(ဧပြီ ၁၊၂၀၁၁)
ထိုင်းနိုင်ငံတောင်ပိုင်းစူရပ်ဌာနီ စူရပ်မြို့ ဘန့်နော်ရပ်ကွက်ဖတနာ ဘုန်းတော်ကြီးကျောင်းမှမြန်မာအလုပ်သမား
ရေဘေးဒုက္ခသည် ၁၄၀ တို့အား စူရဌာနီ မရမ်မြို့ ဖချလ တီတီယာဖါ အမှတ်(၃)ကျောင်းဝင်းထဲသို့ ထိုင်း
အာဏာပိုင်များက ယနေ့ နေ့ လည်ကပို့ ဆောင်လိုက်ပြီးဖြစ်သည်။
ယမန်နေ့ ကအဆိုပါဘုန်းတော်ကြီးကျောင်းတွင်မှီခိုနေထိုင်၍ရရှိခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ရေပြည့်
လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှ့ခဲ့ကြရသည်။
ရေဘေးဒုက္ခသည် မငယ်က“လောလောဆယ်တော့အဆင်ပြေသွားပါပြီ သမီးတို့ အလုပ်ရုံက ထမင်းလာပို့
တယ်။သမီးတို့မှာကျန်နေခဲ့တဲ့အ၀တ်တွေလာပို့ တယ်။နေမကောင်းတဲ့လူတွေအတွက်တော့ ကူညီနိုင်ရင်ကူညီ
ပေးပါ”ဟုပြောသည်။
စာသင်ကျောင်းထဲသို့ ရောက်ရှိနေသည့်မြန်မာအလုပ်သမားများမှာ အမျိုးသား ၆၀ ယောက်ဖြစ်ပြီး
အမျိုးသမီး၈၀ဖြစ်ကြသည်။
စေတနာ့ဝန်ထမ်းထိုင်းအမျိုးသမီးတစ်ဦးက ကိုယ်ဝန် ၅လရှိသည့်အမျိုးသမီးတစ်ဦးရှိပြီး ကလေးငယ်များ
မပါရှိကြောင်း မိုးရေကြောင့် ဖျားနာသူ ၄၀ခန့်ရှိကြောင်း၊ နှာစေး၊အအေးမိ၊တဲ့ဆေးဝါးတွေလိုအပ်နေကြောင်း
ပြောဆိုသွားသည်။
နံနက်စောစောပိုင်းက အစားအစာရေနှင့်အ၀တ်အထည်ကအစ လိုအပ်နေကြောင်း ဘုန်းတော်ကြီးကျောင်းသို့ 
ရေများတိုးဝင်လာသဖြင့် မည်သည့်နေရာသို့ ပြောင်းရွှေ့ရမည်မသိကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအသင်း BAT သို့ ပထမသတင်းပို့ ခဲ့သည့်။ BAT က အလုပ်သမားကွန်ယက်များနှင့် အကူအညီပေးနိုင်သည့်အဖွဲ့အစည်းများသို့ အရေးပေါ်အကြောင်းကြားခဲ့ကြောင်းသိရှိရသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment