တစ်ခါက လေလံပွဲ တစ်ခုတွင် စက်ဘီးများကို လေလံတင် ရောင်းလေသည်။ စက်ဘီးတစ်စီးကို ဈေးစခေါ်တိုင်း (၁၀)နှစ်အရွယ်ရှိ ကလေးလေး တစ်ယောက်သည် (၅)ကျပ်မှ စခေါ်သည်။ နောက်ဆုံး ဈေးကြီးပေးနိုင်သော သူများ တွန်းထုတ်သွားသော စက်ဘီးကို ငေးရင်း သူကျန်နေမြဲဖြစ်သည်။လေလံပွဲခဏနားသော အချိန်တွင် လေလံတင်သောသူက သူအား စက်ဘီးကို လိုချင်လျှင် ဘာကြောင့် ဈေးမတင်တာလဲဟု မေးသည်။ ကောင်လေးက သူတွင်(၅)ကျပ်သာ ရှိကြောင်း ပြောလေသည်။ လေလံပွဲ ပြန်စချိန်တွင်လည်း ကောင်လေးမှာ စက်ဘီးတိုင်းကို (၅)ကျပ်ဖြင့် ဈေးစခေါ်ပြန်သည်။ စက်ဘီးတိုင်း သူတစ်ပါး လက်ထဲသို့ ပါသွားမြဲ ဖြစ်သည်။ လူအများက သူ့အား သတိထားမိကြသည်။

နောက်ဆုံးတွင် အကောင်းဆုံး စက်ဘီးတစ်စီးသာ ကျန်တော့သည်။ ဈေးစခေါ်တော့ ကောင်လေးမှာ ထုံးစံအတိုင်း(၅)ကျပ်ဖြင့် စခေါ်ပြန်သည်။ “(၅)ကျပ်..... တစ်ခါ ” အခန်းထဲရှိ လူများ နှုတ်ဆိတ်နေပြီး မည်သူတစ်ဦးမျှ လက်မမြှောက်ကြ၊ ဈေးထပ် မခေါ်ကြပေ။
“( ၅)ကျပ်..... နှစ်ခါ ” “ (၅)ကျပ်.....သုံးခါ ” နောက်ဆုံးတွင် ကောင်လေးမှာ ငွေ(၅)ကျပ်ဖြင့် စက်ဘီးကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ကောင်လေး၏ မလျော့သောဇွဲနှင့် မျှော်လင့်ချက်ကို စာဖတ်သူများ တွေ့ကြရမည်။ ထို့အတူ ကောင်လေး၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးချင်သောကြောင့် ဈေးထပ်မတင်သော ပရိသတ်များကိုလည်း တွေ့မြင်နိုင်မည် လူအများက (၅)ကျပ်ထက်ပိုသော ဈေးကို ပေးနိုင်ကြသည်။ သို့သော် ဈေးခေါ်တိုင်း မိမိတွင်ရှိသော (၅)ကျပ်ဖြင့်သာ ကောင်လေးသည် နောက်ဆုံးတစ်စီး ကျန်သည်အထိ ဇွဲရှိရှိ မျှော်လင့်ခဲ့သည်။ ထိုမျှော်လင့်ချက်ကို ဖြည့်ပေးကြသော အကြင်နာရှိသည့် လူများကိုလည်း တွေ့နိုင်သည်။
ဘ၀တွင် သူတစ်ပါးလို့ ထူးချွန်အောင်၊ တော်အောင် ကြိုးစားမည်ဟု စိတ်ကူးပြီး နောက်ဆုံး မျှော်လင့်ချက်အထိ ကျွန်မ လက်မလွှတ်၊ မဆုံးရှူံးပဲ ကြိုးစားခဲ့ဖူးသလား... ဒီစာလေးကို ဖတ်ပြီး ကျွန်မကိုယ်ကျွန်မ ပြန်မေးကြည့်ပါတယ်။ အဖြေက ဟင့်အင်း... ရဲ့တစ်ဝက်ပါ။။
ရေးသားသူ... နိုင်းနိုင်းစနေ
တစ်ခါက လေလံပွဲ တစ်ခုတွင် စက်ဘီးများကို လေလံတင် ရောင်းလေသည်။ စက်ဘီးတစ်စီးကို ဈေးစခေါ်တိုင်း (၁၀)နှစ်အရွယ်ရှိ ကလေးလေး တစ်ယောက်သည် (၅)ကျပ်မှ စခေါ်သည်။ နောက်ဆုံး ဈေးကြီးပေးနိုင်သော သူများ တွန်းထုတ်သွားသော စက်ဘီးကို ငေးရင်း သူကျန်နေမြဲဖြစ်သည်။
လေလံပွဲခဏနားသော အချိန်တွင် လေလံတင်သောသူက သူအား စက်ဘီးကို လိုချင်လျှင် ဘာကြောင့် ဈေးမတင်တာလဲဟု မေးသည်။ ကောင်လေးက သူတွင်(၅)ကျပ်သာ ရှိကြောင်း ပြောလေသည်။ လေလံပွဲ ပြန်စချိန်တွင်လည်း ကောင်လေးမှာ စက်ဘီးတိုင်းကို (၅)ကျပ်ဖြင့် ဈေးစခေါ်ပြန်သည်။ စက်ဘီးတိုင်း သူတစ်ပါး လက်ထဲသို့ ပါသွားမြဲ ဖြစ်သည်။ လူအများက သူ့အား သတိထားမိကြသည်။
နောက်ဆုံးတွင် အကောင်းဆုံး စက်ဘီးတစ်စီးသာ ကျန်တော့သည်။ ဈေးစခေါ်တော့ ကောင်လေးမှာ ထုံးစံအတိုင်း(၅)ကျပ်ဖြင့် စခေါ်ပြန်သည်။ “(၅)ကျပ်..... တစ်ခါ ” အခန်းထဲရှိ လူများ နှုတ်ဆိတ်နေပြီး မည်သူတစ်ဦးမျှ လက်မမြှောက်ကြ၊ ဈေးထပ် မခေါ်ကြပေ။
“( ၅)ကျပ်..... နှစ်ခါ ” “ (၅)ကျပ်.....သုံးခါ ” နောက်ဆုံးတွင် ကောင်လေးမှာ ငွေ(၅)ကျပ်ဖြင့် စက်ဘီးကို ပိုင်ဆိုင်နိုင်ခဲ့သည်။
ကောင်လေး၏ မလျော့သောဇွဲနှင့် မျှော်လင့်ချက်ကို စာဖတ်သူများ တွေ့ကြရမည်။ ထို့အတူ ကောင်လေး၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးချင်သောကြောင့် ဈေးထပ်မတင်သော ပရိသတ်များကိုလည်း တွေ့မြင်နိုင်မည် လူအများက (၅)ကျပ်ထက်ပိုသော ဈေးကို ပေးနိုင်ကြသည်။ သို့သော် ဈေးခေါ်တိုင်း မိမိတွင်ရှိသော (၅)ကျပ်ဖြင့်သာ ကောင်လေးသည် နောက်ဆုံးတစ်စီး ကျန်သည်အထိ ဇွဲရှိရှိ မျှော်လင့်ခဲ့သည်။ ထိုမျှော်လင့်ချက်ကို ဖြည့်ပေးကြသော အကြင်နာရှိသည့် လူများကိုလည်း တွေ့နိုင်သည်။
ဘ၀တွင် သူတစ်ပါးလို့ ထူးချွန်အောင်၊ တော်အောင် ကြိုးစားမည်ဟု စိတ်ကူးပြီး နောက်ဆုံး မျှော်လင့်ချက်အထိ ကျွန်မ လက်မလွှတ်၊ မဆုံးရှူံးပဲ ကြိုးစားခဲ့ဖူးသလား... ဒီစာလေးကို ဖတ်ပြီး ကျွန်မကိုယ်ကျွန်မ ပြန်မေးကြည့်ပါတယ်။ အဖြေက ဟင့်အင်း... ရဲ့တစ်ဝက်ပါ။။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment