ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 11, 2011

ဧပြီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

>
(Iran students unveil solar-powered car)

** နေစွမ်းအင်သုံးမော်တော်ယာဉ် အီရန်ကျောင်းသားများထုတ်လုပ် **
(တီဟီရန်၊ ဧပြီလ ၉ ရက်)
အီရန်တက္ကသိုလ်ကျောင်းသားများကနေစွမ်းအင်သုံးမော်တော်ယာဉ်တစ်စီးကို ဧပြီလ ၇ ရက်နေ့တွင် ထုတ်လုပ်နိုင်ခဲ့ကြောင်း ပရက်တီဗွီသတင်းဌာနက ဧပြီလ ၈ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ အီရန်နိုင်ငံ ကာဇက်ဘင်တက္ကသိုလ်၏ သုတေသနဌာနမှ ကျောင်းသားများ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒီဇိုင်းကိုလည်း ကိုယ်တိုင်ရေးဆွဲခဲ့ကြသည်။ ၄င်းနေစွမ်းအင်သုံးမော်တော်ယာဉ်ကို ဟာဗင်ဟု အမည်ပေးထားသည်။ (အင်တာနက်)

(TOKYO - Toyota Motor Corp. said Friday it will resume car production at all its plants in Japan at half capacity from April 18 to 27.)

** ဂျပန်ထိပ်တန်းမော်တော်ကားကုမ္ပဏီ ငလျင်ကြောင့်ရပ်ဆိုင်းထားရာမှ ပြန်လည်ထုတ်လုပ်မည် **
(တိုကျို၊ ဧပြီလ ၉ ရက်)
ဂျပန်နိုင်ငံ၏ ထိပ်တန်းမော်တော်ကား ကုမ္ပဏီကြီးတစ်ခုဖြစ်သော တိုယိုတာကုမ္ပဏီက ငလျင်ကြောင့် မော်တော်ကားထုတ်လုပ်မှုများ ရပ်ဆိုင်းထားရာမှ ၄င်း၏ ဂျပန်နိုင်ငံရှိ မော်တော်ကားစက်ရုံများအားလုံး ဧပြီလ ၁၈ ရက်နေ့နှင့် ၂၇ ရက်နေ့အကြားတွင် ထုတ်လုပ်မှုများ ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ (အင်တာနက်)

** အစ္စရေးအလယ်ပိုင်း၌ ရထားနှစ်စင်းတိုက်မိ၊ ခရီးသည် ၁၅ ဦးဒဏ်ရာရရှိ **
(ဂျေရုဆလင်၊ ဧပြီလ ၉ ရက်)
အစ္စရေးနိုင်ငံအလယ်ပိုင်း နေတန်ယာမြို့အနီးတွင် ဧပြီလ ၈ ရက်နေ့ နံနက်က ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ခရီးသည် ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဧပြီလ ၉ ရက်နေ့တွင် ဖော်ပြသည်။ ရထားနှစ်စင်းတိုက်မှု မည်သို့ဖြစ်ပွားသည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းသွားရောက်ပြီး ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ (အင်တာနက်)

** ဂျာမနီတောင်ပိုင်း၌ သဲမုန်တိုင်းတိုက်ခတ် ၊ယာဉ်အစီး ၄၀ ကျော် ဆင့်ကဲတိုက်မှုဖြစ်ပွား **
(ဘာလင်၊ ဧပြီလ ၉ ရက်)
ဂျာမနီနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ရိုစတော့စ်မြို့တွင် ဧပြီလ ၉ ရက်နေ့က သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် မော်တော်ယာဉ်အစီး ၄၀ ကျော် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၁၀ ဦးသေဆုံးပြီး ၉၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဂျာမနီအရာရှိများက ပြောကြားသည်။ (အင်တာနက်)

** အိုမန်တောင်ပိုင်းကမ်းလွန်၌ ကုန်သင်္ဘောအပိုင်စီးခံရ **
(နိုင်ရိုဘီ၊ ဧပြီလ ၉ ရက်)
အိုမန်နိုင်ငံတောင်ပိုင်းကမ်းလွန် ၃၅ မိုင်ခန့်အကွာ၌ ဧပြီလ ၈ ရက်နေ့က ကုန်သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြများကအပိုင်စီးသွားကြောင်း ပင်လယ်ဓားပြနှိမ်နင်းရေးတပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)

** အီရန်၌ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲ ၊ဓာတ်ငွေ့ဖြန့်ဖြူးမှုများ ရပ်ဆိုင်း **
(တီဟီရန်၊ ဧပြီလ ၉ ရက်)
အီရန်နိုင်ငံ အလယ်ပိုင်းတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုသုံးကြိမ်ဖြစ်ပွားခဲ့ရာ ဓာတ်ငွေ့ဖြန့်ဖြူးမှုများ ပြတ်တောက်ခဲ့ရကြောင်း အီရန်အရာရှိများက ဧပြီလ ၉ ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)