ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 26, 2011

အိပ်မက် တစ်ခုကြောင့်

>
Imre Kertész (November 9, 1929- )
....................................................
သူဟာ ဟန်ဂေရီ (Hungary)ရဲ့ မြို့တော် Budapest မှာ မွေးဖွားခဲ့တဲ့ သစ်ကုန်သည် တစ်ဦးရဲ့ သားဖြစ်တယ်။ ငယ်ငယ်ကတည်းက တုံးအခဲ့လို့ လူတွေက သူ့ကို “ငတုံး” လို့ ခေါ်ကြတယ်။ ၁၂ နှစ်အရွယ်ရောက်တော့ တစ်ညမှာ သူအိပ်မက် တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူရေးထားတဲ့ စာကို နိုဘယ်လ်က ကြိုက်မိလို့ ဘုရင်တစ်ပါးက သူ့ကို ဆုချတဲ့အကြောင်းဖြစ်တယ်။ အိပ်မက်မက်ပြီး တစ်ခြားလူတွေကို သူ့အိပ်မက် အကြောင်း ပြောပြချင်ပေမဲ့ လှောင်ရီကြမှာစိုးလို့ သူ ဖွင့်မပြောပြရဲခဲ့ဘူး။ နောက်မှ မိခင်ကို သူ ပြောပြလိုက်မိတယ်။

မိခင်က “ဒါဟာ သား တစ်ကယ်မက်ခဲ့တဲ့ အိပ်မက်ဖြစ်မယ်ဆိုရင် သားမှာ ထွက်လမ်းရှိပြီ။ မေမေကြားဖူးတာက ဘုရားသခင်ဟာ လူတစ်ယောက်ရဲ့ စိတ်ထဲ စိတ်ကူး အိပ်မက်တစ်ခု ထည့်ပေးလိုက်ပြီဆိုရင် အဲဒီအိပ်မက်ကို အကောင်အထည်ပေါ်အောင် အကူအညီ ပေးတယ်တဲ့” လို့ ပြောတော့ မိခင်စကားကို ယုံကြည်ပြီး သူဟာ စာရေးခြင်းကို နှစ်သက်သွားခဲ့တယ်။

“ဒီအစမ်းအသပ်ကို ငါခံနိုင်ရင် ဘုရားသခင်က ငါ့ကို ကူညီမှာပဲ” ဒီယုံကြည်ချက်နဲ့ သူဟာ စာတွေကို စရေးတော့တယ်။

၃နှစ်လွန်သွားတယ်။ ဘုရားသခင် ရောက်မလာခဲ့ဘူး။ နောက် ၃နှစ် လွန်သွားပြန်တယ်။ ဘုရားသခင် ရောက်မလာခဲ့ပြန်ဘူး။ သူ့ကို ကူညီဖို့ ဘုရားသခင်ရဲ့ အလာကို သူမျှော်နေတုန်းမှာ ဟစ်တလာရဲ့ စစ်တပ်က အရင်ရောက်လာခဲ့တယ်။ ဂျူးလူမျိုးဖြစ်တဲ့ သူ ၁၉၄၄မှာ နာဇီတို့ရဲ့ အဖမ်းကို ခံရပြီး Konzentrationslager Auschwitz-Birkenau ကို အပို့ခံလိုက်ရတယ်။

ဂျူးလူမျိုးတွေ ၆ မီလီယံ အသတ်ခံရတဲ့ အထဲမှာ သူလွတ်မြောက်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံး ၀တ္ထုဖြစ်တဲ့ Sorstalanság (Fateless) ကို သူရေးသားခဲ့တယ်။ အဲဒီနောက်ပိုင်း ၀တ္ထုအမြောက်အမြား သူရေးသားခဲ့တယ်။

ဘုရားသခင်ရဲ့ အကူအညီကို သူမျှော်လင့် မနေတော့တဲ့အချိန်မှာ The Royal Swedish Academy က၂၀၀၂ နိုဘယ်လ် စာပေဆုကို Imre Kertész က ရကြောင်း ကြေညာလိုက်တယ်။ အဲဒီနာမည်ကို ကြားတော့ သူအံ့သြတုန်လှုပ်သွားခဲ့မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည် ဖြစ်နေလို့ပါပဲ။

နာမည် သိပ်မရှိတဲ့ ဒီစာရေးဆရာ နိုဘယ်လ်ဆုရတာကို ဘယ်လို ခံစားရပါသလဲလို့ လူတွေက မေးကြတော့ “ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်တော် သိတာက “ကျွန်တော် ဒါကိုပဲ လုပ်ချင်တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ မမှုဘူး” လို့ လူတွေပြောတဲ့အခါ ဘုရားသခင်က အခြားအရာ တစ်ခုခုအဖြင့် ဖန်ဆင်းပြီး လာကူညီတယ်ဆိုတာကိုပဲ” လို့ သူပြောခဲ့တယ်။

စိတ်ထဲက အိပ်မက် စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ မကြောက်နဲ့။ ကျဆုံးခြင်းတွေ ရှိပေမဲ့လည်း တစ်နေ့မှာတော့ အောင်မြင်ခြင်းက ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့မှာပါ။

ရေးသားသူ... နိုင်းနိုင်းစနေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)