ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 25, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

>
** ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်မှတ်ဈေးကြီးမြင့်မှု ယူအီးအက်ဖ်အေဥက္ကဌ တောင်းပန် **
(လန်ဒန်၊ ဧပြီလ ၂၃ ရက်)
အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်း၌ လာမည့် မေလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအတွက် လက်မှတ်ဈေးနှုန်းများ ကြီးမြင့်နေမှုနှင့် ပတ်သက်၍ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီက ပရိသတ်များကို တောင်းပန်စကားဆိုလိုက်သည်။ အဆိုပါ ဗိုလ်လုပွဲအတွက် ဈေးအသက်သာဆုံးလက်မှတ်မှာ ၁၇၆ ပေါင်ဖြစ်ပြီး ကလေးတစ်ဦးပါ ခေါ်ခွင့်ရမည့်စုံတွဲအတွက် လက်မှတ်တစ်စောင်မှာ ၃၃၈ ပေါင်ဖြစ်သည်။ ထိုသို့လက်မှတ်များ ဈေးနှုန်းကြီးမြင့်နေမှုအပေါ် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီက ယခုကဲ့သို့ ဈေးကြီးမြင့်မှုမှာ မဖြစ်သင့်ကြောင်း၊ ကောင်းသည့်အရာလည်း မဟုတ်ကြောင်း၊ သို့သော် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ဈေးနှုန်းသတ်မှတ်ရသည်မှာ လွယ်သည့်ကိစ္စမဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် လက်မှတ်မှောင်ခိုဈေးကွက် ပျောက်ကွယ်သွားအောင် ကြိုးပမ်းနေသကဲ့သို့ နောက်နောင်တွင် ယခုကဲ့သို့ လက်မှတ်ဈေးကြီးမြင့်မှု မရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)

** ဘင်နီတက်ဇ် ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန်ရောက်ဖွယ်ရှိ **
(လန်ဒန်၊ ဧပြီလ ၂၃ ရက်)
လက်ရှိအသင်းလက်မဲ့ဖြစ်နေသည့် လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်သည် ဖာနန်ဒိုတောရက်စ်ကို အကြောင်းပြု၍ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးသို့ ရောက်လာဖွယ်ရှိနေကြောင်း သိရသည်။ ဘင်နီတက်ဇ်အနေဖြင့် လီဗာပူးအသင်းကို ကိုင်တွယ်စဉ် ပြည်တွင်းလိဂ်၌ အောက်မြင်မှုမရရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ်က လီဗာပူးအသင်းအား ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ လိုချင်သည်မှာလည်း ထိုချန်ပီယံလိဂ် ဖလားပင်ဖြစ်သည်။ ယင်းအပြင် ချဲလ်ဆီးအသင်းသည် လာမည့်နွေရာသီတွင် ဒရော့ဘာကို ရောင်းထုတ်ပြီး ပေါင်သန်း ၅၀ တန် ဖာနန်ဒိုတောရက်စ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုရန် ရှိနေသည်။ (အင်တာနက်)

** လီဗာပူးအသင်း တစ်နှစ်ပေါင် ၂၅ သန်းဖြင့် စပွန်ဆာစာချုပ်သစ် ချုပ်ဆို **
(လီဗာပူး၊ ဧပြီလ ၂၃ ရက်)
ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိရေးအတွက် ရုန်းကန်နေရသည့် လီဗာပူးအသင်းသည် ပေါင် ၂၅ သန်းဖြင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီဟု ဆိုသည်။ Warior Sport အနေဖြင့် လက်ရှိ လီဗာပူးအသင်းကို စပွန်ဆာပေးထားသည့် adidas ၏ နေရာကို ၂၀၁၂ - ၂၀၁၃ ဘောလုံးရာသီတွင် စတင်လွှဲပြောင်းရယူမည်ဖြစ်သည်။ လီဗာပူးအသင်းသည် adidas နှင့် လက်ရှိစာချုပ်မှာ တစ်နှစ်ပေါင် ၁၂ သန်းသာရရှိသည်။ အသင်းတာဝန်ရှိသူများအနေဖြင့် adidas ကို Warior Sport နှင့် အပြိုင် စပွန်ဆာစာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့သော်လည်း ပေါင် ၂၅ သန်းအထိ တိုးမြှင့်ပေးရန် ဆန္ဒမရှိဟု ဆိုသည်။ (အင်တာနက်)

** ရိုးမားအသင်း၏ အစုရှယ်ယာများကို အမေရိကန်ကုမ္ပဏီတစ်ခု ၀ယ်ယူ **
(ရောမ၊ ဧပြီလ ၂၃ ရက်)
အီတလီစီးရီးအေကလပ် ရိုးမားအသင်း၏ အစုရှယ်ယာ ၆၇ ရာခိုင်နှုန်းကို သောမတ်စ်ဒီဘီနီဒက်တို ဦးဆောင်သည့် အမေရိကန်ကုမ္ပဏီတစ်ခုက ပေါင် ၆၂ သန်းဖြင့် ၀ယ်ယူခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ထို့ကြောင့် ရိုးမားအသင်းကို သောမတ်စ်ဒီဘီနီဒက်တိုက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိတော့မည်ဖြစ်ခြင်းကြောင့် ရိုးမားအသင်းသည် အီတလီစီးရီးအေတွင် ပထမဦးဆုံးသော နိုင်ငံခြားသားပိုင် ကလပ်တစ်ခု ဖြစ်လာခဲ့ရသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- ဟန်သစ် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)