**မိုးသည်းထန်နေတဲ့ ထိုတညအညိုးကြီးစွာ ပစ်ချနေတဲ့ မိုးကြိုးပစ်သံတွေကြားမှာ
ငိုရှိုက်သံ သဲ့သဲ့လေး ကြားလိုက်ရတယ် ....
စူးစမ်းချင်တဲ့ စိတ်ကြောင့်
အဲဒီအနားကို အပြေးကပ်သွားတဲ့ အခါ
မိန်းမပျိုလေး တစ်ယောက်
ဘ၀ပြေးလမ်းမှာ ခြေခေါက်လဲလို့
HIV စွဲကပ်နေပြီတဲ့ ....။

**သူ့အဖေက စစ်သား စစ်မြေပြင် အသွားမှာ
ထိမှန်တဲ့ ဗုံးတစ်စကြောင့် ဒုက္ခိတ ဘ၀ရောက်
တိုင်းပြည်တာဝန် ထမ်းဆောင်လို့
သေရတာ မြတ်ပါတယ်လို့ ခံယူထားတဲ့ အဖေ
ဆေးပင်စင်သမားများ အိမ်ခန်းမှာ
မထားနိုင်တဲ့ ဆိုတဲ့ စာရွက်လေးကို ကိုင်ကာ
အခုတော့
ကြိတ်မနိုင်ခဲမရ နဲ့ ဒေါသပုန်ထနေပြီ ..။
**နှစ်(၂၀) တာဝန်ထမ်းခဲ့တဲ့
ဝန်ထမ်းတစ်ယောက်ရဲ့ အကျိုးအမြတ်က
ဒုက္ခိတဘ၀နဲ အဆုံးသတ်
ဘယ်နေရာကို ပြေးကပ်ရမလည်း ဆိုတာစဉ်းစား
လက်ထဲက ရွှေတမူးသားနဲ့ သူရဲကောင်း တံဆိပ်ကြီးကို
ငေးကာကြည့်ရင်း သူ့မျက်ဝန်းမှာ
မျက်ရည်တွေ စီးကျလာပြီလေ ……..။
**မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီကြောင့်
ရန်ကုန်ကိုရောက် လှိုင်သာယာ
လယ်ကွင်းထဲမှာ အိမ်ဆောက်
မဖြစ်စလောက်ငွေကြေးလေးနဲ့ ဓနိမိုးနဲ့ ထရံကာ
ကြမ်းခင်းလေးတောင် မလောက်ငခဲ့ဘူး…။
လေတိုက်ရင် ယိုင်နဲ့နေတဲ့
ထိုတဲလေးမှာ မိသားစုဘဝ
ပြန်လည် တည်ဆောက်ခဲ့ကြရတယ်..။
**သေနတ်ကိုင်တာက လွဲပြီး
အခြားအရာဆို ဘာမှ မသိတဲ့
စစ်သားကြီး ဒုက္ခိတ အဖေ
အရပ်တကာလည်ကာ အ၀တ်လျှော်ခဲ့တဲ့ အမေ
သူတို့ နှစ်ယောက်ပေါင်းလို့
ပေါက်ဖွားလာတာ သားသမီးက ခြောက်ယောက်
ထမင်းဆိုတာ မနပ်မှန်လို့
ဆန်ပြုတ်သောက်ခဲ့ရတဲ့ ရက်တွေက များလာခဲ့ပြီ ။
**အကြီးဆုံး ဖြစ်တဲ့ ကျမ တက္ကသိုလ်က
ဘွဲ့ရလို့ အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ အချိန်
စားဝတ်နေရေး အဆင်ပြေစေဖို့
မလည်မ၀ယ်နဲ့ အမေ ဈေးသည် လုပ်ခဲ့တယ် ။

**မညီမျှတဲ့ ၀င်ငွေကြောင့် မောင်နှမတွေ
စာသင်ကျောင်းကို ကျောခိုင်းစွန့်ခွာ
မောင်လေးက ဒုတ်တချောင်းနဲ့
အမှိုက်ပုံပေါင်းများစွာကို ထိုးဆွ
သူလိုချင်တဲ့ အရာကို ရှာဖွေတတ်ခဲ့တယ်..။
အငယ်နှစ်ယောက်က ပန်းကောက်
ထမင်းနပ်မှန်ဖို့ အားလုံးကြိုးစားကာ
ထောက်ပံ့ပေးထားခဲ့ကြတယ် ။
**အလကား မနေလိုတဲ့ ဆန္ဒနဲ့
ရန်ကုန်မြို့အနှံ့ လျှောက်သွားပြီး
အလုပ်တခု ရဖို့ အရေးကို
ကြိုးစားခဲ့ပါသေးတယ်………ဒါပေမယ့်
ဘာအမြီးမှာ မပါတဲ့ ကျမ အတွက်
အလုပ်တခုရဖို့ သိပ်ကို ခက်ခဲခဲ့ပါတယ်
ကားမစီးနိုင်လို့ လမ်းလျှောက်ခဲ့ရတာ
ခိုင်ပါတယ်ဆိုတဲ့ ကားတာယာ ဖိနပ်
အခုတော့ပါးလှပ်လှပ်လေးဘဲ ကျန်တော့တယ်
ငွေပိုမပါလို့ ရေငတ်တာတောင်
ဝယ်မသောက်နိုင်တဲ့ဘဝ
ရေအိုးစင်တွေ့တိုင်း သာဓုခေါ်မိတာ အမှန်ပါဘဲ ။
**ဆိုးဝါးတဲ့ ကံကြမ္မာ မုန်တိုင်းက
နှိပ်စက်တာ အားမရလို့
အခု အဖေ ဆေးရုံကို ရောက်နေခဲ့ပြီ ။
ငွေမပါရင် မကြည်ဖြူတဲ့ အသိုင်းတခုက
ကျမတို့ကို ငြူစူစွာ ဆက်ဆံပြခဲ့တယ် ။
စိတ်ညစ်လို့ လမ်းထွက်လျှောက်ရင်း
အဖေ့အတွက် စဉ်းစားကာ
မျက်ရည်ကျခဲ့ကြတာ အခါခါပါဘဲ..။
**ဒီလိုနဲ့ လူတစ်ယောက်က
ကျမနောက်ကို လိုက်လာရင်း
သူပြောလိုက်တဲ့ စကားကြောင့်
တကိုယ်လုံး ထူပူသွားပေမယ့်
သေချာစဉ်းစားဖို့ ခွန်အားမရှိခဲ့ဘူး
သူပေးတဲ့ ငွေကြောင့် အဖေ့ရောဂါ
မပျောက်ခဲ့ရင်တောင်……..
ခက်ခဲနေတဲ့ လက်ငင်းပြဿနာကို
ဖြေရှင်းနိုင်တာ အမှန်ဖြစ်လို့
ကျမငြင်းဆန်နိုင်ခြင်း မရှိခဲ့ပါဘူး ။
**လောကဓံရဲ့ ရိုက်ပုတ်ချက်ကြောင့်
ကျမဘ၀ လမ်းဘေးမှာ အပျိုရည်ပျက်ခဲ့ရတယ် ။
အဲဒီက ရတဲ့ ငွေလေးနဲ့
အဖေ့အတွက် ဆေးပြေးဝယ်
တာဝန်ကျ ဆရာဝန်ကို မျက်နှာချိုသွေးလို့
ဆေးကုပေးဖို့ တောင်းပန်ခဲ့ရတယ် ။
**ကံဇတ်ဆရာရယ် ကစားတာရပ်ပါတော့လို့
အခါခါတောင်းပန်ခဲ့ပေမယ့်
ဒုက္ခိတ အဖေကို ရောဂါပေါင်းစုံက နှိပ်စက်လို့
ကျမရဲ့ ဘ၀ ထပ်မံ နစ်မွန်းခဲ့ရတယ်. ။
**ပညာရှင် ဖြစ်စေလိုတဲ့ အဖေဆန္ဒ
ပြည့်မြောက်လို့ ချီးမြှောက်တဲ့
ဘွဲ့တံဆိပ် စာရွက်လေးကို
ရင်ခွင်ပိုက်ထားကာ ကြည်နူးနေတဲ့
ကျမအဖေ……………ကို
သူ့သမီးမိုက် ကလပ်ကို ရောက်တာ မသိပါစေနဲ့…။
**ချမ်းသာသူတို့ စည်းစိမ်ခံဖို့ အရေး
ကျမရဲ့ ဘ၀လေးကို ပေးဆပ်နေတာကို
ရသတဏှာကြောင့် သူတို့မှာ ချိုမြနေပေမယ့်
ငွေကြေးအတွက် ဝေဒနာကို ပြေးဖက်နေရတဲ့
ကျမတို့ဘ၀ကို တချက်လောက်တော့
ကိုယ်ချင်းစာ ကြည့်စေချင်တယ်.. .။
**ဒီလိုနဲ့ ကျမ အသွေးအသားဈေးသည်ဘ၀ကို
ခြေချကာလို့ ကျင်လည်ရာက
ကုမရတဲ့ဝေဒနာ စွဲကပ်လာခဲ့ရတယ် ။
အားလုံးကို အနှစ်ချုပ်လို့ ပြန်စဉ်းစားတိုင်း
အသုံးမကျတဲ့ အုပ်ချုပ်မှု
ပုံစံ စနစ်ကြောင့် ကျမတို့ မျိုးဆက်သစ်တွေ
ရေတိမ်နစ်ခဲ့ရပြီလေ……..။
**အချိန်တန်လို့ လူသားဘဝ
သေကြရမှာ အမှန်ဖြစ်ပေမယ့်
ဒီလိုဘ၀ကြီးနဲ့ အဆုံးသတ်ရတာ
ဘယ့်သူမှာ အပြစ်ရှိလည်း သေချာစွာ
စဉ်းစားပေးပါလို့ နောက်ဆုံးဆန္ဒ
အနေနဲ့ တင်ပြပေးပါ အစ်ကိုရယ်……….တဲ့…..။
**မင်းပြောသမျှကို စာပန်းချီချယ်
မင်းခံစားချက် အစစ်ကို ထုတ်ပြလို့
ရင်နာစရာ ကဗျာတပုဒ် အဖြစ်
ငါတင်ပြရင်း ….
အို…….မိန်းကလေးရယ်………
နောင်တချိန်လူသားဘဝ
မင်းပြန်ရခဲ့ရင် ……..အခုလို အဖြစ်အပျက်
မကြုံတွေ့ပါစေနဲ့လို့
ဝမ်းနည်းဂရုဏာကြောင့် မျက်ရည်တွေစိုရွှဲစွာနဲ့
ဆုတောင်းပေးလိုက်ပါတယ် ။
**ဗမာ့သွေး**
**မိုးသည်းထန်နေတဲ့ ထိုတည
အညိုးကြီးစွာ ပစ်ချနေတဲ့ မိုးကြိုးပစ်သံတွေကြားမှာ
ငိုရှိုက်သံ သဲ့သဲ့လေး ကြားလိုက်ရတယ် ....
စူးစမ်းချင်တဲ့ စိတ်ကြောင့်
အဲဒီအနားကို အပြေးကပ်သွားတဲ့ အခါ
မိန်းမပျိုလေး တစ်ယောက်
ဘ၀ပြေးလမ်းမှာ ခြေခေါက်လဲလို့
HIV စွဲကပ်နေပြီတဲ့ ....။
**သူ့အဖေက စစ်သား စစ်မြေပြင် အသွားမှာ
ထိမှန်တဲ့ ဗုံးတစ်စကြောင့် ဒုက္ခိတ ဘ၀ရောက်
တိုင်းပြည်တာဝန် ထမ်းဆောင်လို့
သေရတာ မြတ်ပါတယ်လို့ ခံယူထားတဲ့ အဖေ
ဆေးပင်စင်သမားများ အိမ်ခန်းမှာ
မထားနိုင်တဲ့ ဆိုတဲ့ စာရွက်လေးကို ကိုင်ကာ
အခုတော့
ကြိတ်မနိုင်ခဲမရ နဲ့ ဒေါသပုန်ထနေပြီ ..။
**နှစ်(၂၀) တာဝန်ထမ်းခဲ့တဲ့
ဝန်ထမ်းတစ်ယောက်ရဲ့ အကျိုးအမြတ်က
ဒုက္ခိတဘ၀နဲ အဆုံးသတ်
ဘယ်နေရာကို ပြေးကပ်ရမလည်း ဆိုတာစဉ်းစား
လက်ထဲက ရွှေတမူးသားနဲ့ သူရဲကောင်း တံဆိပ်ကြီးကို
ငေးကာကြည့်ရင်း သူ့မျက်ဝန်းမှာ
မျက်ရည်တွေ စီးကျလာပြီလေ ……..။
**မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီကြောင့်
ရန်ကုန်ကိုရောက် လှိုင်သာယာ
လယ်ကွင်းထဲမှာ အိမ်ဆောက်
မဖြစ်စလောက်ငွေကြေးလေးနဲ့ ဓနိမိုးနဲ့ ထရံကာ
ကြမ်းခင်းလေးတောင် မလောက်ငခဲ့ဘူး…။
လေတိုက်ရင် ယိုင်နဲ့နေတဲ့
ထိုတဲလေးမှာ မိသားစုဘဝ
ပြန်လည် တည်ဆောက်ခဲ့ကြရတယ်..။
**သေနတ်ကိုင်တာက လွဲပြီး
အခြားအရာဆို ဘာမှ မသိတဲ့
စစ်သားကြီး ဒုက္ခိတ အဖေ
အရပ်တကာလည်ကာ အ၀တ်လျှော်ခဲ့တဲ့ အမေ
သူတို့ နှစ်ယောက်ပေါင်းလို့
ပေါက်ဖွားလာတာ သားသမီးက ခြောက်ယောက်
ထမင်းဆိုတာ မနပ်မှန်လို့
ဆန်ပြုတ်သောက်ခဲ့ရတဲ့ ရက်တွေက များလာခဲ့ပြီ ။
**အကြီးဆုံး ဖြစ်တဲ့ ကျမ တက္ကသိုလ်က
ဘွဲ့ရလို့ အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ အချိန်
စားဝတ်နေရေး အဆင်ပြေစေဖို့
မလည်မ၀ယ်နဲ့ အမေ ဈေးသည် လုပ်ခဲ့တယ် ။
**မညီမျှတဲ့ ၀င်ငွေကြောင့် မောင်နှမတွေ
စာသင်ကျောင်းကို ကျောခိုင်းစွန့်ခွာ
မောင်လေးက ဒုတ်တချောင်းနဲ့
အမှိုက်ပုံပေါင်းများစွာကို ထိုးဆွ
သူလိုချင်တဲ့ အရာကို ရှာဖွေတတ်ခဲ့တယ်..။
အငယ်နှစ်ယောက်က ပန်းကောက်
ထမင်းနပ်မှန်ဖို့ အားလုံးကြိုးစားကာ
ထောက်ပံ့ပေးထားခဲ့ကြတယ် ။
**အလကား မနေလိုတဲ့ ဆန္ဒနဲ့
ရန်ကုန်မြို့အနှံ့ လျှောက်သွားပြီး
အလုပ်တခု ရဖို့ အရေးကို
ကြိုးစားခဲ့ပါသေးတယ်………ဒါပေမယ့်
ဘာအမြီးမှာ မပါတဲ့ ကျမ အတွက်
အလုပ်တခုရဖို့ သိပ်ကို ခက်ခဲခဲ့ပါတယ်
ကားမစီးနိုင်လို့ လမ်းလျှောက်ခဲ့ရတာ
ခိုင်ပါတယ်ဆိုတဲ့ ကားတာယာ ဖိနပ်
အခုတော့ပါးလှပ်လှပ်လေးဘဲ ကျန်တော့တယ်
ငွေပိုမပါလို့ ရေငတ်တာတောင်
ဝယ်မသောက်နိုင်တဲ့ဘဝ
ရေအိုးစင်တွေ့တိုင်း သာဓုခေါ်မိတာ အမှန်ပါဘဲ ။
**ဆိုးဝါးတဲ့ ကံကြမ္မာ မုန်တိုင်းက
နှိပ်စက်တာ အားမရလို့
အခု အဖေ ဆေးရုံကို ရောက်နေခဲ့ပြီ ။
ငွေမပါရင် မကြည်ဖြူတဲ့ အသိုင်းတခုက
ကျမတို့ကို ငြူစူစွာ ဆက်ဆံပြခဲ့တယ် ။
စိတ်ညစ်လို့ လမ်းထွက်လျှောက်ရင်း
အဖေ့အတွက် စဉ်းစားကာ
မျက်ရည်ကျခဲ့ကြတာ အခါခါပါဘဲ..။
**ဒီလိုနဲ့ လူတစ်ယောက်က
ကျမနောက်ကို လိုက်လာရင်း
သူပြောလိုက်တဲ့ စကားကြောင့်
တကိုယ်လုံး ထူပူသွားပေမယ့်
သေချာစဉ်းစားဖို့ ခွန်အားမရှိခဲ့ဘူး
သူပေးတဲ့ ငွေကြောင့် အဖေ့ရောဂါ
မပျောက်ခဲ့ရင်တောင်……..
ခက်ခဲနေတဲ့ လက်ငင်းပြဿနာကို
ဖြေရှင်းနိုင်တာ အမှန်ဖြစ်လို့
ကျမငြင်းဆန်နိုင်ခြင်း မရှိခဲ့ပါဘူး ။
**လောကဓံရဲ့ ရိုက်ပုတ်ချက်ကြောင့်
ကျမဘ၀ လမ်းဘေးမှာ အပျိုရည်ပျက်ခဲ့ရတယ် ။
အဲဒီက ရတဲ့ ငွေလေးနဲ့
အဖေ့အတွက် ဆေးပြေးဝယ်
တာဝန်ကျ ဆရာဝန်ကို မျက်နှာချိုသွေးလို့
ဆေးကုပေးဖို့ တောင်းပန်ခဲ့ရတယ် ။
**ကံဇတ်ဆရာရယ် ကစားတာရပ်ပါတော့လို့
အခါခါတောင်းပန်ခဲ့ပေမယ့်
ဒုက္ခိတ အဖေကို ရောဂါပေါင်းစုံက နှိပ်စက်လို့
ကျမရဲ့ ဘ၀ ထပ်မံ နစ်မွန်းခဲ့ရတယ်. ။
**ပညာရှင် ဖြစ်စေလိုတဲ့ အဖေဆန္ဒ
ပြည့်မြောက်လို့ ချီးမြှောက်တဲ့
ဘွဲ့တံဆိပ် စာရွက်လေးကို
ရင်ခွင်ပိုက်ထားကာ ကြည်နူးနေတဲ့
ကျမအဖေ……………ကို
သူ့သမီးမိုက် ကလပ်ကို ရောက်တာ မသိပါစေနဲ့…။
**ချမ်းသာသူတို့ စည်းစိမ်ခံဖို့ အရေး
ကျမရဲ့ ဘ၀လေးကို ပေးဆပ်နေတာကို
ရသတဏှာကြောင့် သူတို့မှာ ချိုမြနေပေမယ့်
ငွေကြေးအတွက် ဝေဒနာကို ပြေးဖက်နေရတဲ့
ကျမတို့ဘ၀ကို တချက်လောက်တော့
ကိုယ်ချင်းစာ ကြည့်စေချင်တယ်.. .။
**ဒီလိုနဲ့ ကျမ အသွေးအသားဈေးသည်ဘ၀ကို
ခြေချကာလို့ ကျင်လည်ရာက
ကုမရတဲ့ဝေဒနာ စွဲကပ်လာခဲ့ရတယ် ။
အားလုံးကို အနှစ်ချုပ်လို့ ပြန်စဉ်းစားတိုင်း
အသုံးမကျတဲ့ အုပ်ချုပ်မှု
ပုံစံ စနစ်ကြောင့် ကျမတို့ မျိုးဆက်သစ်တွေ
ရေတိမ်နစ်ခဲ့ရပြီလေ……..။
**အချိန်တန်လို့ လူသားဘဝ
သေကြရမှာ အမှန်ဖြစ်ပေမယ့်
ဒီလိုဘ၀ကြီးနဲ့ အဆုံးသတ်ရတာ
ဘယ့်သူမှာ အပြစ်ရှိလည်း သေချာစွာ
စဉ်းစားပေးပါလို့ နောက်ဆုံးဆန္ဒ
အနေနဲ့ တင်ပြပေးပါ အစ်ကိုရယ်……….တဲ့…..။
**မင်းပြောသမျှကို စာပန်းချီချယ်
မင်းခံစားချက် အစစ်ကို ထုတ်ပြလို့
ရင်နာစရာ ကဗျာတပုဒ် အဖြစ်
ငါတင်ပြရင်း ….
အို…….မိန်းကလေးရယ်………
နောင်တချိန်လူသားဘဝ
မင်းပြန်ရခဲ့ရင် ……..အခုလို အဖြစ်အပျက်
မကြုံတွေ့ပါစေနဲ့လို့
ဝမ်းနည်းဂရုဏာကြောင့် မျက်ရည်တွေစိုရွှဲစွာနဲ့
ဆုတောင်းပေးလိုက်ပါတယ် ။
**ဗမာ့သွေး**


No comments:
Post a Comment