ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 10, 2011

လူထုကျန်းမာရေး (ကိုယ်ဝန်ဆောင်ချိန် ဝမ်းမချုပ်စေရန်)

>
**Public Health**

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာဟာ ကိုယ်ဝန်ဆောင် ပထမ သုံးလမှာ ပိုပြီးဖြစ်ပြီး ကိုယ်ဝန်ဆောင်သည် အမျိုးသမီး အများစုဟာ ဝမ်းချုပ်တဲ့ ဝေဒနာကို ခံစားကြရ တတ်ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ သန္ဓေသားဟာ သားဥအိမ်လေးထဲမှာ တည်မြဲနေစေဖို့ အတွက် သားအိမ်တစ်ဝိုက်နေရာက တချို့လုပ်ဆောင်ချက် တွေဟာ နှေးကွေးသွားတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုဂျက်စထရုန်း ဟော်မုန်း ထုတ်လုပ်မှု များလာပြီး အဲ့ဒီဟော်မုန်းဟာ အူတွင်းက ကြွက်သားတွေကို ပျော့ပျောင်းစေပြီး၊ အစာခြေစနစ်နဲ့ အစာစွန့်ပစ်ချိန် ဖြစ်စဉ်တွေက တဖြည်းဖြည်း နှေးလာတာကြောင့် ဝမ်းချုပ်လာတာ ဖြစ်ပါတယ်။ တခြား အကြောင်းအရာတွေ အနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ဖိစီးမှု များတာမျိုး၊ အိပ်စက်ချိန် ပုံမှန်မရှိတာမျိုး၊ ကိုယ်ဝန်ဆောင် အားဆေးတွေထဲက သံဓာတ်ပါဝင်တဲ့ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် ဝမ်းချုပ်တာမျိုး၊ တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့ သင်ရဲ့သားအိမ်ဟာ အစာအိမ်နဲ့ အူတွေကို ဖိမိတာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်တာ ကြာလာရင် လိပ်ခေါင်းဖြစ်နိုင်တာကြောင့် ဝမ်းမချုပ်စေဖို့ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ အစားအစာ အာဟာရကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ကင်းဝေးစေဖို့ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့ အစားအစာတွေကို ရွေးပြီးစားပါ။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ အခွံမာသီးတွေ၊ ကောက်နှံတွေ၊ ဂျုံနဲ့ ဆီးသီးတွေ၊ သစ်သီး ဖျော်ရည်တွေထဲမှာ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် ဝမ်းကို ပျော့စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျှင်ဓာတ် တစ်နေ့ကို ၂၀ မှ ၃၀ ဂရမ်အထိ စားသုံးပေးသင့်ပါတယ်။ အမျှင်ဓာတ် အစားလွန်ကဲတာမျိုး ဥပမာ-၅၀ ဂရမ်လောက်ထိ စားလိုက်မိရင်တော့ ခံတွင်းပျက်တာ၊ တခြား အာဟာရဓာတ်တွေ သင့်ခန္ဓာကိုယ်က မစုပ်ယူနိုင်တာ၊ မအီမသာဖြစ်တာနဲ့ ဝမ်းလျှောတာတွေအထိ ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ပမာဏလောက်သာ သောက်သုံးပေးသင့်ပါတယ်။
အမျှင်ဓာတ် ရရှိစေဖို့ နေ့စဉ် အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက် များများပါတာ၊ ပဲနီလေးနဲ့ ပဲအမျိုးမျိုး၊ အရောင်ချွတ်မထားတဲ့ ဆန်နဲ့ ဂျုံ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ငါး၊ ကြက်သား ဆန်ပြုတ်၊ စွပ်ပြုတ်၊ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ခေါက်ဆွဲ၊ ဘာလီ၊ ပဲတောင့်၊ အာလူး စတာတွေကို မနက်စာနဲ့ ညစာတွေမှာ ပါဝင်အောင် စားပေးပါ။ အရေးကြီးတာ နောက်တစ်ခုက ရေသောက်ဖို့ပါ။ သစ်သီးဖျော်ရည်တွေနဲ့ ရေကို တစ်နေ့ ခုနစ် ဒါမှမဟုတ် ရှစ် ဖန်ခွက်လောက် သောက်ပေးပါ။ ရေသောက်တာဟာ အမျှင်ဓာတ်ရဲ့ လုပ်ဆောင်ချက်တွေကိုပါ အထောက်အကူ ပြုတာကြောင့်ပါ။
သရေစာအနေနဲ့ သစ်သီးတွေ၊ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ဆီးသီး၊ သစ်သီးဖျော်ရည်၊ နို့၊ ပဲနို့၊ ဘာလီရည်၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ် (ဒိန်ခဲ)၊ အခွံမာသီး အမျိုးမျိုး (ဆားမပါ)၊ သစ်သီးခြောက်များ (လက်တစ်ဆုပ်စာ)၊ ကန်စွန်းဥ စတာတွေကို စားပေးနိုင်ပါတယ်။ အသင့် အစားအစာတွေ ဝယ်မယ်ဆိုရင် အမျှင်ဓာတ် ပါဝင်တဲ့ ပမာဏကို အမြဲဖတ်ပြီးမှ ဝယ်ယူပါ။ ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း ပြုလုပ်ပြီး လှုပ်ရှား တက်ကြွစွာ နေထိုင်တာဟာလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ ပြုလုပ်တဲ့ လေ့ကျင့်ခန်း လုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး၊ ရေကူးတာမျိုးတွေကို တစ်နေ့ကို မိနစ် ၂၀-၃၀ လောက် ပြုလုပ်ပေးသင့်ပါတယ်။

**သဲသဲ ၊မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)