**Public Health**လူ အပါအဝင် သက်ရှိ သတ္တဝါတိုင်း အသက်ရှင်ဖို့ အတွက် အစားအစာ တွေကို စားသောက် ကြရ တယ်။ စားသုံး လိုက်တဲ့ အစာ အာဟာရတွေ ကြောင့် ကျန်းမာ ရှင်သန် ဖွံ့ဖြိုး ကြီးထွား တိုးတက် ရသလို ဒီအစား အစာ တွေကြောင့်ပဲ ရောဂါဘယ တွေ ဖြစ်ရ၊ ကျန်းမာရေး ပြဿနာ တွေ ဖြစ်ရနဲ့ ဝေဒနာတွေ ခံစား ရကာ အချို့ လူတွေ အသက် တိုကြ ရတယ်။ လူတွေ စားနေ ကြတဲ့ အစား အစာတွေ၊ သောက်စရာ အရည် တွေဟာ အမျိုးအမည် ထောင်သောင်း မက အရေအတွက် ရှိနေ ပါမယ်။ အဲဒီ အထဲက ဘယ်လို အစားအစာ တွေကို စားရင် ဘယ်လို ရောဂါ ကျန်းမာရေး ပြဿနာတွေ ပေးနိုင်တယ်၊ ဘယ်လို အစား အစာ တွေ စားရင် ရောဂါဘယ တွေကို ကာကွယ် နိုင်တယ် ဆိုတာ အတို ချုံးပြီး ဖော်ပြ ပေးထားသော လမ်းညွှန်လေး တစ်ခု ကို ရေးသား ဖော်ပြချင် ပါတယ်။ ဒီလမ်းညွှန်ကို ဖတ်ရှု လိုက်နာ ကြရ သဖြင့် ရောဂါ အန္တရာယ် အခွင့် အလမ်းတွေ လျှော့ချ နိုင်မှာ ဖြစ်ကြောင်း အာဟာရ ပညာရှင် တွေက ပြောကြားထား ပါတယ်။

(၁) အဆီ
တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်း သို့မဟုတ် အဲဒီထက် နည်းသော ပမာဏကို အဆီ စားခြင်းဖြင့် ရယူပါ။ ပြည့်ဝဆီလို့ ခေါ်တဲ့ တိရစ္ဆာန်မှ ရတဲ့ အဆီ လိုမျိုးကို ၁၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိပါစေ။ ကိုလက်စထရောလ် ဟူသော အဆီ ဓာတ်ကိုလည်း တစ်နေ့တာ အတွင်း ၃၀ဝ မီလီဂရမ်ထက် များပြီး မစားပါနဲ့။ အထက်ပါ လမ်းညွှန်ချက်ကို လိုက်နာခြင်းဖြင့် ကင်ဆာ ရောဂါ အမျိုးအစား အချို့၊ အဝ လွန်ခြင်း၊ နှလုံး ရောဂါ နှင့် သည်းခြေအိတ် ကျောက်တည် ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းစေ ပါတယ်။
(၂) ကိုယ်အလေးချိန်
အသက်အရွယ် ကျား၊ မ အရပ် အမောင်း အလိုက် ရှိသင့်သည့် ကိုယ်အလေးချိန်အတွင်း ထိန်းသိမ်းထားခြင်း၊ တစ်နည်းအားဖြင့် ခန္ဓာကိုယ် ထုထည် စံညွှန်းကိန်း Body Mass Index (BMI) ကို ပုံမှန်အတိုင်း ရှိအောင် ထိန်းသိမ်းခြင်း၊ ဖော်ပြပါ အတိုင်း လိုက်နာပါက ဆီးချို သွေးချို၊ သွေးတိုး ရောဂါ၊ လေဖြတ်ခြင်း ကင်ဆာ (အထူးသဖြင့် ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာ)၊ သည်းခြေအိတ် ရောဂါများကို ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ကစီဓာတ်နှင့် အမျှင်ဓာတ် စားခြင်း
သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ၊ ပဲ အမျိုးမျိုးနှင့် နှံစားသီးနှံများ စားပေးခြင်း (အချို့ကလေး တွေက အသားတွေနဲ့ သကြားလုံး အချိုတွေပဲ ကြိုက်တယ်။ မိမိ ကလည်း အလိုလိုက် ပြီး သူတို့ ကြိုက်တာပဲ ကျွေးလေ့ ရှိတယ်။ ကစီဓာတ် အမျှင်ဓာတ် ရအောင် ကျွေးဖို့ သတိမရဘူး) ကစီဓာတ်နှင့် အမျှင်ဓာတ် ပါသော အစားအစာများ စားခြင်းက ဆီးချို သွေးချို ရောဂါ၊ နှလုံး ရောဂါ၊ အချို့သော ကင်ဆာ ရောဂါများကို ကာကွယ်ပေး ပါတယ်။
(၄) ဆိုဒီယမ်လျှော့စားပါ
ဆား သို့မဟုတ် အငန်ဓာတ်သည် ဆိုဒီယမ်ခေါ် သတ္တု ဓာတ်ဆားများ ဖြစ်ပါတယ်။ နေ့စဉ် စားသုံးမှု ပမာဏကို အကန့် အသတ်နှင့်သာ သုံးရ ပါမယ်။ လူတစ်ဦးသည် တစ်နေ့လျှင် ---- ဂရမ်ထက် ပိုမစားသင့်ပါ။ သွေးတိုး ရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ် များကို လျှော့ချ ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) အရက်
လုံးဝ မသောက်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။ သောက်မယ် ဆိုရင်လည်း ယောကျာ်း၊ မိန်းမ အလိုက် တစ်နေ့လျှင် ခွင့်ပြု ထားသော ယူနစ်ထက် မပိုပါစေနဲ့။ ရရှိနိုင်မယ့် အကျိုးကျေးဇူး များကတော့ နှလုံး ရောဂါ ကာကွယ်မှု ပေးခြင်း၊ သွေးတိုး၊ အသည်း ရောဂါ၊ လေဖြတ်ခြင်းနှင့် အချို့သော ကင်ဆာ များကို ကာကွယ်နိုင် ပါတယ်။ ကိုယ်ဝန် ရှိနေစဉ် မိခင် အရက် သောက် ပါက မွေးလာမယ့် ကလေးတွေ မွေးရာပါ ချို့ယွင်းချက်များ ပါလာတတ် ပါတယ်။
(၆) သကြား
refined လို့ ခေါ်တဲ့ ဖြူဖွေး နူးညံ့နေအောင် ဖန်တီး ပြုလုပ် ထားသော အချို သကြားကို ကယ်လိုရီ လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းထက် မပိုအောင် စားနိုင်ပါတယ်။ သွားပိုးစား ရောဂါ၊ သွားဖုံး ရောဂါ၊ ဆီးချို သွေးချို ရောဂါများ ကာကွယ် နိုင်ပါတယ်။
(၇) ကယ်လ်စီယမ်
လူတစ်ယောက် နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ပမာဏ ၁၀ဝ၀ မီလီဂရမ်မှ ၁၃၀ဝ မီလီဂရမ်ကြား ရအောင် စားရပါမယ်။ ကာကွယ် ပေးနိုင်မယ့် ရောဂါများ ကတော့ အရိုးပါး ရောဂါ၊ အရိုးကျိုးခြင်း၊ အူမကြီး ကင်ဆာ စသည်တို့ ဖြစ်ပါတယ်။
**ဒေါက်တာ ရည်ညွန့်မေ **
**Slip Knot**
**Public Health**
လူ အပါအဝင် သက်ရှိ သတ္တဝါတိုင်း အသက်ရှင်ဖို့ အတွက် အစားအစာ တွေကို စားသောက် ကြရ တယ်။ စားသုံး လိုက်တဲ့ အစာ အာဟာရတွေ ကြောင့် ကျန်းမာ ရှင်သန် ဖွံ့ဖြိုး ကြီးထွား တိုးတက် ရသလို ဒီအစား အစာ တွေကြောင့်ပဲ ရောဂါဘယ တွေ ဖြစ်ရ၊ ကျန်းမာရေး ပြဿနာ တွေ ဖြစ်ရနဲ့ ဝေဒနာတွေ ခံစား ရကာ အချို့ လူတွေ အသက် တိုကြ ရတယ်။ လူတွေ စားနေ ကြတဲ့ အစား အစာတွေ၊ သောက်စရာ အရည် တွေဟာ အမျိုးအမည် ထောင်သောင်း မက အရေအတွက် ရှိနေ ပါမယ်။ အဲဒီ အထဲက ဘယ်လို အစားအစာ တွေကို စားရင် ဘယ်လို ရောဂါ ကျန်းမာရေး ပြဿနာတွေ ပေးနိုင်တယ်၊ ဘယ်လို အစား အစာ တွေ စားရင် ရောဂါဘယ တွေကို ကာကွယ် နိုင်တယ် ဆိုတာ အတို ချုံးပြီး ဖော်ပြ ပေးထားသော လမ်းညွှန်လေး တစ်ခု ကို ရေးသား ဖော်ပြချင် ပါတယ်။ ဒီလမ်းညွှန်ကို ဖတ်ရှု လိုက်နာ ကြရ သဖြင့် ရောဂါ အန္တရာယ် အခွင့် အလမ်းတွေ လျှော့ချ နိုင်မှာ ဖြစ်ကြောင်း အာဟာရ ပညာရှင် တွေက ပြောကြားထား ပါတယ်။
(၁) အဆီ
တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်း သို့မဟုတ် အဲဒီထက် နည်းသော ပမာဏကို အဆီ စားခြင်းဖြင့် ရယူပါ။ ပြည့်ဝဆီလို့ ခေါ်တဲ့ တိရစ္ဆာန်မှ ရတဲ့ အဆီ လိုမျိုးကို ၁၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိပါစေ။ ကိုလက်စထရောလ် ဟူသော အဆီ ဓာတ်ကိုလည်း တစ်နေ့တာ အတွင်း ၃၀ဝ မီလီဂရမ်ထက် များပြီး မစားပါနဲ့။ အထက်ပါ လမ်းညွှန်ချက်ကို လိုက်နာခြင်းဖြင့် ကင်ဆာ ရောဂါ အမျိုးအစား အချို့၊ အဝ လွန်ခြင်း၊ နှလုံး ရောဂါ နှင့် သည်းခြေအိတ် ကျောက်တည် ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းစေ ပါတယ်။
(၂) ကိုယ်အလေးချိန်
အသက်အရွယ် ကျား၊ မ အရပ် အမောင်း အလိုက် ရှိသင့်သည့် ကိုယ်အလေးချိန်အတွင်း ထိန်းသိမ်းထားခြင်း၊ တစ်နည်းအားဖြင့် ခန္ဓာကိုယ် ထုထည် စံညွှန်းကိန်း Body Mass Index (BMI) ကို ပုံမှန်အတိုင်း ရှိအောင် ထိန်းသိမ်းခြင်း၊ ဖော်ပြပါ အတိုင်း လိုက်နာပါက ဆီးချို သွေးချို၊ သွေးတိုး ရောဂါ၊ လေဖြတ်ခြင်း ကင်ဆာ (အထူးသဖြင့် ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာ)၊ သည်းခြေအိတ် ရောဂါများကို ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ကစီဓာတ်နှင့် အမျှင်ဓာတ် စားခြင်း
သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ၊ ပဲ အမျိုးမျိုးနှင့် နှံစားသီးနှံများ စားပေးခြင်း (အချို့ကလေး တွေက အသားတွေနဲ့ သကြားလုံး အချိုတွေပဲ ကြိုက်တယ်။ မိမိ ကလည်း အလိုလိုက် ပြီး သူတို့ ကြိုက်တာပဲ ကျွေးလေ့ ရှိတယ်။ ကစီဓာတ် အမျှင်ဓာတ် ရအောင် ကျွေးဖို့ သတိမရဘူး) ကစီဓာတ်နှင့် အမျှင်ဓာတ် ပါသော အစားအစာများ စားခြင်းက ဆီးချို သွေးချို ရောဂါ၊ နှလုံး ရောဂါ၊ အချို့သော ကင်ဆာ ရောဂါများကို ကာကွယ်ပေး ပါတယ်။
(၄) ဆိုဒီယမ်လျှော့စားပါ
ဆား သို့မဟုတ် အငန်ဓာတ်သည် ဆိုဒီယမ်ခေါ် သတ္တု ဓာတ်ဆားများ ဖြစ်ပါတယ်။ နေ့စဉ် စားသုံးမှု ပမာဏကို အကန့် အသတ်နှင့်သာ သုံးရ ပါမယ်။ လူတစ်ဦးသည် တစ်နေ့လျှင် ---- ဂရမ်ထက် ပိုမစားသင့်ပါ။ သွေးတိုး ရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ် များကို လျှော့ချ ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) အရက်
လုံးဝ မသောက်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။ သောက်မယ် ဆိုရင်လည်း ယောကျာ်း၊ မိန်းမ အလိုက် တစ်နေ့လျှင် ခွင့်ပြု ထားသော ယူနစ်ထက် မပိုပါစေနဲ့။ ရရှိနိုင်မယ့် အကျိုးကျေးဇူး များကတော့ နှလုံး ရောဂါ ကာကွယ်မှု ပေးခြင်း၊ သွေးတိုး၊ အသည်း ရောဂါ၊ လေဖြတ်ခြင်းနှင့် အချို့သော ကင်ဆာ များကို ကာကွယ်နိုင် ပါတယ်။ ကိုယ်ဝန် ရှိနေစဉ် မိခင် အရက် သောက် ပါက မွေးလာမယ့် ကလေးတွေ မွေးရာပါ ချို့ယွင်းချက်များ ပါလာတတ် ပါတယ်။
(၆) သကြား
refined လို့ ခေါ်တဲ့ ဖြူဖွေး နူးညံ့နေအောင် ဖန်တီး ပြုလုပ် ထားသော အချို သကြားကို ကယ်လိုရီ လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းထက် မပိုအောင် စားနိုင်ပါတယ်။ သွားပိုးစား ရောဂါ၊ သွားဖုံး ရောဂါ၊ ဆီးချို သွေးချို ရောဂါများ ကာကွယ် နိုင်ပါတယ်။
(၇) ကယ်လ်စီယမ်
လူတစ်ယောက် နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ပမာဏ ၁၀ဝ၀ မီလီဂရမ်မှ ၁၃၀ဝ မီလီဂရမ်ကြား ရအောင် စားရပါမယ်။ ကာကွယ် ပေးနိုင်မယ့် ရောဂါများ ကတော့ အရိုးပါး ရောဂါ၊ အရိုးကျိုးခြင်း၊ အူမကြီး ကင်ဆာ စသည်တို့ ဖြစ်ပါတယ်။
**ဒေါက်တာ ရည်ညွန့်မေ **
**Slip Knot**

No comments:
Post a Comment