ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 6, 2011

သူခိုး

>
Pablo Picasso (1881-1973)
............................................
တစ်ခါက အညတရ ပန်းချီဆရာ လူငယ်တစ်ဦးသည် အိမ်ငယ်လေး တစ်အိမ်တွင်နေပြီး ပုံတူ ပန်းချီကားများ ရေးဆွဲခြင်းဖြင့် အသက်မွေး ၀မ်းကြောင်းခဲ့သည်။ တစ်နေ့သ၌ အထက်တန်းလွှာ သူဌေးကတော်တစ်ဦးသည် ထိုအိမ်ရှေ့က အဖြတ် ပန်းချီဆရာ၏ သပ်ရပ်သော လက်ရာကို တွေ့မိပြီး သဘောကျသောကြောင့် မိမိပုံတူကို ပန်းချီ ဆွဲခိုင်းစေခဲ့သည်။ ဆွဲခမှာ တစ်သောင်းဖြစ်သည်။

တစ်ပတ်ကြာသော် သူဌေးကတော်မှာ ချိန်းထားသည့်အတိုင်း ပန်းချီ ရွေးယူရန် လာရောက်ခဲ့သည်။ ပန်းချီ မရွေးခင် စိတ်ထဲတွင် ဤသို့ စဉ်းစားမိသည်။ “ပန်းချီကားချပ်ထဲက လူဟာ ငါပဲ။ တကယ်လို့ ဒီပုံတူကို ငါမ၀ယ်ဘဲ နေရင် နောင်လည်းဝယ်မဲ့ လူရှိမှာ မဟုတ်ဘူး” ထိုသို့ စဉ်းစားမိပြီး နာမည်ကြီးသော ပန်းချီဆရာ တစ်ယောက်လည်း မဟုတ်သည့်အတွက် နဂို သတ်မှတ်ထားသော ဆွဲခထက် လျော့ပေးရန် ဆုံးဖြတ် လိုက်သည်။

ငွေတစ်သောင်း အကုန်ခံပြီး ပန်းချီကို မရွေးနိုင်၊ ထက်ဝက်ဈေးသာ ပေးမည်ဟု လူရွယ်အား ဈေးစစ်လေသည်။ ထိုကဲ့သို့ တစ်ခါမှ မကြုံဖူးသော ပန်းချီဆရာမှာ ထိုစကားကို ကြားသောအခါ အံသြသွားမိသည်။ သတ်မှတ်ထားသည့် ဈေးအတိုင်း ပေးသင့်ကြောင်း ဂတိတည်သောသူ ဖြစ်သင့်ကြောင်း သဌေးကတော်အား ရှင်းပြခဲ့သည်။

“တ၀က်ဈေးသာ ပေးနိုင်တယ်။ သဘောမတူရင် ပန်းချီကားကို မ၀ယ်ဘူး။ ရောင်းမလား မရောင်းဘူးလား ဒါပဲပြော”
“မရောင်းနိုင်ဘူး။ ဒီပန်းချီကားကို ကျွန်တော်မရောင်းနိုင်တော့ဘူး။ ခင်ဗျားရဲ့ အထင်အမြင် သေးမှုကိုလည်း မခံဘူး။ ဒီနေ့မှာ ခင်ဗျားဟာ ဂတိမတည်သောသူဖြစ်တယ်။ နောင်တချိန်မှာ ဒီပန်းချီကားကို ခင်ဗျား အဆနှစ်ဆယ် ပေးပြီး ပြန်ဝယ်ရလိမ့်မယ်”
သူဌေးကတော်က အလျော့ပေးမည် မဟုတ်မှန်း ရိပ်မိသောကြောင်း ပန်းချီဆရာက ခပ်ပြတ်ပြတ် ပြန်ပြောလိုက် သည်။

“ဟား..ဟား...ရယ်ရတယ်။ အဆနှစ်ဆယ်တဲ့.. ဒီပန်းချီကားကို အဆနှစ်ဆယ် ပေးပြီး ၀ယ်ရလောက်အောင် ငါ မတုံးအသေးဘူး”
“ကောင်းပြီလေ...ကြည့်ကြသေးတာပေါ့”

သို့နှင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးခဲ့သည်။ ပန်းချီဆရာလည်း ထိုနေရာမှ ထွက်ခွာပြီး ဆရာ သမားကောင်းများနှင့် ပန်းချီပညာကို အပတ်တကုတ် ဆက်လက် သင်ယူခဲ့သည်။ ဆယ်နှစ်အတွင်း ပန်းချီလောကတွင် ထိုးဖောက်ထူးချွန်သော ကမ္ဘာကျော် ပန်းချီဆရာ တစ်ဦးဖြစ်လာခဲ့သည်။ သူဌေးကတော်မှာ ယခင်က ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စကို မေ့ပင် မေ့လျော့နေလောက်ပြီ။

သို့နှင့် တစ်နေ့တွင် သူဌေးကတော်၏ မိတ်ဆွေများက သူ့အား သတင်းတစ်ခုပြောပြခဲ့သည်။ “ အံသြစရာတစ်ခု ပြောရဦးမယ်။ တစ်နေ့က ငါတို့ နာမည်ကျော် ပန်းချီဆရာ တစ်ဦးရဲ့ ပန်းချီပြပွဲကို သွားခဲ့တယ်။ အဲဒီ ပန်းချီပြပွဲမှာ ဈေးကြီးတဲ့ ပန်းချီကား တစ်ချပ်တွေ့ခဲ့တယ်။ ပုံထဲက ရုပ်ပုံဟာ ခင်ဗျားနဲ့ တပုံစံထဲပဲ။ ဈေးက ၂သိန်းတဲ့။ ပိုထူးဆန်းပြီး ရယ်စရာ ကောင်းတာက ပန်းချီကားရဲ့ နာမည်က “သူခိုး” တဲ့.....”

သူဌေးကတော်မှာ မူးမေ့မတတ် ခံစားမိသည်။ လွန်ခဲ့သော ဆယ်နှစ်က အဖြစ်အပျက်ကို သူ မြင်ယောင်လာမိ သည်။ သူ၏ အကျင့်သိက္ခာကို အဆုံးအဖြတ်ပေးသော ပန်းချီကားဖြစ်ခဲ့သည်။ သူသည် ထို ပန်းချီပြပွဲသို့ ချက်ချင်း သွားပြီး ပန်းချီဆရာအား တောင်းပန်ကာ ပန်းချီကားကို ၂သိန်း အကုန်ခံပြီး ၀ယ်ယူခဲ့သည်။

ပန်းချီဆရာ၏ အရှုံး မပေးလိုသော စိတ်၊ မဆုတ်မနစ် ကြိုးစားသော ဇွဲနှင့် သူဌေးကတော်အား ခေါင်းငြိမ့်အောင် ကြိုးစားနိုင်ခဲ့သည်။ ထိုလူငယ် ပန်းချီဆရာမှာ နောင်ခါတွင် ကမ္ဘာကျော် ထင်ရှားကျော်ကြားခဲ့သော ပန်းချီဆရာ Picasso ပင်ဖြစ်သည်။

လောကတွင် ကိုယ်အား အထင်မမြင် သေးသူ၊ အလဲထိုးနိုင်သူ မရှိ။ ကိုယ့်အား အထင်အမြင် သေးအောင် အလဲထိုး နိုင်အောင် လုပ်နိုင်သော သူမှာ ကိုယ်သာ ဖြစ်သည်။

(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)