( ၁ )
**အိပ်မက်ဆန်တဲ့ နံနက်ခင်းဟာ
နှင်းပွင့် တွေ ဆော့ကစားလို့ 
ဆောင်းရာသီတို့ ရဲ့ မြူနှင်းဘုရင်မရေ….
အညတရရဲ့ တဲအိုလေးကို
နှင်းပွင့်တို့  ကြဲပက်ပါတော့…
**စိုစွတ်တဲ့ မြက်ပင်တွေရဲ့
ငိုက်မျဉ်းပုံကို
ဘောင်ခတ်ဖို့ ကြိုးစားမိ
ဆာမူရိုင်း တစ်ယောက်ရဲ့ ဟန်ပန်နဲ့ 
ပန်းချီစုတ်ချက်တွေက
ဘ၀အပေါ်ရှုပ်ပွလို့ ..
( ၂ )
**ကမ္ဘာဦးက ပန်းနှင်းဆီရေ…
လေထုကို မင်းပိုင်စိုးတုန်းက
ငါဟာ
အိပ်မက်မက်တတ်သူပါ…
**ရင့်ရင်နေတဲ့ သစ်၇ွက်တွေ ခင်းကျင်းတဲ့
လမ်းတလျှောက်
ငါ လျှောက်လှမ်းစဉ်က
ကိုင်းခြောက် မိုးတဲ့
ငါ့ဦးခေါင်းက
သစ္စာတရားနဲ့ မျက်နှာချင်းဆိုင်..
**ကျောင်းတော်ကြီးရဲ့ အ၀င်တံခါးမှာ
ငါဟာ
လဒတစ်ကောင်လို
ဥသြနဲ့လည်း ရန်ဖြစ်ဖူးတယ်
ဖားပြုတ်သားလည်း စားဖူးတယ်
နှင်းရေလည်း သောက်ဖူးတယ်
**စိုက်ပျိုးခဲ့တဲ့ ပန်းပင်လေးအတွက်
ဥယျာဉ်မှူးရဲ့ နှလုံးသားဟာ
သွေးစို့ ခဲ့ရပေါ့…..
ချစ်ရသော ပန်း ရေ
မင်းဟာ
ငါ့ရဲ့ အသည်းဦးပန်းပါ..။
( ၃ )
**မျက်စိတဆုံး စိမ်းလန်းခဲ့တဲ့
လယ်ကွင်းအလယ်က
ဆံနွယ်ရှင်ရဲ့ ပါးပြင်ကို
နမ်းရှိုက်ခဲ့တဲ့
လေညှင်းလေး…..
အသင် သယ်ဆောင်ခဲ့တာ
နတ်သမီးရဲ့ ကိုယ်သင်းရနံ့ များလား….။
**ဆုတ်ဖြဲခံထားရတဲ့
ငါ့ရဲ့ ကိုယ်ရေးရာဇ၀င်ဟာ
သင်္ကေတတွေ ခြစ်ရာတွေနဲ့ 
ပြည့်နှက်လို့ 
ငါ လဲလျောင်းခဲ့တဲ့ သင်္ချိုင်းဂူဟာ
အမည်မဲ့ခဲ့ပေါ့….။
**ဂုဏ်သိက္ခာတွေ ဖယ်ရှားလို့ 
ငါ စောင့်စည်းခဲ့တဲ့ သီလကို
အက်ဆစ်တိုက်စားခဲ့ပြီ
…. ….. ….. …… ……
….. ….. ….. …… ……
…… ….. …… ….. …..
**ဒီလိုနဲ့ ပဲ
သက္ကရာဇ်တွေက ငါခန္ဒာကို
ရင့်ရော်စေခဲ့ပြီ။
( ၄ )
**ချစ်ရသော ပန်း ရေ
မြူနှင်းတို့ ရဲ့ ဖြူစင်မှုနဲ့ 
သနပ်ခါး ပါးကွက်ကြား
မင်း … လိမ်းခြယ်ခဲ့ပြီပေါ့…
**အရုပ်ကြိုးပျက် လဲကျခဲ့တဲ့
ခပ်ရင့်ရင့် ငါ့နှလုံးသားကို
ဘီလူးဝင်စီး
သတိရခြင်းက
ငါ့ မြို့ ရိုးအပေါ် မှာ
အလံတလူလူ လွင့်လို့ …
**ငါ ဖမ်းဆုပ်ခဲ့တဲ့ လေပြေ တသုတ်မှာ
ဝတ်မှုန်တွေ အစီအစဉ် မျက
ဖျက်စီးတတ်သူ… လို့ 
မှတ်ယူလိုက်တော့
ငါ့ ညတွေဟာ
မျက်ရည်သောက်ခဲ့ကြပေါ့…
**လှပစွာ မှိုင်းဝေနေတဲ့ 
နံနက်ခင်းမှာ
ငါ နေရောင်ခြည် မဖြစ်ချင်ခဲ့တာ
အမှန်ပါ..။
( ၅ )
**ဘုရားဆုပန် ယောကျားပေမယ့်
အရောင်အသွေးစုံတဲ့ မင်းရဲ့ ပန်းစံအိမ်လေးဘေးမှာ
တဲအိုလေးထိုးပြီး နေချင်တဲ့
ငါ့ရဲ့ အလိုဆန္ဒက
သိပ်များ ကြီးမားသွားသလား…
**လမိုက်ညမှာ
မီးအိမ်တစ်လုံးနဲ့ 
ပုစဉ်းအော်သံဟာလည်း
ငါ့အတွက် လွမ်းစရာ..
**ငါ့ရဲ့ အတ္တ အနုမြူ မှုန်လေးနဲ့ 
ဆက်လက်ဖြစ်တည်နေမယ့်
ဘ၀ဆက်တိုင်းမှာ
မင်းကို ငါ ချစ်နေမယ်…
**ယုံကြည်မှု တစ်ခုအတွက်
ငါဟာ
ရဲရင့်တဲ့ စစ်သူရဲကောင်းတစ်ယောက်လို
တိုက်ပွဲဝင်ပါ့မယ်
စုတ်ပြတ်နေတဲ့
သူဖုန်းစားတစ်ယောက်လိုလည်း
ခယပါ့မယ်…
( ၆ )
**မြေခွေးတစ်ကောင်ရဲ့ ကောက်ကျစ်မှုမျိုး နဲ့
ငါ ရယူဖူးတဲ့ အခွင့်အရေးတွေ
ရန်သူ ၀ိုင်းဝိုင်းလည်နေပေမယ့်
ပြန်တိုက်ရဲ့တဲ့ ခြင်္သေတစ်ကောင်ရဲ့ သတ္တိမျိုး
ငါ့မှာ ရှိတယ်…
**သကာ ဖုံးတဲ့
စကားလုံးတွေအတွက်တော့
ဝမ်းနည်းစွာပဲ
ငါ… ငြင်းဆိုပါရစေ….
**အပင်ထက်မှာ လှပနေမယ့်
ပန်းတစ်ပွင့် ကို
အသပြာနဲ့ လဲပြီး
အတင်းအဓမ္မ မယူဘူးလို့ 
ငါ ကတိပေးရဲပါတယ်….
**ချစ်ရသော …. ပန်း ရေ
မင်းအတွက်ဆို
ငါဟာ … လဒ တစ်ကောင်လို
စောင့်ဆိုင်းရမယ်ဆိုလည်း
စောင့်ဆိုင်းပါ့မယ်…
( ၇ )
**နာကျည်းစွာ ပဲ
မင်းပြောခဲ့တဲ့ စကားတွေအတွက်
ငါ့ ညတွေကို
ကော်ဖီခွက်ထဲ နှစ်လိုက်ရသလို
ငါ ဟာ
မိုးပြိုမယ့် နေ့ ကို
စောင့်ဆိုင်းနေခဲ့တာပါ…
**ငါ မရှိတဲ့ အရပ်မှာ
ပွင့်လန်းခဲ့တဲ့
မင်းရဲ့ အပြုံးပန်းတွေ အတွက်
ငါ့ကို ငါ သနားတတ်ဖို့ 
သတိရမိတယ်….
**အစွဲလမ်းကြီးကြီး နဲ့
ငါ စိုက်ခဲ့တဲ့
ပန်းပင်လေးတွေက
အိပ်မက်ထဲမှာပဲ
ဖူးပွင့်နေတော့တယ်….
…. …. …. ….
…. …. …. ….
…. …. …. …..
…. ….. ….. …
…. အခုတော့
ရင်ခွင်ထဲက ဗလောင်ဆူနေတဲ့
တိတ်တခိုး နှလုံးသားရဲ့
မိုင်ပေါင်းများစွာ အဝေးမှာ
မင်းရဲ့ မေတ္တာရနံ့ တွေ
သင်းထုံခဲ့ပြီပေါ့….။
**မိုးအိမ်လူ**
( ၁ )
**အိပ်မက်ဆန်တဲ့ နံနက်ခင်းဟာ
နှင်းပွင့် တွေ ဆော့ကစားလို့ 
ဆောင်းရာသီတို့ ရဲ့ မြူနှင်းဘုရင်မရေ….
အညတရရဲ့ တဲအိုလေးကို
နှင်းပွင့်တို့  ကြဲပက်ပါတော့…
**စိုစွတ်တဲ့ မြက်ပင်တွေရဲ့
ငိုက်မျဉ်းပုံကို
ဘောင်ခတ်ဖို့ ကြိုးစားမိ
ဆာမူရိုင်း တစ်ယောက်ရဲ့ ဟန်ပန်နဲ့ 
ပန်းချီစုတ်ချက်တွေက
ဘ၀အပေါ်ရှုပ်ပွလို့ ..
( ၂ )
**ကမ္ဘာဦးက ပန်းနှင်းဆီရေ…
လေထုကို မင်းပိုင်စိုးတုန်းက
ငါဟာ
အိပ်မက်မက်တတ်သူပါ…
**ရင့်ရင်နေတဲ့ သစ်၇ွက်တွေ ခင်းကျင်းတဲ့
လမ်းတလျှောက်
ငါ လျှောက်လှမ်းစဉ်က
ကိုင်းခြောက် မိုးတဲ့
ငါ့ဦးခေါင်းက
သစ္စာတရားနဲ့ မျက်နှာချင်းဆိုင်..
**ကျောင်းတော်ကြီးရဲ့ အ၀င်တံခါးမှာ
ငါဟာ
လဒတစ်ကောင်လို
ဥသြနဲ့လည်း ရန်ဖြစ်ဖူးတယ်
ဖားပြုတ်သားလည်း စားဖူးတယ်
နှင်းရေလည်း သောက်ဖူးတယ်
**စိုက်ပျိုးခဲ့တဲ့ ပန်းပင်လေးအတွက်
ဥယျာဉ်မှူးရဲ့ နှလုံးသားဟာ
သွေးစို့ ခဲ့ရပေါ့…..
ချစ်ရသော ပန်း ရေ
မင်းဟာ
ငါ့ရဲ့ အသည်းဦးပန်းပါ..။
( ၃ )
**မျက်စိတဆုံး စိမ်းလန်းခဲ့တဲ့
လယ်ကွင်းအလယ်က
ဆံနွယ်ရှင်ရဲ့ ပါးပြင်ကို
နမ်းရှိုက်ခဲ့တဲ့
လေညှင်းလေး…..
အသင် သယ်ဆောင်ခဲ့တာ
နတ်သမီးရဲ့ ကိုယ်သင်းရနံ့ များလား….။
**ဆုတ်ဖြဲခံထားရတဲ့
ငါ့ရဲ့ ကိုယ်ရေးရာဇ၀င်ဟာ
သင်္ကေတတွေ ခြစ်ရာတွေနဲ့ 
ပြည့်နှက်လို့ 
ငါ လဲလျောင်းခဲ့တဲ့ သင်္ချိုင်းဂူဟာ
အမည်မဲ့ခဲ့ပေါ့….။
**ဂုဏ်သိက္ခာတွေ ဖယ်ရှားလို့ 
ငါ စောင့်စည်းခဲ့တဲ့ သီလကို
အက်ဆစ်တိုက်စားခဲ့ပြီ
…. ….. ….. …… ……
….. ….. ….. …… ……
…… ….. …… ….. …..
**ဒီလိုနဲ့ ပဲ
သက္ကရာဇ်တွေက ငါခန္ဒာကို
ရင့်ရော်စေခဲ့ပြီ။
( ၄ )
**ချစ်ရသော ပန်း ရေ
မြူနှင်းတို့ ရဲ့ ဖြူစင်မှုနဲ့ 
သနပ်ခါး ပါးကွက်ကြား
မင်း … လိမ်းခြယ်ခဲ့ပြီပေါ့…
**အရုပ်ကြိုးပျက် လဲကျခဲ့တဲ့
ခပ်ရင့်ရင့် ငါ့နှလုံးသားကို
ဘီလူးဝင်စီး
သတိရခြင်းက
ငါ့ မြို့ ရိုးအပေါ် မှာ
အလံတလူလူ လွင့်လို့ …
**ငါ ဖမ်းဆုပ်ခဲ့တဲ့ လေပြေ တသုတ်မှာ
ဝတ်မှုန်တွေ အစီအစဉ် မျက
ဖျက်စီးတတ်သူ… လို့ 
မှတ်ယူလိုက်တော့
ငါ့ ညတွေဟာ
မျက်ရည်သောက်ခဲ့ကြပေါ့…
**လှပစွာ မှိုင်းဝေနေတဲ့ 
နံနက်ခင်းမှာ
ငါ နေရောင်ခြည် မဖြစ်ချင်ခဲ့တာ
အမှန်ပါ..။
( ၅ )
**ဘုရားဆုပန် ယောကျားပေမယ့်
အရောင်အသွေးစုံတဲ့ မင်းရဲ့ ပန်းစံအိမ်လေးဘေးမှာ
တဲအိုလေးထိုးပြီး နေချင်တဲ့
ငါ့ရဲ့ အလိုဆန္ဒက
သိပ်များ ကြီးမားသွားသလား…
**လမိုက်ညမှာ
မီးအိမ်တစ်လုံးနဲ့ 
ပုစဉ်းအော်သံဟာလည်း
ငါ့အတွက် လွမ်းစရာ..
**ငါ့ရဲ့ အတ္တ အနုမြူ မှုန်လေးနဲ့ 
ဆက်လက်ဖြစ်တည်နေမယ့်
ဘ၀ဆက်တိုင်းမှာ
မင်းကို ငါ ချစ်နေမယ်…
**ယုံကြည်မှု တစ်ခုအတွက်
ငါဟာ
ရဲရင့်တဲ့ စစ်သူရဲကောင်းတစ်ယောက်လို
တိုက်ပွဲဝင်ပါ့မယ်
စုတ်ပြတ်နေတဲ့
သူဖုန်းစားတစ်ယောက်လိုလည်း
ခယပါ့မယ်…
( ၆ )
**မြေခွေးတစ်ကောင်ရဲ့ ကောက်ကျစ်မှုမျိုး နဲ့
ငါ ရယူဖူးတဲ့ အခွင့်အရေးတွေ
ရန်သူ ၀ိုင်းဝိုင်းလည်နေပေမယ့်
ပြန်တိုက်ရဲ့တဲ့ ခြင်္သေတစ်ကောင်ရဲ့ သတ္တိမျိုး
ငါ့မှာ ရှိတယ်…
**သကာ ဖုံးတဲ့
စကားလုံးတွေအတွက်တော့
ဝမ်းနည်းစွာပဲ
ငါ… ငြင်းဆိုပါရစေ….
**အပင်ထက်မှာ လှပနေမယ့်
ပန်းတစ်ပွင့် ကို
အသပြာနဲ့ လဲပြီး
အတင်းအဓမ္မ မယူဘူးလို့ 
ငါ ကတိပေးရဲပါတယ်….
**ချစ်ရသော …. ပန်း ရေ
မင်းအတွက်ဆို
ငါဟာ … လဒ တစ်ကောင်လို
စောင့်ဆိုင်းရမယ်ဆိုလည်း
စောင့်ဆိုင်းပါ့မယ်…
( ၇ )
**နာကျည်းစွာ ပဲ
မင်းပြောခဲ့တဲ့ စကားတွေအတွက်
ငါ့ ညတွေကို
ကော်ဖီခွက်ထဲ နှစ်လိုက်ရသလို
ငါ ဟာ
မိုးပြိုမယ့် နေ့ ကို
စောင့်ဆိုင်းနေခဲ့တာပါ…
**ငါ မရှိတဲ့ အရပ်မှာ
ပွင့်လန်းခဲ့တဲ့
မင်းရဲ့ အပြုံးပန်းတွေ အတွက်
ငါ့ကို ငါ သနားတတ်ဖို့ 
သတိရမိတယ်….
**အစွဲလမ်းကြီးကြီး နဲ့
ငါ စိုက်ခဲ့တဲ့
ပန်းပင်လေးတွေက
အိပ်မက်ထဲမှာပဲ
ဖူးပွင့်နေတော့တယ်….
…. …. …. ….
…. …. …. ….
…. …. …. …..
…. ….. ….. …
…. အခုတော့
ရင်ခွင်ထဲက ဗလောင်ဆူနေတဲ့
တိတ်တခိုး နှလုံးသားရဲ့
မိုင်ပေါင်းများစွာ အဝေးမှာ
မင်းရဲ့ မေတ္တာရနံ့ တွေ
သင်းထုံခဲ့ပြီပေါ့….။
**မိုးအိမ်လူ**
No comments:
Post a Comment