One dead, 61 hurt in 127-car pile-up
Nine injured motorists critical; More than a dozen vehicles gutted
(အဘူဒါဘီ၊ ဧပြီလ ၃ ရက်)
ယူအေအီးနိုင်ငံတွင် ဧပြီလ ၂ ရက်နေ့က မြူနှင်းများ ထူထပ်စွာကျဆင်းခဲ့သဖြင့် မော်တော်ယာဉ်အများအပြား အစုအပြုံလိုက်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ဖြစ်စဉ်မှာ ဒူဘိုင်းနှင့် အဘူဒါဘီမြို့အကြား အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် ၁၂၇ စီးအစုအပြုံလိုက် တိုက်မှုဖြစ်ပွားခဲ့သည့်အပြင် မီးလောင်မှုများလည်း ဖြစ်ပွားခဲ့သည်။ ယင်းယာဉ်တိုက်မှုတွင် ဘတ်စ်ကားများနှင့် ကားမျိုးစုံပါဝင်ပြီး ၄င်းယာဉ်တိုက်မှု ယာဉ်တန်းကြီးမှာ ကိုက် ၅၀၀ ကျော်ရှည်ကြောင်း အဘူဒါဘီရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

၎င်းအဝေးပြေးလမ်းမကြီးသည် ယူအေအီးနိုင်ငံ၏ မြို့ကြီးနှစ်မြို့ဖြစ်သည့် ဒူဘိုင်းနှင့် အဘူဒါဘီမြို့အကြားယာဉ်သွားလာမှုထုပြောရာ လမ်းမကြီးဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် နာရီအတန်ကြာ လမ်းပိတ်ထားရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment