ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 26, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
(5 women killed brutally in a resort of Acapulco, Mexico)
**မက္ကဆီကို အကာပူကိုအပန်းဖြေစခန်း၌ အလှပြင်ဆိုင်မှ အမျိုးသမီးငါးဦး သတ်ဖြတ်ခံရ**
(မက္ကဆီကိုစီးတီး ၊ဧပြီ ၂၄ )
မက္ကဆီကိုနိုင်ငံရှိ နာမည်ကျော်အပန်းဖြေစခန်းတစ်ခုဖြစ်သည့် အကာပူကို အပန်းဖြေစခန်း၌ ဧပြီ ၂၃ရက်က အလှပြင်ဆိုင်တွင် အလုပ်လုပ်နေကြသော အမျိုးသမီးငါးဦးအား ရက်စက်စွာသတ်ဖြတ်သွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။
အသက် ၂၀ ကျော် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးတို့အဆိုပါ အပန်းဖြေစခန်းရှိ အလှပြင်ခန်းသစ်ခု၌ သေဆုံးလျက်တွေ့ကြောင်း၊ယင်းတို့သုံးဦးစလုံးအားလည်ပင်းကို ဓားဖြင့် ခုတ်လှီးသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောကြားသည်။( အင်တာနက်)

(The Solomon Islands in the Pacific are susceptible to earthquakes)
Photo by Friar's Balsam)
**ဆော်လမွန်ကျွန်းကမ်းလွန်၌ အင်အားပြင်းငလျင်လှုပ်**
(ဆော်လမွန်၊ ဧပြီ ၂၄ )
ဆော်လမွန်ကျွန်းနိုင်ငံတွင ဧပြီ ၂၃ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၉ ရှိအင်အားပြင်း ငလျင်လှုပ်ခဲ့ကြောင်း ယင်းနိုင်ငံအရာရှိများက ဧပြီ ၂၄ ရက်၌ ပြောကြားသည်။
ငလျင်မှာ ဆော်လမွန်ကျွန်းနိုင်ငံမြို့တော် ဟိုနီရာ၏ အရှေ့ တောင်ဘက် ၁၇၁ ကီလိုမီတာအကွာ ရေအောက်ကြမ်းပြင်အနက် ၇၆ကီလိုမီတာကို ဗဟိုပြု၍ ငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်သည့်အချိန်မှာ ယင်းနေ့ ညနေ ၃ နာရီ ၁၆ မိနစ်က လှုပ်ခဲ့ခြင်းဖြစ်ပြီးငလျင်ကြောင့် နေအိမ်အချို့ ပြိုကျခဲ့ကြောင်း သိရသည်။ (အင်တာနက်)

**အင်္ဂါဂြိုဟ်ပေါ်၌ အာကာသယာဉ်မှူးများ ၀တ်ဆင်မည့်အင်္ကျီစမ်းသပ်**
(မာရမ္ဘိုင္အို၊ ဧျပီ ၂၄)
အင်္ဂါဂြိုဟ်ပေါ်တွင် အာကာသယာဉ်မှူးများ ၀တ်ဆင်နိုင်မည့် အာကာသ၀တ်စုံတစ်မျိုးကို အာဂျင်တီးနားနိုင်ငံက တည်ဆောက်ထားသော အန္တာတိကရှိသုတေသနစခန်းတွင် စမ်းသပ်ဝတ်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဧပြီ ၂၄ ရက်က သတင်းထုတ်ပြန်သည်။
ယင်းဝတ်စုံသည် အပူချိန်နှင့် တစ်နာရီ ၄၇ မိုင်နှုန်းတိုက်ခတ်နိုင်သော လေပြင်းများဒဏ်ကို ခံနိုင်အောင် အထူးပြုလုပ်ထားသည်။ အဆိုပါဝတ်စုံကို သတ္တုနှင့်အခြားပစ္စည်းအမျိုးအစားပေါင်း ၃၅၀ ကျော်ဖြင့် ပြုလုပ်ထားသည်။ အထူးသဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။
ထိုသို့သော ပစ္စည်းများဖြင့်ပြုလုပ်ထားဖြင့် အလွန်ပေါ့ပါးပြီး အာကာသယာဉ်မှူးများဝတ်ဆင်ရာတွင် အဆင်ပြေမှုရှိရန် ပြုလုပ်ထားခြင်းဖြစ်ရာ ကုန်ကျစရိတ်မှာ ၀တ်စုံတစ်စုံအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ဖြစ်ကြောင်း သတင်း၌ဖော်ပြသည်။ (အင်တာနက်)

**ဖိလစ်ပိုင်ရှိ တာအယ်မီးတောင် ပေါက်ကွဲရန်လှုပ်ရှား**
(မနီလာ၊ ဧပြီ ၂၄)
ဖိလစ်ပိုင်နိုင်ငံရှိ တာအယ်မီးတောင်သည် ပေါက်ကွဲတော့မည် အနေအထားရှိရာ အနီးပတ်ဝန်းကျင်ဒေသများကို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားကြောင်း ဖိလစ်ပိုင်အရာရှိများက ဧပြီ ၂၄ရက်၌ ပြောကြားသည်။
ယင်းမီးတောင်အနီးဝန်းကျင်တစ်ဝိုက်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ငလျင်ငယ် ၁၉ ကြိမ်လှုပ်ခဲ့ပြီးနောက် တာအယ်မီးတောင်လည်း ပေါက်ကွဲမှုဖြစ်ရန်အနေအထားသို့ ရောက်နေသည်။ ယခုအခါ မီးတောင်မှ မီးခိုးနှင့်
ဓာတ်ငွေ့များမှုတ်ထုတ်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

**အီရတ်အစိုးရ တာဝန်ရှိသူသုံးဦးဘဂ္ဂဒက်၌ လုပ်ကြံသတ်ဖြတ်ခံရ**
(ဘဂ္ဂဒက်၊ ဧပြီ ၂၄)
အီရတ်အစိုးရ တာဝန်ရှိသူသုံးဦးသည် ဧပြီ ၂၃ ရက်ကမြို့တော် ဘဂ္ဂဒက်၌ သေနတ်သမားများက အသံတိတ်ကိရိယာများတပ်ဆင်သည့် ပစ္စတိုသေနတ်များဖြင့် နေရာသီးခြားစီ၌ပစ်သတ်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက ပြောကြားသည်။
ယူဆစ်အဗဒူလာတစ်ဟုဆိုသူသည် ကာကွယ်ရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး၎င်းသည် ဘဂ္ဂဒက်မြို့လယ် အယ်လ်ဂျာဒရီယာအရပ်၌အသတ်ခံရခြင်းဖြစ်ကြောင်းတာဝန်ရှိသူများက ပြောကြားသည်။(အင်တာနက်)

**တရုတ်အနောက်ပိုင်းတွင် ဆီးနှင်းများကျဆင်း၊ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား**
(ပေကျင်း၊ ဧပြီ၂၄)
တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်တွင် နှင်းများကျဆင်း၍ ဧပြီ ၂၃ ရက်တွင် ထောင်ပေါင်းများစွာသော ယာဉ်မောင်းများသည် ၄င်းတို့၏ ယာဉ်များအားဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ လုံးဝရပ်တန့်ခဲ့ရပြီးယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း ဧပြီ ၂၄ ရက်က ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။ (အင်တာနက်)

**စုစည်းဘာသာပြန်-မိုးမြင့်လင်းလက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)