ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 26, 2011

အရူးရေးသော အရူးစာ

>
ဘာသာရေးရှု့ထောင့်အရ အရူး(၈)မျိုးရှိသည်။
(၁) တဏ္ဍာရူး
(၂)ဒေါသလွန်၍ ဖြစ်သော အရူး
(၃)မောဟကြောင့် ဖြစ်သော အရူး
(၄)အယူဖောက်ပြန်ကြံစည်လွန်သော အရူး
(၅)ဘီလူး၊သားရဲ၊စုန်း၊နတ်ဖမ်းစာ
းသဖြင့် ရူးသော အရူး
(၆)သည်းခြေပျက်သော အရူး
(၇)အရက်သေစာအသောက်လွန်၍ ရူးသော အရူး
(၈)စီးပွားပျက်၍ ရူးသော အရူး
တို့ ဖြစ်ကြသည်။

ယင်းအရူး(၈)မျိုးထဲတွင် မပါဝင်သော အရူးတစ်မျိုးရှိသေးသည်။ယင်းမှာ ခေတ်မကောင်း၍ ရူးချင်ယောင်ဆောင်နေသောအရူးဖြစ်သည်။ခေတ်မကောင်းဟုဆိုငြား ကိုယ်ပြည်ကိုယ်ရွာ ကိုယ်လူမျိုးအုပ်ချုပ်နေသည့်ခေတ်ဖြစ်
ခြင်းကြောင့် မည်သည့်အချက်ကို မကောင်းဟု မျက်စောင်းထိုးသည်ကို အသံတိတ်စဉ်းစားမိသည်။စဉ်းစားနေရင်း စဉ်းစားစရာလိုလာသည်ကာ မနက်ဖြန် အသက်ရှင်သန်နိုင်ဖို့ ဖြစ်သည်။မြင့်မားထောင်မောင်းလွန်းသည့် အရပ်အမောင်းရှိသော
ကုန်ဈေးနှုန်းအား မော်ကြည့်ရင်း စကားမပြောနိုင်သည့် လူတန်းစားအတွက် အလေးပြုရမည်လား၊လက်ခလယ်ထောင်ပြရမည်လား တွေးမိပြန်သည်။တွေးလေ တွေးလေ အသည်းနွေးအောင် ထွေးဖက်ထား
နိုင်သူမှာ ဗင်းဆင့်တူမချောလေး ဖြစ်သည်။

တူမပျိုနှင့် ဦးလေးအိုတို့ လက်ထပ်ခြင်းကဲ့သို့သော် ဆွေမျိုးတော်စပ်သူအချင်းချင်း လက်ထပ်ခြင်းကို ရှေးမြန်မာဓမ္မသတ်များတွင် လည်းကောင်း၊ယခုခတ်တရားစီရင်ထုံးများတွင်လည်းကောင်း ပိတ်ပင်ထားသည်ကို အထင်အရှားအတိအကျ မတွေ့ရ။
ယင်းကဲ့သို့ သွေးသားတော်စပ်သူအချင်းချင်း လက်ထပ်ပါက မျိုးရိုးဗီဇညံဖျင်းသွားတတ်သည်ကို ခေတ်သစ်ဇီဝသိပံပညာရှင်များက
ထောက်ပြကြသည်။သို့ငြား တွေးခေါ်ပညာရှင်များမှ လူသားအားလုံး၏ သွေးသည် တစ်ရောင်တည်းဖြစ်သည်ဆိုသော စကားလုံးနှင့် ကိုင်ပေါက်ကြပြန်သည်။လူသားအားလုံး၏သွေးသည် တစ်ရောင်တည်းဆိုသော်လည်း သွေးမျိုးဆက်အရ သွေးအုပ်စု အေနှင့်ဘီ လက်ထပ်ပါက မွေးဖွားလာသည့်ကလေးမှာ သွေးအုပ်စုအစုံ ဖြစ်နိုင်သည်။သို့သော် သွေးအုပ်စု အိုနှင့်အိုလက်ထပ်ပါက
မွေးဖွားလာသည့်ကလေးမှာ အိုသွေးသာ ဖြစ်သည်ကို တွေ့ရှိရသည်။သွေးချင်းနှော..သွေးသားစပ်ဖို့ ဗင်းဆင့်တူမချောလေးအား
1500နှင့် တစ်ဘ၀လုံးရောင်းရန် စကားလှမ်းကား လက်ကလေး ကမ်းမိသည်။

ကမ်းလာသောလက်ထဲရှိ လာဘ်ထိုးငွေအား မသိမသာလှမ်းယူရင်း ဖင်အောက်ခုထိုင်လိုက်သော အထက်လူကြီးမျက်နှာမှာ
ကြည်ညိုစရာ ရုပ်တည်ကြီးနှင့် ဖြစ်သည်။ခပ်တည်တည်နှင့်အဂတိလိုက်စားနေသော အထက်လူကြီးများအတွက် လက်မှတ်တစ်ခါ
ထိုးတိုင်း အိပ်တစ်ခါဖောင်းကြသည်မှာ ဆွစ်ဇာလန်ဘဏ်ရှိ ယင်းတို့၏ လျှို့ဝှက်ငွေစာရင်းက သက်သေခံနေလိမ့်မည်ဖြစ်သည်။
ကမ္ဘာသားတို့သည် ပြည်တွင်းဘဏ်ထက် အမေကျော်ဒွေးတော်လွမ်းပြီး ဆွစ်ဘဏ်အား ကြိတ်ချစ်နေရခြင်းမှာ ဆွစ်ဘဏ်၏
ယုံကြည်စိတ်ချရမှု၊လုံခြုံမှုအပြည့်အ၀ပေးနိုင်သောကြောင့် ဖြစ်သည်။ဆွစ်ဘဏ်ရှိငွေအား ကမ္ဘာအနှံရှိဘဏ်များမှ လက်ခံကြသောကြောင့် ငွေမည်းအား ခ၀ါချနိုင်သည့် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပေသည်။ငွေမည်းအား ခ၀ါချရာတွင်
အကောင်းဆုံးငွေကြေးမှာ ဒေါ်လာဖြစ်သည်။ထို့ကြောင့် ယင်းဒေါ်လာအားကမ္ဘာ့ ဘိန်းဘုရင်များ၊ဒုစရိုက်သမားများ အသဲစွဲကြိုက်ကြသည်။

ဒုစရိုက်ဟူသည်ကား (၁၀)ပါးရှိပြီး အကျယ်အားဖြင့် (40)ရှိသည်။
Physical အားဖြင့် ကျူးလွန်သောကံမှာ ပါဏာတိပါတ၊အဒိန္နာဒါန၊ကာမေသု၊
Verbal အားဖြင့် ကျူးလွန်သောကံမှာ မုသာဝါဒ၊ပိသုဏာဝါစာ၊ဖရုသာဝါစာ၊သမ္မပလာပ
Mental အားဖြင့် ကျူးလွန်သောကံမှာ အဘိဇာ၊ဗျာပါဒ၊မိစာဒိဌိ ဆိုပြီး ကွဲသည်။
ယင်းကို အကုသလကမပထတရားဟူပြီး ၀ိဂြိုဟ်ပြုကာ
Byself,By other,by recommendation,by onlooking what other made sin as their wish
ဆိုသော လေးချက်နှင့်ရောပါက အပြားလေးဆယ်ရသည်။ယင်းဒုစရိုက်တရား (၁၀)ပါး.အပြား(၄၀)အား
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက Lost-Lost System ဟု သမုတ်ထားကာ ရှောင်ကြဉ်ခိုင်းထားသည်။

ရှောင်ကြဉ်အပ်သော မိန်းမများထဲတွင် Cee Lo Green ရဲ့ F**k You သီချင်းထဲက Gold Digger အမျိုးအစားလည်း ပါသည်။
မိုက်ကယ်လန်းရဲ့ Take me To Your Heart လုပ်နေပါလျက် M2M ၏ The Day You Went Away လုပ်သွားသည်မှာ
Shyne Ward ၏ Breathless ထဲက You Leave me Breathless စာသားအတိုင်းပင် ဖြစ်နေတော့သည်။တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ Eva Cassidy ရဲ့ Fields of Gold ထဲက You'll remember me when the west wind moves စာသားအတိုင်း မဖြစ်လာပါစေနဲ့ဟု ဆန္ဒပြုမိသည်။ပြောခဲ့ဖူးသော ကေတီပယ်ရီရဲ့ E.T. (Futuristic Lover) သီချင်းထဲက Fill me With your love,I'm Your victim စာသားလေးကို ပြန်ရုပ်သိမ်းရင်း PINK ရဲ့ Fucking Perfect သီချင်းအတိုင်း ဟစ်မိသည်။အမ်မီနမ်ရဲ့ I"m not Afraid သီချင်းလို ငါ့အတွက် ဘယ်အရာမှ ထီမထင်ပါ။ရွှေရည်သိန်းတန်ပြန်ဆိုထားတဲ့ ကိုယ်ရံတော်သီချင်းမူရင်းလေးဖြစ်တဲ့ Trouble is a Friend လို ဘ၀မှာ ပြသာနာဟာ
သွားလေရာ ပါနေတဲ့ မိတ်ဆွေတစ်ယောက်ပါ။မိတ်ဆွေလုပ်တာထက် Grenade ရဲ့ Easy comes,Easy Goes လုပ်သွားသော ကောင်မလေးများအား ဆလံသမိသည်။ညည ကလပ်ထဲက Dancing Floor မှာ ဂျနီဖာလိုပက်စ်ရဲ့ On the Floor သီချင်းလေးဟစ်ရင်း ကရသည်မှာ ကောင်းလေစွ။ကောင်းသော ကောက်ကြောင်းများဖြင့် မျက်စပစ်ခါ
Dusty Springfield ရဲ့ I only want to be with you သီချင်းလေးဆိုနေသော ကဝေမများအား ဟင်းချမိသည်။

**ကဝေဆိုသည်မှာ** မြင်းကဝေ၊နတ်ကဝေ၊ရက္ခိုက်ကဝေ၊နရကဝေ၊ဘီလူးကဝေ၊နဂါးကဝေ၊ဂဋ္ဌုန်ကဝေ၊ဆင်ကဝေဆိုပြီး အမျိုးကွဲသည်။ယင်းတို့၌ ရံဖန်ရံခါ အမောက်ရှိ၏။စုန်း၊ကဝေ၊အမျိုးအစားအလိုက် အမောက်ကိုယ်စီရှိကြကုန်၏။တစ်ချို့လည်း အမောက်ကင်း၏။အမောက်အလိုက်လည်း ပါဝါဒီဂရီအနိမ့်မြင့်ကွဲပြားကုန်၏။ကဝေမျိုးထက် စုန်းမျိုးက သာ၍ များသည်။
စုန်း၊ကဝေဆိုပြီး မမြင်ဖူး၍ မယုံဘူးဟု မလုပ်ရာ။Seeing is Believing သည် သိပံပညာ၌သာ အသုံးများသည်။ဝိဇာလောက၌ အသုံးမကျယ်၊စုန်းကဝေတို့အား သတ်လိုသူ၊နှိမ်နင်းလိုသူ ပရောဂဆရာသည် စုန်း၊ကဝေ အမျိုးအစားအရင် ခွဲတတ်ရသည်။
အနာသိအောင်လုပ်ပြီးမှ ဆေးရှာမှီးရသည်။
ရှာမှီးခြင်းသုံးမျိုးတွင် ကာမအားရှာမှီးခြင်းထက် သုတအားရှာမှီးခြင်းသည် အကျိုးပွားစေသောအကြောင်းရင်း ဧကန်ဖြစ်သည့်အတွက် ရှာရှာတွေ့သမျှအား ပေါက်ပေါက်ရှာရှာအတွေးဖြင့် ဖော်ပြလိုက်ရသည်။

--

**သွေး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)