ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 23, 2011

ခေတ်လူငယ်များသို့ - မောင်ဝံသ

>
ကျွန်တော့် စာရေးသက်တစ်လျှောက်မှာ ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ တစ်ခါမှ ပြစ်တင်ဝေဖန် ရေးသားခဲ့တာ မရှိခဲ့ဖူးပါဘူး။ ပြစ်တင် ဝေဖန်သူတွေကိုတောင် ကျွန်တော်က ခေတ်လူငယ်တွေဘက်က အကျိုးသင့် အကြောင်းသင့် ပြောပြီး ခုခံပေးခဲ့ဖူးတယ်။

မှတ်မိပါသေးတယ်။ ဆံပင်ရှည်ထားတာကို မျက်စိနောက်ပြီး နှိပ်ကွပ်ခဲ့ကြတဲ့ အချိန်တစ်ချိန်တုန်းကပေါ့။ ဆံပင်ရှည်ထားတဲ့ လူငယ်လူကြီးတွေကို တွေ့ရာမဆိုင်း လမ်းဘေးထိုင်ခိုင်းပြီး ဆံပင်ရှည်ကို ဓားနဲ့ဖြတ်တဲ့ ဖြစ်ရပ်တချို့ ၁၉၇၄ ခု ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့ဖူးတယ်။

အဲသည်တုန်းက ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ ဆရာတက်တိုးက သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူးပါ။ ကျွန်တော်က မြန်မာ့အလင်း သတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် အမှုထမ်းနေပါတယ်။ ဆရာတက်တိုးက လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာမှာ ပင်တိုင်ဆောင်းပါး ရေးနေချိန်ဖြစ်တယ်။ အဲသည် ဆံပင်ရှည်တွေကို နှိပ်ကွပ်တဲ့အချိန်မှာ ဆရာတက်တိုးက လူငယ်ယောက်ျားလေးတွေ ဆံပင်ရှည်ထားခြင်းဟာ မကောင်းတဲ့အကြောင်း၊ လမ်းသရဲတွေသာ ဆံပင်ရှည်ထားကြောင်း စသည်ဖြင့် ဆောင်းပါးတစ်စောင် ရေးလိုက်တယ်။

ကျွန်တော်က မြန်မာ့အလင်းကနေ ပြန်ရေးတယ်။ လမ်းသရဲစိတ်ဓာတ်ဟာ ဆံပင်ရှည်မှာ ရှိသလားလို့ မေးခွန်းထုတ်လိုက်တာပါ။ ဆံပင်ရှည်ထားတိုင်း လမ်းသရဲစိတ် ၀င်နေပြီလို့ မယူဆပါနဲ့၊ ဆံပင်ရှည်လေးတွေနဲ့ ပရဟိတ လုပ်နေသူတွေ အများကြီးပါ၊ ဆံပင်ရှည်မထားဘဲ ဆိုးသွမ်းလူငယ် ဖြစ်နေတာတွေလည်း အများကြီးပါလို့ ပြန်လည်ချေပတာ ဖြစ်ပါတယ်။

ဆရာတက်တိုးက အင်မတန်မှ စာပေစိတ်ရှိသူပါ။ သူဟာ ရာထူးအလျောက် ကျွန်တော်တို့ ခေါင်းပေါ်က ဖြစ်ပါတယ်။ အဲသည်တုန်းက ပြည်သူပိုင်သတင်းစာ မြန်မာငါးစောင် (ကြေးမုံ၊ လုပ်သား၊ မြန်မာ့အလင်း၊ ဟံသာဝတီ၊ ဗိုလ်တထောင်) နဲ့ အင်္ဂလိပ် နှစ်စောင် (လုပ်သား အင်္ဂလိပ်နဲ့ ဂါဒီယန်) တို့ကို ဆရာတက်တိုးက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ သူလို ဦးဆောင်ညွှန်ကြားရေးမှူး၊ "အမ်ဒီကြီး" က ရေးလိုက်တဲ့ ဆောင်းပါးကို ကျွန်တော်လို သာမန်အယ်ဒီတာလေး တစ်ယောက်က ချေပတာကို တစ်ခြားလူကြီးတွေဆိုရင် ရှက်ရမ်းရမ်းမှာ ဖြစ်ပေမယ့် ဆရာတက်တိုးက စိတ်မဆိုးပါဘူး။ ဆရာက ဆောင်းပါးရေးပြီးတော့ပဲ ပြန်လည်ရှင်းလင်းတယ်။ ဆရာရှင်းလင်းတဲ့အထဲ ကျွန်တော်မှတ်မိနေတာကတော့ "ဟုတ်ပါတယ်၊ မောင်ဝံသရေးသလို ဆံပင်ရှည်ထားတိုင်း လမ်သရဲ မဟုတ်ပါဘူး၊ ဒါပေမယ့် လမ်းသရဲတိုင်းကတော့ ဆံပင်ရှည်ထားတယ်။ ဒါကိုတော့ မငြင်းနိုင်ဘူး" လို့ ရေးလိုက်တာပါ။

ကျွန်တော်က ငယ်စိတ်နဲ့ဆိုတော့ ဆရာပြန်ရှင်းတဲ့အထဲက လစ်ကွက်ဟာကွက်တွေကို ထောက်ပြီး ဆောင်းပါးတစ်စောင် ထပ်ရေးပါတယ်။ သည်တစ်ခါတော့ အဲသည်တုန်းက မြန်မာ့အလင်း အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာဦးစိုးမောင် (သာဂရ ငစိုး/ပခန်းရေချမ်း) က သတင်းစာမှာ မထည့်ပေးတော့ပါဘူး။ ဂုဏ်အရကော၊ အသက်အရပါ ကြီးမားတဲ့ ကိုယ့်အထက်လူကြီးတစ်ယောက်ကို ထပ်ပြီး အချေအတင် မလုပ်ပါနဲ့တော့လို့ ကျွန်တော့်ကို ဖျောင်းဖျပါတယ်။ ကျွန်တော်ကလည်း ကျေကျေနပ်နပ် ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဆရာသာဂရငစိုး ဆိုတာကလည်း ဆရာဒဂုန်တာရာတို့နဲ့ခေတ်ပြိုင် ရန်ကုန်တက္ကသိုလ်ထွက် ကလောင်လက်ဟောင်းကြီး တစ်ဦးဖြစ်လေတော့ ကျွန်တော်တို့က လေးစားရိုသေပြီးသားပါ။

အဲသည်ဖြစ်ရပ်ကို ကျွန်တော် ပြန်လည်တင်ပြနေတာက ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဆန့်ကျင်အမြင် မရှိခဲ့ဘူးဆိုတာကို ပြောချင်တာပါ။ အလွန်အကျွံ ၀တ်စားဆင်ယင်မှုနဲ့ လော်လီတဲ့ ၀တ်စားဆင်ယင်မှုတွေကို ကျွန်တော့်စိတ်ထဲ မတွေ့ဘဲ ရှိချင်ရှိမယ်။ ဥပမာ ယောက်ျားလေးတွေ နားကပ်ပန်တာ၊ မိန်းကလေးတွေ ပေါင်လယ်အထက် ဂါဝန်တိုလေးတွေ ၀တ်တာ ကျွန်တော် မကြိုက်ဘူး။ သို့ပေမယ့် မကြိုက်တဲ့အကြောင်း စာတစ်တန် ပေတစ်စောင် မရေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်ဒေါ် လူထုဒေါ်အမာ တို့လို ကလောင်ကြီးတွေက အကြိမ်ကြိမ် ရေးပြီးကြပြီပဲ။ တခြား စာရေးဆရာကြီးများလည်း မကြာခဏ ရေးနေကြတာပါပဲ။ စာရေးဆရာတွေက ရေးတိုင်းလည်း ခေတ်လူငယ်တွေက ပြုပြင်ကြတာ မဟုတ်ဘူးလေ။ သည်တော့ ကျွန်တော့်အနေနဲ့ တခြားအကြောင်းအရာတွေကိုပဲ ရေးဖြစ်ခဲ့တယ်။

နောက်တစ်ချက်ကတော့ ဒီနေ့ခေတ် လူငယ်အတော်များများဟာ စာမဖတ်ကြဘူးဆိုတာ ကျွန်တော် အသေအချာ သိနေတယ်။ စာဖတ်ရင်တောင် သူတို့ကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးတဲ့ ပြုပြင်ရေးစာပေတွေကို ဘေးဖယ်ထားချင်ကြတယ်။ "သွားစမ်းပါကွာ၊ တို့ကို ဆရာလုပ်တဲ့ စာမျိုးတွေကို ကိုင်တောင် မကိုင်ချင်ဘူး" လို့ ပြောတာတောင် ကြားဖူးတယ်။

ကျွန်တော် အခု ပြောခဲ့တာတွေကို ဟုတ်ရဲ့လားလို့ သံသယ မဖြစ်ပါနှင့်။ နှစ်အစိတ်လောက် အချိန်ပြည့်သတင်းစာသမား လုပ်ခဲ့သူဖြစ်လို့ ကျွန်တော်တို့အနေနဲ့ မသေချာတဲ့ အချက်အလက်ကို ဘယ်တော့မှ မပြောပါဘူး။ ဒီနေ့ခေတ် လူငယ် အတော်များများရဲ့ စိတ်ဓာတ်တွေဟာ မယုံနိုင်လောက်အောင် လမ်းလွဲနေတာကို ကျွန်တော် ပြောချင်တာပါ။

လူငယ်တွေနဲ့ ပတ်သက်လို့ ရေးကြတဲ့အခါ ယနေ့ခေတ် လူငယ်တွေ တော်တဲ့အကြောင်း၊ ကြိုးစားတဲ့အကြောင်း၊ လူငယ်တွေဟာ အနာဂတ်အတွက် အားထားစရာဖြစ်တဲ့အကြောင်း စသည်ဖြင့် မြှောက်ပင့်ရေးကြတာတွေက များနေတယ်။ (အဲဒါမျိုးတွေ ကျွန်တော်တို့က ပိုရေးတတ်တာပေါ့။ အရင်တစ်ခေတ်က သတင်းစာတွေမှာ ခေါင်းကြီးလိုတစ်မျိုး၊ ဆောင်းပါးလိုတစ်ဖုံ တာဝန်အရ အများကြီး ရေးခဲ့ဖူးတာပဲ။)

အခု တကယ်တမ်း ကျွန်တော်တို့တွေ တွေ့နေရတာက လူငယ်တွေထဲမှာ မကြိုးစားသူတွေက ပိုများနေတယ်။ တစ်စုံတစ်ခုကို ပို်င်ပိုင်နိုင်နိုင် တတ်ကျွမ်းလိမ္မာသူ အလွန်နည်းတယ်။ သင်တန်းတွေ လိုက်တက်နေကြပြီး အောင်လက်မှတ်တွေ တစ်ထမ်းကြီး ယူခဲ့ကြပေမယ့် အဲဒီ သက်ဆိုင်ရာ ဘာသာရပ်ကိုပဲ ပြန်မေးကြည့်၊ ယောင်ဝါးဝါးချည်းပဲ။

ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်း မိတ်ဆွေရင်းချာတချို့က သူတို့ရဲက အလုပ်ဌာနတွေမှာ ၀န်ထမ်းသစ်ခန့်ထားရေး အင်တာဗျူးလုပ်ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းလို့ အင်တာဗျူးတွေ ထိုင်ပေးခဲ့ရဖူးတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကျွန်တော် အစိုးရသတင်းစာမှာ လုပ်ခဲ့တုန်းကလည်း တာဝန်အရ အလုပ်အင်တာဗျူးတွေ ထိုင်ပေးခဲ့ဖူးပါတယ်။

အင်တာဗျူးအတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ အရင် နှစ်နှစ်ဆယ်ကျော်က လူငယ်တွေကို မေးရမြန်းရတာ ပို အားရစရာ ကောင်းတယ်လို့ ထင်တယ်။ သူတို့က အင်တာဗျူးမှာ မေးနိုင်တာတွေကို ဖြေဖို့အတွက် အကုန် ပြင်ဆင်လာကြတာကိုး။

မကြာသေးခင်က အင်တာဗျူးဝင်သူ လူငယ်တွေကျတော့ အလုပ်သာ လာလျှောက်တာ၊ လျှောက်ထားတဲ့အလုပ်နဲ့ ပတ်သက်လို့ သိကောင်းစရာတွေကို လေ့လာပြင်ဆင်ခဲ့မှု မရှိသလောက်ပဲ။ အဲဒီ လူငယ် ၁၀၀ မှာ ၈၀ လောက်ဟာ သနားစရာကောင်းလောက်အာင် ညံ့နေတာ တွေ့ရတယ်။ သူတို့ကို ကြည့်ရင်း ကျွန်တော် အရမ်း ၀မ်းနည်းမိတယ်။ ဘာကြောင့် သည်လို ဖြစ်နေကြတာလဲ တူတူမလေးတို့ရယ်လို့တောင် မချိတင်ကဲ မေးချင်စိတ် ပေါက်ခဲ့ပါတယ်။

လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုအကြောင်းကို ကျွန်တော့်အနေနဲ့ ဘယ်တော့မှ မဝေဖန်ဘူးဆိုတာ ပြင်ပ ၀တ်စားဆင်ယင်မှုဆိုတာ သာမညပဲလို့ ယုံကြည်လို့ပါ။ ကျွန်တော်က အပေါ်ယံ အ၀တ်အစား အသွင်အပြင်ထက် လူရဲ့ အတွင်းစိတ်အနှစ်သာရက ပိုအရေးကြီးတယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ခုတော့ အဲဒီယုံကြည်ချက်ကို ပြောင်းလဲရမလို ဖြစ်နေပြီ။

လူငယ်တွေထဲမှာ အ၀တ်အစား လော်လီသူတွေ ပိုများလာတယ်။ ပညာပြည့်ဝရေးအတွက် ဖိဖိစီးစီး ကြိုးစားသူဦးရေက ပိုနည်းလာတယ်။ ပညာဆိုတာ တကယ်တတ်ရင် တကယ် အကျိုးရှိတယ်လို့ သူတို့ မယုံကြည်ကြဘူး။ သည်တော့ အသိပညာရော အတတ်ပညာရော သူတို့ ပေါက်မြောက်အောင် မသင်ကြဘူး။ တစ်မတ်ဖိုးလောက် သိတာကို တစ်ကျပ်ဖိုးလောက် ထင်နေတယ်။ တစ်ဝက်တစ်ပြက်နဲ့ ရပ်ပစ်ကြတယ်။ အဲသလို လူတွေ ဘာဖြစ်လာမလဲ။ တတ်ယောင်ကားတွေပဲ ဖြစ်လာမှာပေါ့။

တတ်ယောင်ကားတစ်ယောက်ဟာ ဘာမှမတတ်တဲ့သူထက် ပို အန္တရာယ်ကြီးတယ်။ ဘာမှမတတ်သူက သူမတတ်တာကို သူ့ဖာသာသိလို့ စွန့်စားပြီး ဘာမှ မလုပ်ရဲဘူး။ သူတို့မှာ သိမ်ငယ်စိတ် ရှိတယ်။ သိမ်ငယ်စိတ်ကနေ ရန်လိုစိတ်တွေ ပွားများလာတတ်တယ်။

ကျွန်တော်တို့ရဲ့ အနာဂတ်ကို တတ်ယောင်ကားတွေလက်ထဲ မအပ်ချင်ဘူး။ တကယ်တတ်ကျွမ်းနားလည်တဲ့ အရည်အချင်းပြည့်ဝသူတွေ လက်ထဲကို အပ်ချင်တယ်။ ခေတ်လူငယ်တွေကို ပန်ကြားချင်တာက ဘာကိုပဲ သင်သင် တကယ်တတ်အောင် သင်ကြပါ ဆိုတာပါပဲ။

[မောင်ဝံသ၊ ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ၊ စာမျက်နှာ-၄၅၃ မှ ၄၅၆]
Posted by Ko Nyan Posted Time 8:37 AM

http://www.konyan.co.cc/2010/08/blog-post_1000.html

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)