ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 26, 2011

ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပွဲစဉ်သုံးသပ်ချက်

>
**ရှော်ကေး-မန်ယူ၊ ရီးယဲလ်-ဘာစီလိုနာတို့ ယှဉ်ပြိုင်ကြမည့်ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်များ**
ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်များအဖြစ် ၀၄-ရှော်ကေးနှင့် မန်ယူ-ရီယဲလ်မက်ဒရစ်နှင့်ဘာစီလိုနာတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ခြင်းကြောင့် အိမ်ရှင်အသင်းများ အလေးသာနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ကြရတော့မည်ဖြစ်သည်။

**(၂၇-၄-၂၀၁၁၊ဗုဒ္စဟူးနေ့၊နံနက် ၁၊၁၅နာရီ ၀၄ရှော်ကေး-မန်ယူ)**

ဂျာမန်မြေ အရီနာကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ၀၄-ရှော်ကေးနှင့် မန်ယူတို့ပွဲမှာပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲကောင်းတစ်ကောင်းဖြစ်လာဦးမည်။ ၀၄-ရှော်ကေးအနေဖြင့်ဂျာမန်ဘွန်ဒက်စ်လီဂါတွင် ရုန်းကန်နေသော်လည်း ချန်ပီယံလိဂ်တွင်ရလဒ်များကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့သည်။ မန်ယူကမှု ပရီမီယာလိဂ်တွင် ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ ပရီးမီးယာလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရယူရန် ကြိုပမ်းနေသည့် မန်ယူသည် အခက်အခဲဆုံးပွဲကျပ်ကာလ ကိုကြုံနေသည်။ရှော်ကေးတွင် ကမ္ဘာကျော်ကစာသမား မရှိသော်လည်း နျူယာ၊ မက်ဇဲလ်ဒါး၊ အူချီဒါ၊ မာတစ်၊ ဂျူရာဒို၊ ဖာဖန်၊ အဒူးနှင့် ရာအူးလ်တို့အားဖြင့် ပြိုင်ဘက်အသင်းများကို အကောင်းဆုံး ယှဉ်ပြိုင်ကျော်ဖြတ်ခဲ့သည်။ ၀၄-ရှော်ကေးအသင်းသည် ယခုနှစ် ချန်ပီယံလိဂ်တွင် အိမ်ကွင်းခြောက်ပွဲကစားခဲ့ရာ ခြောက်ပွဲလုံးအနိုင်ရခဲ့ပြီး ၁၃ ဂိုးအထိ ဂိုးသွင်းယူနိုင်ခဲ့သည်။ အဝေးကွင်း သွားရောက်ကစားရမည့် မန်ယူအသင်းတွင်မူ ဗန်ဒါဆား၊ အီဗရာ၊ဗီဒစ်၊ ဖာဒီနန်၊ဗလင်စီယာ၊နာနီ၊၀ိန်းရွန်နေး၊ ဟာနန်ဒက်ဇ် စသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်လာဖွယ်ရှိနေသည်။မန်ယူအသင်း၏ အဝေးကွင်းခြေစွမ်းမှာ အကောင်းကြီးမဟုတ်သော်လည်းနောက်တန်းနှင့် ဂိုးသမားတို့၏ စွမ်းဆောင်ရည်ကြောင့် ရှုံးပွဲအရှိသေးပေ။ ရှော်ကေးရော မန်ယူပါ နောက်တန်း တောင့်တင်းမှုရှိကြသော်လည်း ဂိုးသွင်းစွမ်းရည်ပိုင်းတွင် ၀၄-ရှော်ကေးက အနည်းငယ် အားသာသည်ဟု ဆိုရမည်ဖြစ်သည်။သို့အတွက်ကြောင့် တန်ပြန်တိုက်စစ်ကစားရာတွင် ထိရောက်လျင်မြန်လှသည့် ၀၄-ရှော်ကေးကို မန်ယူအနေဖြင့် ဂိုးမပေးရအောင် ထိန်းချုပ်နိုင်မည်လားဆိုသည်မှာရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းနေသည်။

**(၂၈-၄-၂၀၁၁၊ကြာသပတေးနေ့၊ နံနက် ၁း၁၅ နာရီ ရီးယဲလ်မက်ဒရစ်-ဘာစီိလိုနာ)**

ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာဆိုသည်မှာ စပိန်ထိပ်တန်းအသင်းကြီးများဖြစ်ကြသလို မဟာပြိုင်ဘက်များလည်းဖြစ်ကြသလို ဤနှစ်သင်းယခုအဆင့်တွင်ဆုံတွေ့ခြင်းမှာ ဗိုလ်လုပွဲတစ်မျှကြည့်ကောင်းမည့် အနေအထားတွင် ရှိနေသည်။

ရီးယဲလ့်မက်ဒရစ်တွင် ကာကာ၊စီရော်နယ်ဒို၊ အဒီဘာယော၊ မာဆယ်လို၊ အလွန်ဆို၊ ဒီမာရီယာတို့ဖြင့် လူစုံနေသကဲ့သို့ ဘာစီလိုနာတွင်လည်း မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ မာရှေယာနိုတို့ဖြင့်လူစုံပွဲထွက်လာမည်ဖြစ်သည်။ ကစားသမားအင်အားချင်း ကွာဟမှု ကျဉ်းမြောင်းသလို မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ စွမ်းဆောင်ရည်များကလည်းအားလုံး ချီးကျုးလေးစားစရာပင်။ ရီးယဲလ်မက်ဒရစ် အိမ်ကွင်းရလဒ်ကောင်းသော်လည်း ဘာနေဗျူးတွင် ဘာစီလိုနာနှင့် နောက်ဆုံးသုံးကြိမ်ဆုံတွေ့မှုတွင် ရီးယဲလ်မက်ဒရစ်အနေဖြင့်တစ်ကြိမ်မျှ အနိုင်မရခဲ့ပေ။ သို့သော်ဘာစီလိုနာအသင်း၏ ချန်ပီယံလိဂ်အဝေးကွင်းခြေစွမ်းမှာ အကောင်းကြီးမဟုတ်၍ ခက်ခဲ့သည့်ပြိုင်ဘက်ကောင်းကို မည်သို့ရင်ဆိုင်ယှဉ်ပြိုင်ရမည်ကို ကောင်းစွာနားလည်သဘောပေါက်သည့်မော်ရင်ဟို၏ ဗျူဟာကို အရဲစွန့်ယုံကြည်မည်ဆိုလျှင်ပရိသတ်နှင့်ထပ်တူကျလိမ့်မည်ဟုယူဆပါသည်။

**စုစည်းတင်ပြသူ-ဟန်သစ်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)