ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 26, 2011

ပညာမာနဆိုတာ ထားကောင်းပါတယ်

>
မြို့ကြီးသား ပညာတတ်လူ လည်ရေပေါ်ဆီ (အီလစ်)တွေ အကြောင်း မကြာ ခဏ ရေးနေတာကို တွေ့ တဲ့ ကျောင်းနေ ဘက်သူငယ်ချင်း တစ်ယောက်က သတိပေးတယ်။ လူငယ်တွေက ပညာတတ် ဆန့် ကျင်ရေးလို့ မြင်သွားရင် မကောင်း ဘူးလို့ ထောက်ပြတယ်။
အကြောင်းပြချက်နှစ်ချက်သူပြောတဲ့ထဲမှာ အချက်နှစ် ချက်ပါတယ်။ ပထမတစ်ချက်က ပညာတတ် လူတန်းစားဆိုတာ တိုင်းပြည်တည်ဆောက်ရာမှာ မပါမဖြစ် လူတန်းစားဖြစ်တယ်။ သူတို့ကို ဆန့်ကျင်ရှုတ်ချပြီး ဘေး ဖယ်ထုတ်ထားရမှာ မဟုတ်ဘူး။ အတူလက်တွဲပြီး လုပ်ဆောင် ကြရမှာဖြစ်တယ် ဆိုတာက ပထမ အချက်ဖြစ်တယ်။ ဒုတိယအချက်က တော့ တချို့လူငယ်လေးတွေက အဓိပ္ပာယ် အကောက်အယူ လွဲ မှားပြီး ပညာကို တန်ဖိုးမထား တော့ဘဲ မုတ်ဆိတ် ကျင်စွယ် ဗလပျစ်နဲ့ ဆံရှည်ဘုတ်သိုက် ထားပြီး အရက်ဆိုင်ထဲမှာမှ သစ္စာတရား ရှာလို့ရတယ်ဆိုတဲ့ ဘိုဟီးမီးယန်း အတွေး အခေါ်တွေ ဝင်သွားနိုင်တယ်ဆိုတဲ့ အချက် ဖြစ်တယ်။ သာဓကအားဖြင့် သူတို့ ကျွန်တော် တို့ ငယ်စဉ်အခါက ရန်ကုန်ဘဆွေ၊ အောင်လင်း၊ မြင့်ကျော်၊ မြင့်နီ၊ ကရမက်စတဲ့ စာရေးဆရာတွေရဲ့စာတွေကို စွဲ လမ်းပြီး ပင်နီတိုက်ပုံဝတ်၊ ခုံဖိနပ် စီးခဲ့ကြတာတွေနဲ့ စားသောက် ဆိုင်ထဲဝင်ပြီး ဘီယာတစ်ခွက်ပေး လို့ မှာခဲ့ကြတာတွေကို ရယ်သွမ်း သွေးရင်းထောက်ပြတယ်။
ဇာတ်လိုက်ကို အတုယူတာ ဒုတိယအချက်ကို သူထောက် ပြမှ ငယ်ဘဝကို သတိရပြီး သူနဲ့ ရောရယ်မိတယ်။ ကောလိပ်ရောက် စ ဆယ်ကျော်သက် ရွယ် မအူ မလယ်ဆိုတော့ ဘီယာဆိုတာ တစ်ပိုင်း၊ နှစ်ပိုင်းဆိုပြီး ခွက်ချင်နဲ့ ရောင်းတာမဟုတ်ဘူး။ ပုလင်း လိုက်ရောင်းတာဆိုတာ ဘယ်သိမှာ လဲ။ ဝတ္ထုတွေထဲက ဇာတ်လိုက်တွေ အားကျပြီး သူတို့လုပ်သလို လိုက် လုပ်ချင်တာပဲရှိတယ်။ ဘာမှ လည်လည်ဝယ်ဝယ် ရှိသေးတာ မဟုတ်ဘူး။ ပညာတတ်တာနဲ့ ရာထူးရာခံရှိပြီး ပိုက်ဆံချမ်းသာ တာတွေကို ဝတ္ထုထဲက ဇာတ်လိုက် တွေက ရွံမုန်းတယ် ဆို တာနဲ့ အခြောက်တိုက် လိုက်ပြီး ဆန့်ကျင် နေ ကြတာ။
တကယ်တော့ ဘာမှဆိုင် တာမဟုတ်ဘူး။ ပညာ တတ်တာနဲ့ ပိုက်ဆံ ချမ်းသာတာဟာ မကောင်း တဲ့အရာမှ မဟုတ်တာ။ ငယ်စဉ်ကတော့ ဘယ် နားလည်မှာလဲ။ ကိုယ် အားကျတဲ့ ဇာတ်လိုက် တွေကို အတုယူဖို့ပဲ သိတာပေါ့။
များများဖတ် မြန်မြန်သိအဲဒီတစ်ချိန်က သူငယ်ချင်း ရော ကိုယ်ရော ခရစ်ယာန်ဘုန်းကြီး တွေရဲ့ သာသနာပြုကျောင်းက ဆယ်တန်းအောင်စ ဆယ့်ခြောက်နှစ်သား သာသာရှိကြသေးတယ်။လူ့လောကအကြောင်း ဘာမှမသိ ကြသေးဘူး။ စာဖတ်ဝါသနာပါလို့ ဝတ္ထုတွေထဲက ဇာတ်လိုက် တွေအ ကြောင်းလောက်သာ သိကြတာ။ တက္ကသိုလ်ရောက်တော့ လွတ်လပ် ခွင့်ပိုရတာကြောင့် စာတွေကို ‘နွား ငတ်ရေကျ’ အငမ်းမရဖတ်ဖြစ် တယ်။ မြန်မာ၊ အင်္ဂလိပ်ရသမျှ အ ကုန်ဖတ်တယ်။ အပျော်ဖတ်တွေ ရော၊ ဂန္ထဝင်တွေပါဖတ်တယ်။ စာ ဖတ်များသထက်များ လာတော့ အသည်းကွဲမူးလဲ’ ဝတ္ထုတွေကို မ ဖတ်ချင်တော့ဘူး။ ဘာမှ စာပေ တန်ဖိုးမရှိဘူးဆိုတာတွေကို နား လည်လာခဲ့တယ်။ အရက်သမားဖြစ် မသွားတာ၊ ဘိုဟီးမီးယန်းဖြစ်မသွား တာ၊ ပညာကို တန်ဖိုးထားတတ် တာတွေဟာ စာများများဖတ်ခြင်းရဲ့ ကျေးဇူးတွေ ဖြစ်တယ်။

အသည်းကွဲမူးလဲမရှိ သူငယ်ချင်းက ကျောင်းမှာပဲ ဆရာပြန်လုပ်ပြီး ပါမောက္ခဘဝနဲ့ အငြိမ်းစားယူခဲ့တယ်။ အခုထိ စာတွေ ဖတ်နေဆဲဖြစ်တယ်။ သူစိုးရိမ်တဲ့ ဒုတိယအချက်ကိုတော့ မစိုးရိမ်ပါနဲ့။
ဒီခေတ်လူငယ်တွေ က ဒို့လို မင်းတို့လို မဟုတ်တော့ ဘူး။ အင်တာနက်ခေတ်မှာ လူ ဖြစ်လာကြတာဖြစ်လို့ ပိုပြီး တတ်သိ နားလည်ကြတယ်လို့ ရှင်းပြလိုက် တယ်။ အခုခေတ်မှာ ‘အသည်းကွဲ မူးလဲ’ ဝတ္ထုတွေ ဘယ်မှာ ခေတ်စား တော့လို့လဲ။ ဖတ်သူ မရှိတော့ ရေးသူလည်း မရှိဘူး။ ဒီခေတ် လူငယ်တွေက ဘယ်စာမျိုးဟာ အဆင့်ရှိတယ်။ ဘယ်စာမျိုးက အဆင့် မရှိတဲ့ အပျော်ဖတ်သက် သက်တွေ ဖြစ်တယ်ဆိုတာ ကောင်း ကောင်း နားလည်ကြတယ်။ စာရေး ဆရာတွေထဲမှာလည်း ဘိုဟီးမီး ယန်း စာရေးဆရာဆိုတာ မတွေ့ ရသလောက်ပဲ။ ဒီခေတ်လူငယ် တွေ စာကောင်းပေ ကောင်း သိကြ နားလည်ကြပါတယ်။
ကွဲကွဲပြားပြား ရေးထားတာသူငယ်ချင်းပြောတဲ့ ပညာ တတ်ဆန့်ကျင်ရေးဖြစ်သွားရင် မ ကောင်းဘူးဆိုတဲ့ ပထမအချက်ကို တော့ လက်ခံပါတယ်။ ပညာတတ် တာဟာ မကောင်းတဲ့အရာလုံးဝ မ ဟုတ်ပါဘူး။ လူတွေ ပညာများများ တတ်လေ ကောင်းလေဖြစ်တယ်။ ပညာတတ်တွေဟာ တိုင်းပြည် တည်ဆောင်ရေးအတွက် အင်အား တစ်ရပ်ဖြစ်တယ်။ ကျွန်တော်ရေးနေ တာတွေက ပညာတတ်တွေကို ဆန့်ကျင်တာမဟုတ်သလို ပညာ ရပ်ဆန့်ကျင်ရေးလုပ်တာလည်း မ ဟုတ်ပါဘူး။ ရေးတဲ့စာတွေကို ဖတ် ကြည့်ရင် မြို့ကြီးသား ပညာတတ် ရေပေါ်ဆီ လူတန်းစားလို့ ကွဲကွဲ ပြားပြားရေးတာကို တွေ့ရပါလိမ့် မယ်။ ခေတ်အဆက်ဆက်မှာ အ ထက်ဆုံးလွှာကို မျက်နှာချိုသွေး တည့်အောင်ပေါင်းပြီး ကိုယ်ကျိုးရှာ တဲ့ ရေပေါ်ဆီတွေကို ရှုတ်ချရေး သားတာဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ပညာတတ်တွေထဲမှာ ပညာတတ်၊ ပညာရှင်ဆိုတဲ့ ဂုဏ် သိက္ခာကို စောင့်ထိန်းရကောင်းမှန်း မသိသူတွေအတော်များများ တွေ့ နေရလို့ပါ။
သူဌေးအလိုကျဥပမာအနေနဲ့ ပြောရရင် ကုမ္ပဏီကြီးတစ်ခုရဲ့ အင်ဂျင်နီယာ ဆိုပါတော့။ အထပ်မြင့်အဆောက် အအုံကြီးတစ်ခု ဆောက်လုပ်တဲ့ နေရာမှာ ကုမ္ပဏီပိုင်ရှင်သူဌေးက အမြတ်များများကျန်အောင် ပစ္စည်း ‘ခို’ ဖို့ပြောတယ်။ ဘိလပ်မြေ လျှော့ပါ၊ သံချောင်း ကျပ်လုံးအစား ခြောက်မူးလုံး သုံးပါလို့ ပြောလိမ့် မယ်။ ကုမ္ပဏီ သူဌေးက ရှစ် တန်းတောင် အောင်တဲ့သူ မဟုတ် တော့ ဘိလပ်မြေအကြောင်း၊ သံချောင်းအကြောင်း ဘာမှ သိ တာမဟုတ်ဘူး။ အင်ဂျင်နီယာက သူဌေးပြောသလို လုပ်ရင် အဆောက်အအုံရဲ့ ခိုင်ခံ့မှုမှာ အန္တရာယ်ရှိနိုင်ကြောင်း ရှင်းပြပြီး စံချိန်မီ
လုပ်ဖို့လိုအပ်ကြောင်း ပြော ရမယ်။ ဒါပေမဲ့ အင်ဂျင်နီယာ အများစုက အဲဒီလိုမလုပ်ဘူး။ သူဌေးရဲ့ မျက်နှာသာ ပေးမှုခံရဖို့ အတွက် သူဌေးခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်တယ်။ အန္တရာယ် ရှိမှာကို ထည့်စဉ်းစားမနေတော့ ဘူး။
စာနယ်ဇင်းမှာလည်း ရှိတယ် ဒါဟာ အင်ဂျင်နီယာဆိုတဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတာ ဖြစ်တယ်။ အင်ဂျင်နီယာဆိုတာ အ ဆောက်အအုံမှာ နေထိုင်မယ့်သူများ အန္တရာယ်ကင်းရှင်းဖို့ တာဝန်ရှိသူ ဖြစ်တယ်။သူဆောက်တဲ့အဆောက် အအုံ စံချိန်မီခိုင်ခံ့ဖို့ အလေးထားရ မယ်။ အလေးမထားဘဲ သူဌေးအ လိုကျ လုပ်ပေးခြင်းဟာ ပညာရှင် မပီသမှုဖြစ်တယ်။ အဲဒီလို ပညာရှင် မပီသတာမျိုး စာနယ်ဇင်းသမားတွေ ထဲမှာလည်း အများကြီးရှိတယ်။ ပိုင်ရှင်သူဌေးက ပိုက်ဆံယူပြီး ဒီ မော်ဒယ်မလေးပုံ မျက်နှာဖုံး တင် ပေးပါဆိုလည်း ဘာမှ မပြောဘဲ တင်ပေး လိုက်တာပဲ။ ပိုင်ရှင် သူဌေးက
သူ့ယောက်ဖ ကုမ္ပဏီ ဖွင့်ပွဲ သတင်းနဲ့ ဓာတ်ပုံတွေကို မျက်နှာပြည့် ထည့်ပေးဆိုလည်း ထည့်လိုက်တာပဲ။ တကယ်တော့ အယ်ဒီတာဆိုတာ စာဖတ်ပရိသတ် ကို မလှည့်စားရဘူး။ လိမ်မှန်း သိသိကြီးနဲ့ ထည့်ရင် ကိုယ်ပါ လူလိမ် ဖြစ်တယ်။ ကိုယ့် စာဖတ် ပရိသတ်ကို လိမ်တာဟာ စာနယ် ဇင်း သမားအဖို့ အကြီးဆုံး ပြစ်မှု ဖြစ်တယ်။
ရှက်တတ်လာအောင်ပညာတတ်ရယ်လို့ ဖြစ်လာရင် လိမ်တာကို လိမ်မှန်းသိပါတယ်။ မလုပ်သင့် မလုပ်ကောင်းတာတွေကို လည်း သိပါတယ်။ ဒါပေမဲ့ ပညာ တတ်ဂုဏ်သိက္ခာကိုထိန်းပြီး ‘လျှာ ပေါ်မြက်ပေါက်ပါစေ၊ မဟုတ်တာ တော့ မလုပ်ဘူး’ ဆိုတဲ့ပညာတတ်၊ ပညာရှင် အလွန့်အလွန်ကို ရှား တယ်။ တစ်ရာမှာ တစ်ယောက် တောင် ရှိပါ့မလား မသေချာဘူး။ အများစုက ကိုယ့်အလုပ်ကလေး တည်မြဲဖို့၊ ပုံမှန်ရနေတဲ့ဝင်ငွေလေး ပျောက်မသွားဖို့ကိုသာ အလေးထား ပြီး အလုပ်ရှင်အကြိုက် လိုက်နေ ကြတာချည်း တွေ့ရတယ်။ ပညာ တတ်မှာ ပညာရဲ့ ဂုဏ်သိက္ခာ ရှိပါ
တယ်။ ဒီဂုဏ်သိက္ခာကို ထိန်းဖို့ တာဝန်ရှိတယ်။ ပညာမာနဆိုတာ မထားကောင်းတဲ့ အရာမဟုတ်ဘူး။ ထမင်းငတ်ပါစေ ပညာကိုတော့ အ စော်ကားမခံဘူးဆိုတဲ့ မာနမျိုး ထားသင့်တယ်။ ဒီလို သိက္ခာနဲ့ ဒီလို မာနတွေ မရှိကြလွန်းလို့ ရှက်တတ်လာအောင် ခဏခဏ နှိုးဆော်နေတာဖြစ်တယ်။ ပညာ တတ်တာကို မျက်မုန်းကျိုးလို့ မဟုတ်ပါဘူး။

**လူထုစိန်ဝင်း**

http://popularmyanmar.com/mpaper/?p=16364

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)