ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 9, 2011

ပုံပြင်ထဲက အသိများ

>
(၁)
တစ်ခါက လူတစ်ဦးသည် အိပ်မက်ထဲတွင် အိမ်ကြီးတစ်အိမ်သို့ ရောက်လာသည်ဟု မက်လေသည်။ အိမ်ကြီး၏ ပထမထပ်တွင် စားပွဲရှည်တစ်လုံးရှိပြီး စားပွဲပေါ်တွင် စားသောက်ဖွယ်ရာများ တည်ခင်းထားသည်။ စားပွဲ ပတ်ပတ်လည်တွင် လူများ ထိုင်နေကြသည်။ သို့သော် တစ်စုံတစ်ယောက်မှ စားပွဲပေါ်ရှိစားစရာများအား ယူမစားကြပေ။ အကြောင်းမှာ ထိုလူတို့၏ တစ်တောင်ဆစ်များသည် ကွေး၍မရအောင် ကျိန်စာသင့် ထားသောကြောင့်ဖြစ်သည်။ စားကောင်း သောက်ဖွယ်များကို မြင်သာမြင်ပြီး မစားရ၍ စိတ်ပျက်ကာ ထိုင်နေကြသော သူများဖြစ်သည်။

သို့သော် ဒုတိယထပ်တွင်မှု ပန်းကန် ခွက်ယောက်သံများ၊ ရယ်သံများဖြင့် စည်ကား နေသည်ကို သူကြားလိုက်မိသည်။ ဒုတိယထပ်သို့ သူ တက်ကြည့်သောအခါ ပထမထပ်နည်းတူ လူများက တစ်တောင်ဆစ် ကွေးလို့ မရကြပေ။ သို့သော် အစားအစာများကို သူတို့ မြိန်ယုက်စွာ စားနေကြသည်။ အကြောင်းမှာ ကွေးမရသောလက်ဖြင့် မျက်နှာချင်းဆိုင်ထိုင် နေသောသူကို တစ်ယောက် တစ်လှည့်စီ ခွံ့နေကြသောကြောင့် ဖြစ်သည်။

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဟုသော စကားအတိုင်း လူတိုင်းသည် ပတ်ဝန်းကျင်ကို မမှီခိုဘဲ တစ်ဦးတည်း ထီးထီး ရပ်တည်၍ မရပါ။ ကူညီမည့် လက်ကို သင်က အရင်ဆန့်ထုတ်လျှင် သင့်ပတ်ပတ်လည်တွင် သူငယ်ချင်းများ ပေါများလာမည်ကို သတိပြုမိလိမ့်မည်။ ဘ၀ဆိုသော လမ်းကို လျှောက်လှမ်းရာတွင် စိတ်တူကိုယ်တူ ကူညီဖေးမမည့် သူငယ်ချင်းများစွာ လိုအပ်လှသည်။

(၂)
တစ်ခါက လူတစ်ဦးသည် ဘူတာတစ်ခုရှေ့ အဖြတ်တွင် ချိုချဉ်၊ သကြားလုံးများရောင်းနေသော ကိုယ်လက် မသန်စွမ်းသော ပျံကျဈေးသည် တစ်ဦးကို တွေ့လေသည်။ သူသည် ထိုလူအား ရာတန်တစ်ရွက် ချပေးပြီး ဖြတ်ကျော်သွားသည်။ သို့သော် တစ်နေရာ အရောက်တွင် နောက်ကြောင်းပြန်လှည့်လာပြီး

“ဆောရီးဗျာ.ခင်ဗျားက စီးပွားရေးသမား တစ်ယောက်ပါ။ ကျွန်တော်က သူတောင်းစားထင်လို့ဗျာ တောင်းပန်ပါတယ်” ဟု အားနာစွာ ဆိုသည်။

သို့နှင့်အချိန်များ ကုန်လွန်ပြီး တစ်နေ့တွင် သူသည် ထိုဘူတာသို့ ရောက်သွားပြန်သည်။ ဆိုင်တစ်ဆိုင်မှာ သူဌေးက သူအားပြုံးပြပြီး လက်ပြ နုတ်ဆက်လေသည်။

“ခင်ဗျားကို ထပ်တစ်ခေါက် ပြန်တွေ့ဖို့ ကျွန်တော် အရမ်း မျှော်လင့်ခဲ့တယ်” မသန်စွမ်းသောသူက ဆိုသည်။

“ကျွန်တော်ကို စီးပွားရေးသမား တစ်ယောက်အဖြင့် သတ်မှတ်ခဲ့တာ ခင်ဗျားဟာ ပထမဦးဆုံးပါ။ ကြည့်..အခုဆို
ရင် ကျွန်တော်ဟာ ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင် ပိုင်ဆိုင်နိုင်ခဲ့ပြီ”

လူတစ်ဦးကို အကဲခတ်ရာတွင် မိမိကြည့်သော ရှုထောင့်ကိုလိုက်၍ ထိုလူ၏ ပုံသဏ္ဍာန်မှာ အမျိုးမျိုး ကွဲပြားနိုင်သည်။ တစ်ဦးအပေါ်တစ်ဦး လေးစားစိတ်၊ မေတ္တာစိတ်များ ထားလျှင် နောက်ဆက်တွဲ၏ ရလဒ်မှာ ကောင်းကျိုးများပင်ဖြစ်နိုင်သည်။

(၃)
တစ်ခါက ဆရာတစ်ဦးသည် စာရွက်ဖြူပေါ်တွင် အမဲစက် တစ်စက်ချပြီး ကျောင်းသားများအား ဘာမြင်ကြသလဲ ဟုမေးသည်။ ကျောင်းသားများက “အမဲစက်ကိုမြင်တယ် ဆရာ” ဟု ပြန်ဖြေကြသည်။ ဆရာက ထပ်မေးသော်လည်း အဖြေမှာ အမဲစက်သာဖြစ်သည်။

ဆရာက တအံတသြဖြင့် “အဖြူထည်ကြီး တစ်ခုလုံးကို မမြင်ကြဘဲ ဘာလို့ ဒီအမဲစက်ကိုမှ မြင်ကြရသလဲ”ဟုပြောသည်။

လူတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိကြသည်။ သို့သော် တစ်ခါတရံ ကျွန်တော်တို့သည် သူတစ်ပါး၏ အားနည်ချက် (အမဲစက်)ကိုသာ မြင်ပြီး သူတို့၏ နဂိုရှိရင်း အားသာချက်(အဖြူထည်) များကို လျှစ်လျှူရှုမိတတ်ကြသည်။

(၄)
ရွာတစ်ရွာတွင် တန်ခိုးကြီးသော ဘုရားတစ်ဆူရှိသည်။ ဆုတောင်းတိုင်း ပြည့်သည်ဟုဆို၏။ တစ်ခါက ခြေတစ်ဘက် ကျိုးနေသော လူတစ်ဦးသည် ထိုရွာသို့ ရောက်ရှိလာသည်။ ရွာသားများက“သနားစရာပါလား ခြေထောက်တစ်ဘက်ပြန်ရဖို့ လာဆုတောင်းတယ် ထင်တယ်”ဟု တီးတိုး ဝေဖန်ကြသည်။ ထိုလူကြားသော်

“ဘုရားမှာနောက်ထပ်ခြေအသစ်ရဖို့ ကျွန်တော် လာဆုတောင်းတာ မဟုတ်ပါဘူး။ ခြေထောက်တစ်ဘက် မရှိတော့တဲ့ နောက်ပိုင်းဘ၀ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကူညီလမ်း ညွှန်နိုင်ဖို့ လာဆုတောင်းတာပါ”

ဖြစ်ပျက်တတ်သော လောကဓံတရားကို လက်ခံတတ်ရန်ဖြစ်သည်။ ဆုံးရှုံးသွားသော အရာကို မတောင့်တနေဘဲ ရှိတာလေးနှင့် သင့်တင့် နေတတ်ရန်ဖြစ်သည်။

(၅)
(၁၇)ရာစုက ဖြစ်သည်။ ဒိန်းမတ်နှင့် ဆွီဒင်တို့ စစ်ဖြစ်ကြရာ ထိုစစ်ပွဲတွင် ဒိန်းမတ်နိုင်လေသည်။ စစ်ပွဲပြီးဆုံးသော် အနားယူချိန်တွင် ဒိန်းမတ်စစ်သည် တစ်ဦးက ရေဘူးကိုထုတ်ပြီး ရေသောက်ရန်လုပ်နေစဉ် ရုတ်တရက် ညည်းညူသံတစ်ခုကို ကြားလေသည်။ သွားရောက် ကြည့်ရှူသော် ဒဏ်ရာရထားသော ဆွီဒင်စစ်သည် တစ်ဦးဖြစ်ပြီး သူ၏ ရေဘူးကိုသာ အငမ်းမရ ကြည့်နေလေသည်။ ထိုအခါ ဒိန်းမတ်စစ်သည်က ရေဘူးကိုဖွင့်ပြီး ရေတိုက်ရန်အနားသို့ အကပ်တွင် ဆွီဒင်စစ်သည်က ဓားထုတ်ပြီး အလစ်တွင် လုပ်ကြံလေသည်။ အရှောင်မြန်၍သာ သက်သာရာ ရတော့သည်။

“အော် မင်းက ငါ့ကိုလုပ်ကြံချင်နေတာကိုး... အစက ရေတစ်ဘူးလုံး ပေးမလို့ပဲ အခုတော့ တစ်ဝက်ပဲ ချန်ပေးခဲ့မယ်”ဟု ဆိုလေသည်။

ထိုအဖြစ်အပျက်ကို ဘုရားမင်းမြတ်က သိသော် ထိုသူအား ဘာကြောင့် ရန်သူစစ်သည်အား မသတ်ဘဲ ရေဘူးတစ်ဝက်ပေးကာ ထားခဲ့ရသလဲဟု ခေါ်ယူမေးမြန်းလေသည်။ ထိုအခါ စစ်သည်က “ဒဏ်ရာရထားသော သူကို အကျွန်ုပ် မသတ်လိုပါ” ဟု ပြန်ဖြေလေသည်။

ကျွေးသောလက်ကို ပြန်ကိုက်သော၊ ကျေးဇူးရှင်ကို ကျေးဇွတ်သော ထိုသူများကို ခွင့်လွတ်နိုင်ခြင်းသည် အမွန်မြတ်ဆုံးသော ခွင့်လွတ်ခြင်းပင်ဖြစ်သည်။

ရေးသားသူ... နိုင်းနိုင်းစနေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)