** ၁၃၆ ကရက်ရှိသည့် စိန်ပွင့်ကြီး ဆိုက်ဘေးရီးယား၌ တူးဖော်တွေ့ရှိ **
(ဗလာဒီမာဗော့စ်တော့၊ ဧပြီလ ၂၂ ရက်)
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ယာကူတီရာမြို့တွင် သတ္တုကုမ္ပဏီတစ်ခုမှ အလုပ်သမားများက ၁၃၆ ကရက်ကျော်ရှိသော စိန်ပွင့်ကြီးတစ်ပွင့် ကိုတူးဖော်ရရှိခဲ့ကြောင်း ရုရှားနိုင်ငံ အာအိုင်အေနိုဒိုဗိုစတီသတင်းဌာနက ဧပြီလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**ချီကာဂိုမြို့ဝန်းကျင်၌ မိုးသည်းထန်းစွာရွာသွန်း လေယာဉ်ခရီးစဉ် ၄၈၀ ကျော် ဖျက်သိမ်းရ**
(ချီကာဂို၊ ဧပြီ ၂၂)
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ဝန်းကျင်တွင် မိုးသည်းထန်ပြီး လေပြင်းများတိုက်ခတ်နေသဖြင့် အိုဟာရေးနှင့်မစ်ဝေးနိုင်ငံတကာလေဆိပ်များတွင် စုစုပေါင်း လေယာဉ်ခရီးစဉ် ၄၈၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း အမေရီကန်လေကြောင်းအရာရှိများက ဧပြီ ၂၁ ရက်၌ ပြောကြားသည်။ ဧပြီ ၂၀ ရက်ကစတင်ကာ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွင်းနေသဖြင့် အိုစာရေးလေဆိပ်တွင်လေကြောင်းခရီးစဉ် ၄၅၀နှင့်မစ်ဝေးလေဆိပ် ၌ လေကြောင်းခရိးစဉ် ၃၀ ကျော်ကို ဖျက်သိမ်းခဲ့ရသည်။ ထို့အတူ အိုဟာရေးနိုင်ငံတကာလေဆိပ်တွင် ဆီးနှင်းများလည်း အမြင့်ခြောက်လက်မခန့် ထူထပ်စွာကျဆင်းလျက်ရှိကြောင်း၊ ၁၉၁၀ ခုနစ် ဧပြီ ၁၈ ရက်က စံချိန်တင် ကျဆင်းခဲ့သည့် နှင်းထု လေးလက်မခန့်ကို ယခုနှင်းကျမှုက စံချိန်ချိုးနိုင်ခဲ့ကြောင်းသိရသည်။ (အင်တာနက်)
**အိုမန်ကမ်းလွန်၌ အီတလီကုန်သင်္ဘောအပိုင်စီးခံရ**
(နိုင်ရိုဘီ၊ ဧပြီ ၂၂)
အိုမန်နိုင်ငံကမ်းလွန် အိန္ဒိယသမုဒ္ဒရာရေပြင်တွင် အီတလီကုန်သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများက ဧပြီ ၂၁ ရက်၌ အပိုင်စီးသွားခဲ့ကြောင်း ဥရောပသမဂ္ဂပင်လယ်ဓားပြနှိမ်နင်းရေးတပ်ဖွဲ့က ဧပြီ ၂၂ ရက်၌ပြောကြားသည်။
၎င်းသင်္ဘောသည် ကုန်ပစ္စည်းတန်ချိန် ၇၄၅၀၀ ကိုတင်ဆောင်ပြီး အီတလီသင်္ဘောသား ခြောက်ဦးနှင့် ဖိလစ်ပိုင်သင်္ဘောသား ၁၅ ဦးတို့ ပါရှိသွားသည်။ ဆိုမာလီပင်လယ်ဓားပြများသည် ခေတ်မှီလက်နက်များနှင့် ဒုံးကျည်များကို ကိုင်ဆောင်ကာ ကုန်တင်သင်္ဘောများကို အပိုင်စီးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**အမေရိကန် မောင်းသူမဲ့လေယာဉ်များ ပစ်ခတ်တိုက်ခိုက်မှု ပါကစ္စတန် ၂၅ ဦးသေဆုံး**
(အစ္စလမ္မာဘတ် ဧပြီ ၂၂)
အာဖဂန်နစ္စတန်နယ်စပ် ပါကစ္စတန်လူမျိုးစုဒေသ၌ ဧပြီ ၂၂ ရက်တွင် အမေရိကန် မောင်းသူမဲ့လေယာဉ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်အရပ်သား အနည်းဆုံး ၂၅ ဦး သေဆုံးသွားခဲ့ကြောင်း ပါကစ္စတန်ထောက်လှန်းရေးအဖွဲ့က ပြောကြားသည်။ မြောက်ဝါဇီရစ္စတန်ရှိ စပင်ဝမ်းကျေးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အမေရိကန်တို့၏ မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွင် ကလေး၃ဦးနှင့် အမျိုးသမီး နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း ပါကစ္စတန် ထောက်လှန်းရေးအဖွဲ့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်နိုင်ငံ အိန္ဒူမြစ်အတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျ **
(အစ္စလမ္မာဘတ်၊ ဧပြီလ ၂၂ ရက်)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ ဆီဝမ်မြို့ အိန္ဒူမြစ်အတွင်းသို့ လူခြောက်ဦးလိုက်ပါလာသည့် ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စင်း ဧပြီလ ၂၀ ရက်နေ့က ပျက်ကျခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ (အင်တာနက်)
** အိုမန်ကမ်းလွန်၌ အီတလီကုန်တင်သင်္ဘော အပိုင်စီးခံရ **
(နိုင်ရိုဘီ၊ ဧပြီလ ၂၂ ရက်)
အိုမန်နိုင်ငံကမ်းလွန် အိန္ဒိယသမုဒ္ဒရာရေပြင်တွင် အီတလီကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများက ဧပြီလ ၂၁ ရက်နေ့တွင် အပိုင်စီးသွားခဲ့ကြောင်း၊ ဥရောပသမဂ္ဂပင်လယ်ဓားပြနှိမ်နင်းရေးတပ်ဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:
Post a Comment