထူထပ်သောဒေသ၌ ဧပြီ ၁၉ ရက်က ရဟတ်ယာဉ်တစ်စင်း၊ မီးလောင်ပျက်ကျခဲ့ရာ ရယာဉ်ပေါ်လိုက်ပါလာသူ ၁၇ ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယအရာရှိများက ဧပြီ ၂၀ ရက်၌ပြောကြားသည်။
ယင်းရဟတ်ယာဉ်မှာ အာသံပြည်နယ်ရှိ ဂူဝါဟာတီမြို့နှင့် ဥတာပရာဒေ့ရှ် ပြည်နယ်ရှိ တာ့ဝမ်စီမံကိန်းလုပ်ငန်းခွင်အကြား အလုပ်သမားများအား တင်ဆောင်ပျံသန်းပေးနေသော ရဟတ်ယာဉ်ဖြစ်သည်။ ထိုသို့ပျံသန်းပေးနေစဉ် ဧပြီ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က မတော်တဆဖြစ်ရပ်ကြောင့် မီးလောင်ပျက်ကျခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့်ရဟတ်ယာဉ်မှူးနှင့် တွဲဖက်ရဟတ်ယာဉ်မှူး အပါအ၀င်ခြောက်ဦးမှာ ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
**စုစည်းဘာသာပြန်-မောင်ချစ်ကြည်**
(Residents walk past destroyed houses after a fire gutted settlers' homes in Manila.
PHOTO: AFP)
**မနီလာမြို့၌ မီးလောင်မှုဖြစ်ပွား၊ လူ ၁၀၀၀ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့**
မနီလာမြို့၌ ဧပြီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၁၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်သွားခဲ့ကြောင်း ဖိလစ်ပိုင်အရာများကဧ ပြီ ၂၀ ရက်၌ ပြောသည်။မီးလောင်မှုဖြစ်ပွားခြင်းမှာ မာကာတီအရပ်ရှိအိမ်တစ်အိမ်၌လျှပ်စစ်ထမင်းအိုးပေါင်းအိုးမှတစ်ဆင့်ဝိုင်ယာကြိုးများ ရှော့ခ်ဖြစ်ပြီး ကူးစက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုနှစ်ထောင်ခန့် မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း၊ မနီလာမြို့တော်ဝန်က ဆက်လက်ပြောကြားသည်။(အင်တာနက်)
(MIG-29)
**စစ်ရေးလေ့ကျင့်မှု ရုရှားလေတပ်ပြုလုပ်**
(မော်စကို၊ ဧပြီ ၂၀)
ရုရှားလေတပ်သည် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဧပြ၁၉ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရာတွင် စစ်ရေးမဟာဗျူဟာကျကျ လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားစစ်ဘက်က ဧပြီ ၂၀ရက်၌ သတင်းထုတ်ပြန်သည်။ထိုလေတပ်စစ်ရေးလေ့ကျင့်မှုတွင် တီယူ-၁၆၀၊တီယူ-၉၅ အမ်-စီ၊ တီယူ၂၂ အမ်၃နှင့် ဝေဟင်၌ လောင်စာဆီထောက်ပံ့ဖြည့်ဆည်းရေးလေယာဉ်များ၊မစ်၂၉၊မစ်-၃၁၊အက်စ်ယူ-၂၇တိုက်လေယာဉ်များအပါအ၀င် စစ်ဘက်ဆိုင်ရာ လေယာဉ်များအပါအ၀င်စုစုပေါင်း လေယာဉ် ၄၅ စင်းပါဝင်ကြောင်းသိရသည်။ (အင်တာနက်)
**ဂြိုဟ်တုသုံးလုံး အိန္ဒိယနိုင်ငံ လွှတ်တင်**
(နယူးဒေလီ၊ ဧပြီ ၂၀)
အိန္ဒိယနိုင်ငံက ဂြိုဟ်တုသုံးလုံးကို ဧပြီ ၂၀ ရက်က လွှတ်တင်လိုက်ကြောင်း အိန္ဒိယအာကာသရေးရာအရာရှိများက ပြောကြားလိုက်သည်။
ယင်းဂြိုဟ်တုကို ပီအက်စ်အယ်လ်ဗွီစီ-၁၆ ဒုံးပျံယာဉ်ဖြင့် စရီဟာရီကိုတာမြို့တောင်ဘကါ ဒုံးပျံလွှတ်တင်ရေးစနစ်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းဆက်သွယ်လုပ်ငန်းများ၊ ပိုမိုကောင်းမွန်လျင်မြန်စေရန်အတွက် လွှတ်တင်ခြင်းဖြစ်ကြောင်း ၄င်းတို့က ဆက်လတ်ေဲပြာကြားသည်။ (အင်တာနက်)
**အိန္ဒိယအရှေ့မြောက်ပိုင်း၌ ရဟတ်ယာဉ်ပျက်ကျ ၁၇ ဦးသေဆုံး**
(နယူးဒေလီ၊ ဧပြီ ၂၀)
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းထူထပ်သောဒေသ၌ ဧပြီ ၁၉ ရက်က ရဟတ်ယာဉ်တစ်စင်း၊ မီးလောင်ပျက်ကျခဲ့ရာ ရယာဉ်ပေါ်လိုက်ပါလာသူ ၁၇ ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယအရာရှိများက ဧပြီ ၂၀ ရက်၌ပြောကြားသည်။
ယင်းရဟတ်ယာဉ်မှာ အာသံပြည်နယ်ရှိ ဂူဝါဟာတီမြို့နှင့် ဥတာပရာဒေ့ရှ် ပြည်နယ်ရှိ တာ့ဝမ်စီမံကိန်းလုပ်ငန်းခွင်အကြား အလုပ်သမားများအား တင်ဆောင်ပျံသန်းပေးနေသော ရဟတ်ယာဉ်ဖြစ်သည်။ ထိုသို့ပျံသန်းပေးနေစဉ် ဧပြီ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က မတော်တဆဖြစ်ရပ်ကြောင့် မီးလောင်ပျက်ကျခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့်ရဟတ်ယာဉ်မှူးနှင့် တွဲဖက်ရဟတ်ယာဉ်မှူး အပါအ၀င်ခြောက်ဦးမှာ ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
**စုစည်းဘာသာပြန်-မောင်ချစ်ကြည်**

No comments:
Post a Comment